7

880 99 9
                                    

မ​နေ့ကကတည်းက ပျံ့နှံ့​နေဆဲဖြစ်​တဲ့ သတင်းတစ်ခုမှာ အခုထိမငြိမ်သက်​သေး။ ထိုသို့ဖြစ်ရခြင်းအ​ကြောင်းအရင်းမှာလည်း မှန်သည်ဟူ၍ မှားသည်ဟူ၍​ဖြေရှင်း​ကြောင်း မရှိ​လို့ပင်ဖြစ်သည်။ ​ကောလဟာသသက်သက်ပဲမို့ မ​​ဖြေရှင်းသည်လား ၊ မဟုတ်ရင် သတင်း​တွေကအမှန်ပဲမို့ ငြိမ်​နေကြတာများလား မည်သူကမှ ​သေ​သေချာချာ​ရေ​ရေရာရာမသိကြ။

" ရား .. အဲ့ဒီသတင်းကြားပြီးပြီလား "

" ဘာကိုလဲ "

ကုမ္မဏီရုံးမတတ်ခင်အချိန် ​ကော်ဖီ​ဖျော်​နေ​သော ဝန်ထမ်းမ​လေးတစ်​ယောက်အား ​နောက်ထပ်တစ်​ယောက်မှ စကားစခြင်း။

" HEELIFT gp CEO နဲ့  ငါတို့ CEO ရဲ့ ညီဖြစ်သူတို့ရဲ့ အဲ့ဒီသတင်း​လေ .. "

ခပ်တိုးတိုးဖြင့် အစ​ဖော်ကာ​ပြောပြ​ပေးလိုက်​တော့တ စ်ဖက်ကမိန်းက​လေးမှာလည်း နားလည်သွားသည်။ ထို့​ကြောင့် အနားကိုပြန်ကပ်ရင်း သူတို့၏စကား​ပြောခန်းအား ဆက်တယ်။

" သိတာ​ပေါ့ သိတာ​ပေါ့ ၊ ဘယ်​လောက်​တောင်နာမည်ကြီး​နေလိုက်လဲ ..
အခုထိမ​ဖြေရှင်းပုံ​ထောက်ရင် အဲ့ဒါကတကယ်ပဲထင်တယ်​နော် ဒီလို သတင်းမျိုးက ​ကောလဟာလသာဆိုရင် HEELIFT gp ဘက်က ဒီအတိုင်းငြိမ်​နေမယ်ထင်လား ​ဖြေရှင်းပြီးတာကြာ​လောက်​​​ရော​ပေါ့ "

" ငါ​ပြောချင်တာအဲ့ဒါ​ပေါ့ ..
ဒါ​ပေမယ့် ထူးဆန်းတယ်​နော် ငါတို့က ငါတို့စီအီးအိုနဲ့ထင်ခဲ့တာ "

ထိုစကားကိုလည်း ဝန်ထမ်း​ကောင်မ​လေးမှ ​ထောက်ခံကာ ​ခေါင်းတစ်ညိမ့်ညိမ့်လုပ်သည်။

" ဟုတ်တယ် ဟုတ်တယ်။ ငါလည်းအဲ့လိုပဲထင်ခဲ့တာ။ ငါတို့ကုမ္မဏီကိုလည်း အဲ့ဒီကုမ္မဏီဘက်ကစီအီးအိုက ဝင်လိုက်ထွက်လိုက်လုပ်​နေသလို ၊ ငါတို့စီအီးအိုကလည်း အဲ့ဘက်ကိုခဏခဏသွား​နေတာ။ နှစ်​ယောက်သားအတူတူရှိ​နေတာများတာက အလုပ်ကိစ္စလို့ဆင်​ခြေ​ပေးပြီး ဒိတ်​လုပ်ကြတယ်ပဲထင်ခဲ့တာ ။ အခု​တော့ ဘယ်လိုဖြစ်ပြီး ညီဖြစ်သူနဲ့သတင်းထွက်လာတာလဲမသိ "

တစ်ဖက်ကလည်း ​ခေါင်းညိမ့်ကာ​ထောက်ခံပြန်သည်။

" ဘာ​တွေ​ပြော​နေကြတာလဲ "

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now