12

1K 92 16
                                    

ကုမ္မဏီအတွင်းသို့ ​ယောက်ယှက်ခက်သွား​သော ​ဆေးရုံကားများ ..

​အောက်ဆီဂျင်ဘူးတပ်ခံထားရတဲ့ ဟီဆွန်းမှာ သတိ​မေ့​မြော​နေလျက်ဆဲဖြစ်​နေပြီး ​ဂျောင်ဝန်းက​တော့ ပြာယာ​တွေခက်ကာ ​ဆေးရုံကားကို ​ဆေးရုံသို့အမြန်​ရောက်​​စေရန် ဆု​တောင်း​နေမိသည်။

စိတ်​ဖောက်ပြန်တတ်တဲ့လူတွေက သူတို့ရဲ့စိတ်​တွေကို လွတ်ထွက်ချင်တိုင်းထွက်ပြီးရင် အခုလိုမျိုး သတိလစ်တတ်တာမျိုးလားဆိုကာ ​ဖြစ်နိုင်​ချေရှိ​​​သော ​မေးခွန်း​ပေါင်းများစွာကိုလည်း ​​ဂျောင်ဝန်း​ဦး​နှောက်ထဲ ​အဖြေထုတ်လျက်။

​ဆေးရုံ​ရောက်တဲ့အခါ ဟီဆွန်းကိုအ​ရေး​ပေါ်အခန်းထဲ​ခေါ်သွားကြပြီးသည့်အခါ ခုနက​လေးတင်ဖုန်းဆက်ထားခဲ့တဲ့ ​ဆောနူက အ​ပြေး​ရောက်လာခဲ့သည်။

" ​ဂျောင်ဝန်း ဘယ်လို​တွေဖြစ်ကုန်တာလဲ "

" ငါလည်း မသိဘူး ။ ဟီဆွန်း ရှစ်ရဲ့ ရုံးခန်းထဲ​ရောက်တာနဲ့ သူကအဲ့လို​တွေဖြစ်​နေတာပဲ "

​ဆောနူက တစ်ခုခုလွဲမှား​နေသလိုခံစား​နေခဲ့ရသည်။ တစ်ခုခု​ကြောင့်သာမဟုတ်ရင် ဟီဆွန်း​ဟျောင်းက အခုလိုစိတ်ထ​ဖောက်စရာမှမရှိတာပဲ။

" ​ဂျောင်ဝန်း မင်းက​​ရော ဟီဆွန်း​ဟျောင်းဆီဘယ်လို​ရောက်လာတာလဲ မင်းသူ့ကိုတစ်ခုခု​ပြောလိုက်​သေးတာလား "

" ​ဟင့်အင်း အ​မေကငါ့ကို ဟီဆွန်း ရှစ်နဲ့သုံး​ယောက်သား ​ပြောစရာစကားရှိလို့ဆိုပြီး ဟီဆွန်း ရှစ်ရဲ့​ရုံးခန်းထဲကိုလာဆိုလို့ လာတာ ..
ပြီး​တော့ ဟီဆွန်းကို အခုလိုမျိုး​တွေ့တာပဲ "

" ဟမ် မင်းအ​မေကလား? အခုသူက​ရော ဘယ်မှာလဲ "

" မသိဘူး .. ငါ အခုထိမ​တွေ့​​သေးဘူး "

​ဆောနူ ဆက်စပ်မိသွားခဲ့ပြီဖြစ်သည်။
ကျိန်း​သေ​ပေါက် ဟွမ်မီ​ယောင်းက ဟီဆွန်း​ဟျောင်းကို တစ်ခုခု​ပြောလိုက်တယ်။ ပြီး​တော့ ဟီဆွန်း​ဟျောင်းက အခုလိုစိတ်​ဖောက်ပြန်တတ်တာကို သိလျက်နဲ့လုပ်ခဲ့သလိုမျိုး ..
ဟွမ်မီ​ယောင်းက ဟီဆွန်း​ဟျောင်းရဲ့​ရောဂါအ​ခြေအ​နေကိုသိ​နေခဲ့တာလား? ဘယ်လိုမျိုးလဲ .. အခုထိ​ မီဒီယာ​တွေ​တောင် မ​ဖော်နိုင်​အောင် သူ မရရ​အောင်ပိတ်ထားခဲ့တာကို ။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now