Warning ⚠️
- Adult Scene
- Dirty Talk
read it at your own risk
(characters are just characters not related with idols)-
ဆူညံနေတယ်ရယ်လည်းမဟုတ် အနည်းငယ်လူစည်းကားနေတဲ့ ထိုနေရာ။
လူတိုင်းက သူ့အဖော်နဲ့သူရှိနေကြပေမယ့် သူကတော့ ထောင့်တစ်နေရာမှာ ငြိမ်သက်စွာ။ရှပ်အင်္ကျီအဖြူလက်ရှည်ကို အပေါ်သို့အနည်းငယ်ခေါက်တင်ထားသောအခါ ပေါ်နေတဲ့သွေးကြောတွေကိုကြည့်လျှင် ထိုလူက ဘယ်လောက်တောင်မှမိုက်တဲ့ယောကျာ်းလဲဆိုတာကို သိနိုင်သည်။ နေရကျပ်စွာ လည်ပင်း၌ရှိနေတဲ့ နက်ခ်တိုင်ကို ဖြေချလိုက်တယ်။ ကျောပြင်ကို ခုံနဲ့မှီရင်း သက်ပြင်းချနေမိခဲ့တဲ့သူက တကယ်ပဲဘာအကြောင်းကြောင့်ပါလဲ။
ရှေ့မှောက် စားပွဲပေါ်မှာရှိနေတာက ဆိုဂျူပုလင်းနှစ်လင်း။ သူ့လက်ထဲမှာရှိနေတာက ခွက်တစ်လုံး။ တစ်ကျိုက်မော့တိုင်း ကျုံ့သွားတဲ့မျက်မှောင်တွေကတောင် သူ၏ရုပ်ရည်ကိုမဖျက်စီးနိုင်ခဲ့ပါ။
ဆောင်းဟွန်း သူ့ကိုယ်သူ ဒါကဘာတွေဖြစ်နေလဲဆိုတဲ့မေးခွန်းကိုထုတ်လိုက်တယ်။ ဂျောင်ဝန်းရဲ့ လက်ထပ်ပွဲကပြန်လာလာချင်း သူ ဒီဆိုင်မှာသောင်တင်နေခဲ့တာကြာပြီပင်။
အရင်ရည်းစားဟောင်းက အခုတစ်ခြားယောကျာ်းနဲ့လက်ထပ်သွားပြီမို့ နှမြောတသဖြစ် ၊ အသည်းကွဲပြီးသောက်နေမိတာလား ..
ဆောင်းဟွန်းကိုယ်တိုင်လည်း မသိတော့ပါ။
သူ ဒီလိုဖြစ်ကိုဖြစ်ရမယ်လို့ သတ်မှတ်ခံထားရသလိုပဲ။" အခုအချိန်လောက်ဆိုရင် နှစ်ယောက်သား ပျော်နေလောက်ပြီထင်တယ် "
အချိန်အားဖြင့် ည၁၁နာရီမိနစ်နှစ်ဆယ်ရှိနေခဲ့ပြီ။
ထိုအချိန်တွင် သူ့ဆီကို ဝင်လာခဲ့တဲ့ ဖုန်းကောလ်မှာ ဂျယ်ယွန်းဆီကဖြစ်နေတာကြောင့် ဆောင်းဟွန်း အနည်းငယ်ရီဝေနေတဲ့စိတ်တွေကိုပါပြန်စုစည်းလိုက်ကာ ဖုန်းကိုကိုင်လိုက်တယ်။" ဆောင်းဟွန်းနားးးးး မင်းဘယ်မှာလဲ "
ဖုန်းထဲကဂျယ်ယွန်းအသံဟာ သူ့ထက်တောင်ပိုပြီးရေချိန်ကိုက်နေသလိုပါပဲ။
YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfiction• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_