21

741 74 11
                                    

" ကင်မ်​ဆောနူ မင်းက မခိုင်းတာ​ကိုလည်း လုပ်တတ်တာပဲ​နော် ၊ အရာအားလုံးကို မင်းသ​ဘောနဲ့မင်း ဘာမှလုပ်ပိုင်ခွင့်ရှိ​​မနေဘူး ! "

" ​ဟျောင်း .. "

သူ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီး ​ပြော​နေတဲ့ ဟီဆွန်း​ဟျောင်းက သူ့အ​ပေါ်ကို ​ဒေါသထွက်​နေခြင်းပင်။

​ဂျောင်ဝန်းအ​မေကိစ္စကို သူ့ခွင့်ပြုချက်မရှိဘဲ ​ဂျောင်ဝန်းကို​ပြောလိုက်တာ သိသွားပြီး အခု ​ဆောနူကို ​အော်​ငေါက်​နေခြင်းဖြစ်တယ်။

" ​ဂျောင်ဝန်းနီးက ​ဟျောင်းကို အခုဘာ​ပြော​နေလို့လဲ "

ထိုအခါ ဟီဆွန်းက ​ဆောနူကိုဘာမှပြန်မ​ပြော​တော့။
အမှန်​တော့ ​ဂျောင်ဝန်းက သူ့ကိုဒီကိစ္စနဲ့ပတ်သတ်ပြီးဘာမှမ​ပြော​သေး​ပေမယ့် သူကိုယ်တိုင်ကကို ​ကြောက်လန့်​နေတာ။ အခုအချိန်အထိ သူဖုံးကွယ်ထားခဲ့လို့ သူ့ကို​ဂျောင်ဝန်းကမုန်းသွားမှာကို သူသိပ်ကို​ကြောက်​နေမိတာ။ ထို့​ကြောင့် ​ဆောနူကိုပဲ အပြစ်​တွေပုံချ​နေသလိုမျိုးဖြစ်ခဲ့တယ်။

" ​နောက်တစ်ခါ ငါမခိုင်းတဲ့အရာ​တွေကို မင်းသ​ဘောနဲ့မင်း လက်လွတ်စပယ်မလုပ်နဲ့ ကင်မ်​ဆောနူ "

​ဆောနူ သက်ပြင်းခပ်ဖွဖွချလိုက်သည်။
အစ်ကိုဖြစ်သူက ဘယ်​တော့မှ သူလုပ်​နေတဲ့အရာ​တွေကို အသိအမှတ်ပြု​ပေးမှာလဲ။ သူ ဒီ​လောက်လိုက်လုပ်​ပေး​နေတာ​တောင်မှ အစ်ကိုဖြစ်သူက သူ့ကိုအမြဲတမ်းအပြစ်တင် ​ဒေါသပဲထွက်​နေခဲ့တာ​လေ ။ အရင်တုန်းက​တော့ ​ဆောနူစိတ်ထဲဘယ်လိုမှမထားခဲ့​ပေမယ့် အခုကိစ္စမှာ​တော့ ရုတ်တရက်ကြီး ​ဆောနူဝမ်းနည်းချင်လာမိသည်။

" ကျွန်​တော်က အခုလိုလုပ်ရင် အ​ခြေအ​နေ​တွေပိုပြီး​​ကောင်းလာမယ်ထင်မိလို့ပါ ​တောင်းပန်ပါတယ် "

ဟီဆွန်းက ​ဂျောင်ဝန်းကို အခုကိစ္စအား မသိ​စေချင်သည့် အ​ကြောင်းအရင်းမှာ ​နောက်တစ်ခုထပ်ရှိ​နေ​သေးသည်။ အကယ်၍ ​ဂျောင်ဝန်းရဲ့အ​မေက ကိုမာဖြစ်ရာက​နေ မ​တော်တဆ​သေဆုံးသွားခဲ့မယ်ဆိုလျှင် ​ဂျောင်ဝန်းရဲ့​မျှော်လင့်ချက်​တွေဟာ ပိုပြီးဆုံးရှုံးသွားရမှာဆိုးတာ​ကြောင့် မရှိတာကို မရှိတဲ့အတိုင်း ထား​စေချင်မိ​တော့တာ။ အကယ်လို့ ​ဂျောင်ဝန်းကို​ပြောပြရမယ်ဆိုရင်​တောင်မှ အ​မေဖြစ်သူက သတိရလာမှ​ပြောဖြစ်မည်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now