23

986 85 15
                                    

တိတ်ဆိတ်​နေခဲ့တဲ့ ​နေရာ ။
ပိုင်ရှင်နှစ်​ယောက်စလုံးက ​တော်​တော်ကြာကြာ အတူတူမရှိဖြစ်ခဲ့တဲ့ ချစ်စံအိမ်​လေးက အခု​တော့ အထီးကျန်တဲ့ခံစားချက်တို့ရ​နေခဲ့သည်။

အိမ်ထဲကို​ရောက်​ရောက်ချင်း ​မီး​တွေကိုအကုန်လိုက်ဖွင့်လိုက်​ပေမယ့် အရာအားလုံးက ငြိမ်သက်​နေတာကိုမြင်လိုက်​တော့ သူ့စိတ်ထဲအမျိုးအမည်မသိတဲ့ ခံစားချက်ကြီးတစ်ခုဝင်လာခဲ့တယ်။

သူက အ​မေ့အနားမှာရှိ​နေတဲ့အချိန်အ​တောအတွင်းလည်း ဟီဆွန်းက သူတို့အိမ်​လေးဆီကိုမလာခဲ့တဲ့ပုံပါပဲ။

" ကျွန်​တော်​ရောက်​နေပါပြီ ဟီဆွန်း ရှစ် "

အိမ်ထဲကို​ရောက်ပြီးမကြာ သူ့ထံဝင်လာ​သော ချစ်ရသူဆီကဖုန်းအား လက်ခံ​​ဖြေကြားလိုက်သည်။

လွန်ခဲ့တဲ့နာရီအနည်းငယ်က ဟီဆွန်းသည် သူ့ကိုအိမ်ကိုသွားဖို့ ​တောင်းဆိုခဲ့ပြီး ဘာအ​ကြောင်း​ကြောင့်ရယ်လို့လည်း အခုထိမ​ဖြေ​သေးပါ။ သို့​ပေမယ့် ​ဂျောင်ဝန်းက​တော့ ဟီဆွန်း​တောင်းဆိုခဲ့သလို အိမ်​လေးဆီပြန်​ရောက်ခဲ့ပြီဖြစ်သည်။

" အဲ့ဒီစတိုခန်း .. မှတ်မိလား "

​ဟီဆွန်းရဲ့စကား​ကြောင့် ​ဂျောင်ဝန်းရဲ့အကြည့်​တွေက မီးဖို​ချောင်​ဘေးကမှာရှိ​နေတဲ့ စတိုခန်းဆီ​ရောက်သွားတယ်။ သူ ​သေချာ​ပေါက်သိတာ​ပေါ့ ...ဟီဆွန်းက သူ့ကိုအဲ့အခန်းထဲမဝင်ဖို့ တားမြစ်ဖူးတယ်​လေ ။

" ဟုတ်ကဲ့ မှတ်မိပါတယ် ဟီဆွန်း ရှစ် "

" ဝင်သွားလိုက်ပါ .. "

​ကြားလိုက်ရတဲ့ ဟီဆွန်းဆီက စကားသံ​ဖျော့​ဖျော့မှာ ​ဂျောင်ဝန်းအတွက် အနည်းငယ်ရှုပ်​ထွေးသွား​စေသည်။

" ခင်ဗျာ? "

" ဝင်သွားကြည့်လိုက်ပါ အီ​ဂျောင်
မင်း သိသွားမှာပါ "

ဟီဆွန်းက ဘာရယ်ဆိုပြီးမ​ဖြေ​ပေမယ့် တစ်ခုခုရှိ​နေသလို​ပြော​နေတာ​ကြောင့် ​ဂျောင်ဝန်းလည်း စတိုခန်းရှိရာဆီသို့ ​​ခြေတစ်လှမ်းချင်းစီ ​လျှောက်လှမ်းလျက်။

အခန်း​ရှေ့တည့်တည့်​ရောက်သည့်အခါ တံခါးကိုဖွင့်ရန်အတွက် ​တွေ​ဝေ​နေ​သော ​သူ့ရဲ့စိတ်​တွေမှာ ​လေးပင်​နေခဲ့တယ်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now