Unicode [အပိုင်း-၂၄]
ဒေါက် ဒေါက် ဒေါက်
သော်တာ ဧည့်ခန်းကနေအပြေးထပြီး တံခါးဖွင့်ပေးတော့ သက်နှင်းကိုမြင်လိုက်ရတော့မှ အေးသွားသည်။အပြင်မှာလည်း အအေးဓါတ်မှာစိမ့်နေပြီ။သက်နှင်းကတော့ ဂေါင်ဝန်အနီလေးကိုမှ ဆွယ်တာအဖြူလေးထပ်ထားသည်။
"အသက်ရေ ငါစိတ်ပူနေရတာ ညည့်နက်နေပြီ"
"အမလေးအဲ့လောက်လည်းမဟုတ်သေးပါဘူး"
"မအေးဘူးလား ဂေါင်ဝန်ကလည်းပါးပါးလေးဆွယ်တာလေးနဲ့ဟမ် လာအခန်းထဲလိုက်ခဲ့"
"နေပါဦး ငါအထုပ်လေးတွေနောက်ဖေးသွားထားဦးမယ်"
"ဘာတွေလည်း"
"သော်တာနင်မေ့နေတာလား ခရစ်စတ်ကသဘက်ခါလေ ငါနည်းနည်းပါးပါးချက်ကျွေးမလို့ ပြီးတော့ နယူးရီးယား ရှိသေးတယ်"
"နင်ကဘယ်လိုလုပ်မှာ"
"အဖေပြန်လာတော့မှာမနက်ဖြန်ဆိုရင် အဖေတို့ Anni နေ့လေ အမလေးငါကဖယ်ပေးရဦးမယ် ငါနင်နဲ့လာနေမလို့ သူတို့ကလည်း ခရီးထွက်မလို့တဲ့ငါ့ခေါ်ပါတယ် ငါက သိတယ်မလားလူတွေရှုပ်လို့ပိတ်ရက်တွေကဆက်နေတော့ မလိုက်ဘူးသော်တာနဲ့ပဲနေမှာလို့ပြောလိုက်တယ် ငါမနက်ဖြန်ကနေလာနေမှာ"
"အတော်ပဲ ခင်ယွန်းကလည်းဒီတစ်ညပဲတဲ့"
"ဟုတ်လား တိုက်ဆိုင်မှုကြီးပေါ့"
"အခုတော့လိုက်ခဲ့ဦး ငါ့အနွေးထည်လိုက်ဝတ်"
"အေးပါဟ"
လက်ထဲမှအထုပ်တွေကိုချလိုက်ပြီး သော်တာအခန်းထဲလိုက်သွားတော့ သူက ဟူဒီတစ်ထည်ထုတ်ပေးသည်။ဟူဒီကအရမ်းကြီးလို့ သက်နှင်းတောင်နစ်ဝင်သွားတော့မည်။
"လှတယ်"
ပြုံးပြီးသက်နှင်းကိုပြောတော့ သက်နှင်းရယ်လိုက်သည်။အခန်းထဲနေပြန်ထွက်လာပြီးအောက်ထပ်ဆင်းတော့ ဒုတိယအထပ်မှာ ခင်ယွန်းနှင့်တွေ့လေသည်။
"သော်တာ အော်..နင့်သူငယ်ချင်းလား နေပါဦး ဟို ဟို T မလား"