Unicode [အပိုင်း-၂၇]
"ဟယ်လို ခင်ယွန်းပြော"
"ဟဲ့ ဟဲ့ နာရီစင်နားမှာလေ ကားတိုက်ခံရတာ ကောင်မလေးက ဝဒီ ဝဒီဖြစ်နေတယ် သူခုဆေးရုံရောက်သွားပြီ ငါရှိနေတယ် ပြည်သူ့ဆေးရုံမှာ"
စကားတောင်မဆက်နိုင်တော့ပဲဖုန်းကိုချကာ အမြန်ဆေးရုံသို့လိုက်သွားလိုက်သည်။သူထင်ထားတာတွေဖြစ်လာပြီလား ဒီနေ့မှအိမ်ပြန်သွားတဲ့ သက်နှင်းလမ်းမှာဒီလိုဖြစ်တာ သူထင်ထားသလိုဖြစ်နေပြီလား။မဖြစ်နိုင်ပါဘူးလေ စိတ်ကိုလျော့သော်လည်း မရမည်။
သော်တာလမ်းမှာလည်းအရှိန်ပြင်းပြင်းမောင်းနှင်သွားသည် မသိလိုက်တဲ့အတွင်းမျက်ရည်တွေမှာလည်း အဆက်မပြတ်ကျနေပြီး လေနှင့်သာလွင့်စင်၍ပါသွားသည်။ပါကင်တွင်အမှန်ထိုးရပ်လိုက်ပြီး အပြေးသွားသည်၊ဟိုရောက်တော့ ခွဲခန်းရှေ့၌ခုံတွင်ခင်ယွန်းထိုင်နေသည်။
"သော်တာနင်လာပြီလား ဝဒီဆိုတော့ငါလည်း နင့်ကိုပဲသတိရလို့ဆက်လိုက်တာ သူ့အဖေနဲ့အမေလည်းငါမှမသိပဲ"
သူပြောမှသတိရသွားပြီး သက်နှင်း၏အမေဖြစ်သူကိုဖုန်းဆက်လိုက်သည်၊မိဘနှစ်ပါးသည်လည်း ခရီးတွင်သာရှိသေးတာမို့ သော်တာကိုသာအကူအညီတောင်းတဖွ ဖွတောင်းနေလိုက်သည်။သော်တာလည်း ဟုတ် ဟုတ်ကလွဲ၍ကျန်တာဘာပြောရမှန်းမသိအောင် စွံ့အနေသည်။ခဏနေတော့ ခွဲခန်းထဲမှ ဆရာဝန်ထွက်လာသည်။
"လူနာက ခေါင်းနည်းနည်းပဲထိသွားတာပါ အဲ့တာကြောင့် ဒီ၂ရက်လောက်တော့ နိုးလာသေးမှာမဟုတ်ပါဘူး အသက်အန္တရာယ်ကင်းပါတယ် အရိုးဆိုလို့ ညာဘက်လက်ပဲကျိုးသွားတာပါ သွေးထွက်တော့လွန်လို့ ခုနက တစ်ချက်အရေးပေါ်ဖြစ်သွားပေမယ့် အခုအဆင်ပြေသွားပါပြီ ဘာမှစိတ်ပူစရာမရှိတော့ပါဘူး သွေးတော့သွင်းထားရမယ် သွေးအားနည်းနေလို့ပါ ဒါပြီးရင်တော့ သတိရတဲ့အထိစောင့်ရုံပါပဲ ကျန်တာမလိုအပ်တော့ဘူး"
"ကျေးဇူးတင်ပါတယ် ဆရာ အရမ်းကျေးဇူးတင်ပါတယ်"
"မလိုပါဘူး လူနာက လျင်လို့ပါ ခေါင်းကိုကာကွယ်ဖို့ ညာဘက်လက်နဲ့ထောက်လိုက်ပုံရတယ်အဲ့တာကြောင့်ပါ"