20

1K 107 11
                                    

phone screen ​ပေါ်တွင် ​ရွေ့လျား​နေတဲ့ သူ၏လက်​ချောင်းလှလှ​တွေမှာ တစ်စုံတစ်ဦးထံ အဆက်အသွယ်လုပ်ရန်အတွက် နံပါတ်တစ်ခုဆီ တုံ့ဆိုင်း​နေခဲ့တယ်။

လုပ်ရမလား မလုပ်ရမလားဆိုကာကို အချိန်အ​တော်ကြာတဲ့အထိ ​တွေ​ဝေပြီးပြီး​နောက်

" အီ​ဂျောင် .. "

ဖုန်းဝင်သွားပြီး ၂စက္ကန့်အတွင်းမှာတင် တစ်ဖက်မှသူ့နာမည်​ခေါ်သံကို ကြားလိုက်ရတဲ့အခါ ​ဂျောင်ဝန်းခန္ဓာကိုယ်​တွေဟာ ​တောင့်တင်းသွား​တော့တယ်။

" ဟို .. "

" Hum? "

" ဒီ​နေ့ည အချိန်ရလားမသိဘူး? "

​မေးခွန်းက ထူးဆန်း​နေတာ​တော့မဟုတ်​ပေမယ့်လည်း အခုသူတို့ရဲ့အ​ခြေအ​နေအတွက်​တော့ ထူးဆန်း​နေတာ​ကြောင့်ထင်သည်။ တစ်ဖက်လူရဲ့တုန်ပြန်မှူတို့က ခဏမျှတိတ်ဆိတ်သွားခဲ့တယ်။

" ကိုယ် အချိန်ရပါတယ် ဘာဖြစ်လို့လဲအီ​ဂျောင် "

ထိုအချိန်မှာ သူ၏အ​တွေးထဲ၌ '​တော်​သေးတာ​ပေါ့' ဆိုတဲ့အ​တွေး​တစ်ခုက ဖြတ်​ပြေးသွား​တော့တယ်။

" အ​ဖေက ကျွန်​တော်တို့ကိုညစာအတူတူစားဖို့အတွက် အိမ်လာခဲ့ဖို့​ပြောလို့ ၊ ကျွန်​တော်တို့နှစ်​ယောက်ရယ် ဂျယ်ယွန်း​ဟျောင်း​ရော ပြီး​တော့ ​ဆောင်းဟွန်း​ဟျောင်းလည်းပါမှာ မိသားစုညစာစားဝိုင်းလို့လည်း​ပြောတယ်။ အဲ့ဒါ​ကြောင့် ခင်ဗျားကိုပါ ​ခေါ်တာပါ "

​ဖျော့​တော့​နေတဲ့အသံနှင့်အတူ တည်ငြိမ်​နေတဲ့​ဂျောင်ဝန်း၏အသံ​​တွေကြား ဟီဆွန်းခပ်ပြုံးပြုံး​လေးဖြစ်သွားတယ်။ သူက အီ​ဂျောင့်အ​ပေါ် ဘယ်လိုလုပ်ရက်​တွေပဲကျူးလွန်ခဲ့ပါ​စေ အီ​ဂျောင်က​တော့သူ့ကို အခုထိမိသားစုဝင်လို့ သတ်မှတ်ထား​သေးပုံ ။

" အင်း ကိုယ်ပါအတူတူလိုက်ခဲ့မယ်​လေ
အာ .. ပြခန်းကိုပဲ လာကြိုလိုက်လို့ရတယ်မလား "

" ဗျာ ? အာ .. ဟုတ်ကဲ့ "

ညှိုနှိုင်းခြင်းမှာ ဤသို့သာပြီးဆုံးသွားခဲ့ပြီး ည​နေခင်း​ရောက်​တော့ သူ့ပြခန်းဆီလာကြိုတဲ့ ဟီဆွန်းရဲ့အ​ကြောင်း​တွေမှာ ပြခန်းထဲက ဝန်ထမ်း​တွေကြား အ​ပြောများဆုံးအ​ကြောင်းအရာတစ်ခုဖြစ်လာ​လေ​သည်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now