(၁၇)

362 14 0
                                    

Unicode [အပိုင်း - ၁၇]

"​ဖြေနိုင်လား"

"အင်း မရတရ"

"​ပြီးပြီကွ စာ​မေးပွဲ.."

​သော်တာ ထခုန်​တော့သက်နှင်းမှာ ပြုံးရယ်​လေသည်။

"နင် ​ကျောင်းပိတ်ရက်ဘာလုပ်မှာလည်း ငါတို့က ခရစ်စမတ်​ရော နှစ်သစ်ကူးရောပိတ်​တော့ ၁၀ရက်​တောင်ဖြစ်သွားမှာ"

"အင်းငါ​ဖေ​ဖေ့အိမ် သွားမလားလို့"

"​ကောင်းတာပဲ"

​ကျောင်းစင်္ကြန်လမ်းတစ်​လျှောက်​ကျောင်းသူများပြည့်လျက်..ထိုကြားထဲမှ

"မင်း​ရော.."

"ငါက​တော့ အိမ်မှာပဲ​နေမှာ.."

"​ကောင်းတာပါပဲ"

"ငါသွား​တော့မယ်​နော်"

"အင်း တာ့တာ"

အိမ်ပြန်ခါနီးနှုတ်ဆက်ချိန်​ရောက်ခဲ့ပြီ ၁၀ရက်​တောင်ခွဲရမည်လား။မှိုင်းညိုညို​တိိမ်ဆိုငင်တွေ​​အောက်မှ လွမ်းလွမ်း​ဆွေး​ဆွေး​လေးနှင့်လူတစ်​ယောက်။

ပိတ်ရက်​တွေမှာ ဒီနှစ်မှ​တော်​တော်ကြာ​နေသလိုပင် အခုမှ ၁ရက်ပဲရှိ​သေးသည်၊မြန်မြန်ပြီး​ပါ​တော့ဟုတစ်ခါတစ်​လေလည်းဆု​တောင်းမိသည်။အခု​တော့ အ​​ဖေ့အိမ်ကိုသွားဖို့ အဝတ်​တွေထည့်ရမည်၊အ​ဖေ့ကို​တော့ ဖုန်းမဆက်ရ​သေး ၂ရက်​လောက်ပဲ​နေမှာမို့လို့ ​​ရောက်မှ​ပြောမည်ဟုဆုံးဖြတ်ထားသည်။အ​ဖေနဲ့မ​တွေ့ရတာ​တောင် ၆လ​လောက်ရှိ​နေပြီဖြစ်သည်။အ​ဖေ့အိမ်သည် ပုဂံတွင်ဖြစ်သည်။ဆိုင်ကယ်နှင့်သာသွားဖို့စဥ်းစားလိုက်သည်၊ကိုနိုင်ကိုလည်းဆီ​သေချာသွားဖြည့်ခိုင်းထားပြီးလိုတာ​တွေကိုစစ်ခိုင်းထားသည်။

"ကိုနိုင် ညီမ မရှိတုန်းအိမ်ကို​သေချာ​လေး​စောင့်​ပေးပါ​နော်"

"စိတ်ချပါ ကျွန်​တော်​သေချာ​စောင့်ထားပါ့မယ် မမ​လေးသာဂရုစိုက်သွားပါ"

_____

တိန်း​တောင်..!

"အပြင်မှာဘယ်သူ​ရောက်​နေတာလည်း ကိုကြီးဧည့်သည်ရှိလား"

အသက်တည်ရာWhere stories live. Discover now