ခန္ဓာကိုယ်တွေတစ်ခုလုံး အားအင်တွေပြည့်ဝနေသလိုမျိုး ခံစားချက်မျိုးနဲ့အတူ နိုးထလာခဲ့ပါသော သူ၏မနက်ခင်း။ မျက်လုံးတို့ဖွင့်လိုက်တာနဲ့ ကြည်လင်နေသော စိတ်အစုံတို့သည် သူ၏တစ်သက်တာအတွက် အထူးခြားဆုံးဖြစ်ရပ်တစ်မျိုးလိုပင်။
သူတို့ရှိနေတဲ့နေရာဆီကို မှန်ပြတင်းပေါက်ကနေ ထိုးဖောက်လာနေတဲ့ အလင်းရောင်မှာ သူ၏စိတ်အစုံတို့ကို အေးချမ်းမှုပေးတယ်။
ရင်ခွင်ထက်က အကောင်ပေါက်ငယ်ဟာ အိပ်မောကျလျက်ရှိနေပြီး အပြစ်ကင်းစင်နေသော မျက်နှာလေးမှာလည်း ဟီဆွန်းရဲ့မနက်ခင်းနိုးထလာချိန်မှာ စိတ်ကြည်ရခြင်းအကြောင်းအရင်းတစ်ခုဖြစ်သည်။ခေါင်းအုံးပေါ်ကို လက်တို့ထောက်လိုက်ကာ ခန္ဓာကိုယ်ကိုဘေးစောင်း၍ အိပ်မောကျနေသော ဂျောင်ဝန်းကို ဟီဆွန်းကတစိမ့်စိမ့်ကြည့်ခဲ့တယ်။
ဂျောင်ဝန်းရဲ့ ခပ်အုပ်အုပ်ဆံပင်တွေ ၊
ဆံပင်တွေကြောင့် ကွက်၍ပေါ်နေသော နဖူးပြင်လေး။
အိပ်ပျော်နေဆဲဖြစ်တာကြောင့် မှိတ်နေခဲ့တဲ့ မျက်လုံးဆီက မျက်တောင်ရှည်များမှာ သိပ်ကိုမှ လှရက်နေတော့တာပါပဲ။ထိုအရာတွေအကုန်လုံးက သူ့အပိုင်ဟု တံဆိပ်တပ်လိုက်မိလျှင် ဟီဆွန်းသူ့ကိုယ်သူ ကျေနပ်မိတယ်။ အိပ်ပျော်နေတဲ့ဂျောင်ဝန်းကို ကြည့်နေခဲ့တဲ့ ဟီဆွန်းရဲ့အကြည့်တွေမှာ ပိုင်ဆိုင်လိုစိတ်ကြီးမားနေကာ စွဲစွဲလမ်းလမ်းဖြစ်နေခဲ့သည်။
ဂျောင်ဝန်းရဲ့ပြီးပြည့်စုံနေတဲ့နှာတံလေးမှာလည်း သူ့နေရာနှင့်သူ။
သာမန်ထက်ပိုဖောင်းနေတဲ့ ပါးပြင်တွေမှာလည်း မိုချီလေးလိုမျိုး အိကျိအိကျိနှင့် ၊ ဟီဆွန်းမှာ အသည်းယားစရာနဲ့ပဲ အိပ်ပျော်နေတဲ့ဂျောင်ဝန်းရဲ့ပါးပြင်အနားကို တိုးကပ်သွားကာ ကိုက်ချမိတော့သည်။" hum ~~ "
စူးခနဲနာကျင်မှုကြောင့် အိပ်နေရာမှညည်းလာပါသော ဂျောင်ဝန်း။ သို့ပေမယ့်လည်း ဂျောင်ဝန်းမှာ ညကအိပ်ရေးပျက်ထားတဲ့ဒဏ်ကြောင့် အဝတ်လစ်ဟင်းနေတဲ့သူ့ခန္ဓာကိုယ်ပေါ်က စောင်ကိုသာပိုဆွဲလို့ ခြုံလိုက်ပြီးနောက် တစ်ဖန်အိပ်မောကျသွားခဲ့ပြန်ပါတယ်။

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfiction• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_