" ဘာ! အခုဘာပြောလိုက်တယ် "
သားဖြစ်သူဆီမှထွက်လာတဲ့စကားကြောင့် အံ့အားတစ်သင့်ဖြင့် ပြန်မေးယူရတဲ့အသံမှာ ကျယ်လောင်သွားတဲ့အထိ တုန့်ပြန်မိတဲ့ Mrs.Sim ၊ တစ်နည်းအားဖြင့် ဂျောင်ဝန်း နဲ့ ဂျယ်ယွန်းတို့ရဲ့အမေ ။
" ကျွန်တော် .. ဆောင်းဟွန်းဟျောင်းနဲ့ စေ့စပ်ထားတာကို ဖျက်ချင်ပါတယ် "
" ဂျောင်ဝန်း ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား "
အမေဖြစ်သူရဲ့အမေးကို ဂျောင်ဝန်းခပ်ဖွဖွသာရယ်လိုက်မိတယ်။ အမေကတော့ သူ့ရဲ့အခုလိုပုံစံကို နားမလည်စွာနဲ့ကြည့်နေသလို သူပြောနေတဲ့စကားတွေကိုလည်း မယုံသလိုပဲ။
" အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောပြီး မနက်စာစားဝိုင်းကိုဖျက်ဆီးမနေနဲ့ ရှင်းမ်ဂျောင်ဝန်း "
အဖေဖြစ်သူရဲ့ သတိပေးစကားသံကြောင့် အားလုံးကတိတ်ဆိတ်သွားတယ်။ ဒါပေမယ့် ဂျောင်ဝန်းကတော့ ဘာမှဂရုမစိုက်ပါဘူး။ သူပြောချင်တာပြောရဖို့က အရေးကြီးဆုံးပဲ။
" ကျွန်တော် တကယ်ပြောနေတာပါ။ ဆောင်းဟွန်းဟျောင်းနဲ့လက်မထပ်တော့ဘူး စေ့စပ်ပွဲကိုလည်းဖျက်ပေးပါ "
" ရှင်းမ်ဂျောင်ဝန်း ! "
အဖေ့ရဲ့ခပ်စိပ်စိပ်အသံသည် အာဏာအပြည့်ဖြင့် ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဒေါသသံဖြစ်သည်။ မျက်နှာချင်းဆိုင်က အမေကလည်း ဂျောင်ဝန်းကိုမျက်ရိပ်မျက်ကဲဖြင့် တော်တော့ လို့ ပြောနေသလို ၊ ဘေးက အစ်ကိုဖြစ်သူကလည်း ဂျောင်ဝန်းလက်ကိုဆုပ်ကိုင်တာ တားနေခဲ့တယ်။
ဂျောင်ဝန်းက ဂျယ်ယွန်းဆီကလက်တွေကိုဖြုတ်ချတယ်။ ပြီးတော့ အဖေဖြစ်သူဆီကို အကြည့်ပြန်ပို့တယ်။
" ဖောက်ပြန်နေတဲ့လူနဲ့ ကျွန်တော်လက်မထပ်နိုင်ပါဘူး အဖေ "
" ဘာ "
" ဂျောင်ဝန်း ဒါကဘာကိစ္စလဲ "
အဖေနဲ့အမေ့ရဲ့အာမေဋိတ်အသံက ပြိုင်တူထွက်လာခဲ့ပေမယ့် ဂျယ်ယွန်းဟျောင်းဆီက ဘာအသံမှထွက်မလာ။ ဂျောင်ဝန်းက ဂျယ်ယွန်းဆီကိုအကြည့်တို့ပြန်ပို့လိုက်ပြီး ခပ်ပြုံးပြုံးလေးဖြင့် ဆိုတယ်။

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Hayran Kurgu• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_