Unicode [အပိုင်း-၂၃ ]
"ဟယ်လို သော်တာပြော"
"အခုဘာလုပ်နေတာလည်း"
"နင်ကပြန်သွားတော့ ငါပန်းကန်ဆေးနေရတာပေါ့"
"မဟုတ်ဘူး ငါလေခင်ယွန်းကို အိမ်မှာပဲတည်းခိုင်းမလို့"
"ဟမ်"
"လှမ်းပြောပြတာ အိမ်မှာဘယ်သူမှမရှိမှန်း ငါလည်းမသိဘူး ခင်ယွန်းလည်းသက်သက်ပိုက်ဆံမကုန်တော့ဘူးပေါ့"
"နင့်သဘောလေ ငါ့အိမ်မှမဟုတ်ပဲ"
"ပြောပြတာပါ အသက်ရဲ့"
"ဟုတ်ပါပြီ ဒါဘဲနော် ပန်းကန်ဆေးနေလို့ ညမှလိုင်းတက်လာမယ်"
ရယ်သံပါနှင့်သက်နှင်းပြောလိုက်သည်၊သူ့ကိုအရာရာလိုက်တင်ပြနေတာ သော်တာ့ကိုကလေးတစ်ယောက်လို့သာသက်နှင်းမြင်မိသည်။
"တာ့တာ"
သက်နှင်းကိုပြောပြီးပြီဆိုတော့ ခင်ယွန်းကိုဖုန်းဆက်ရန်ပဲရှိတော့လေမည်။
"ဟယ်လို ခင်ယွန်း"
"အေးပြော"
"နင်ဘယ်နားမှာလည်း"
"ငါလား ထမင်းပါစားမလို့ ဆိုင်လိုက်ရှာနေတာ ပြင်ဦးလွင်တော့ရောက်ပြီ"
"နင် ဟိုတယ်က booking လုပ်ပြီးသွားရောလား"
"မလုပ်ကသေးဘူး ဘာလို့လည်းလူများလို့လား အေးဟငါမေ့နေတာ ပိတ်ရက်ဆိုတော့လူများမှာပဲ"
"မလုပ်ကသေးရင် ငါ့အိမ်လာခဲ့"
"တကယ်လား တင်ကျွေးမယ်ပေါ့"
"အေးကျွေးရမှာပေါ့ ဒီသူငယ်ချင်းလေးပဲရှိတာ"
"နေပါဦး ဘယ်လိုလာရမှာလည်း"
"ငါလာခေါ်မယ် နင်အခုဘယ်မှာလည်း"
"ငါလား အခုတော့ မြို့ထဲမှာနာရီစင်နားရောက်နေပြီ"
"စောင့်နေငါလာခဲ့မယ်"
"အိုကေ"
ဖုန်းချပြီး အိမ်တံခါးတွေကိုသေချာပိတ်ကာ မီးတွေပါပိတ်လိုက်၏။လူမရှိပဲမီးတွေဖွင့်ထားပြီးအရူးလိုပဲ စိတ်ညစ်ဖို့တကယ်ကောင်းသည်ဟု သော်တာမြင်သည်။သော်တာလည်း ခရီးပန်းတာနှင့်တော်တော်တောင်နှုံးနေရှာပြီ။သို့သော်လည်းဧည့်ဝတ်တော့ကျေရမည်မလား။တစ်ခါတည်း ထမင်းပါဝင်ကျွေးလိုက်သည်။