8

1.1K 116 7
                                    

တိတ်ဆိတ်​နေတဲ့ညစာစားဝိုင်းမှာ ပုံမှန်မဟုတ်တာကြောင့် ​ဆောနူ ကြက်သီး​တွေပါထရသည်အထိ။ မိသားစုညစာစားဝိုင်းသာ​​ပြောပါတယ် သူတို့ကြားထဲ ​လေစိမ်း​တွေ​ကတောင် အသာ​လေးတိုးဝင်လို့ရတဲ့အထိ အာဏာပြည့်ဝ​နေတဲ့အ​ငွေ့အသက်တို့ကိုလည်း တစ်ပြိုင်နက်ခံစား​နေရတာမို့ ဒီညစာစားဝိုင်းက အမြန်ပြီးဆုံးပါ​စေလို့ပဲ ​ဆောနူဆု​တောင်း​နေရ​တော့သည်။

" နှစ်ဖက်မိဘ​တွေ့ဆုံပွဲ လုပ်တဲ့အခါကြရင် မဖြစ်မ​နေတတ်​ရောက်​ပေးဖို့ ​တောင်းဆိုချင်ပါတယ် "

ဖ​အေဖြစ်သူကို ကြည့်​တောင်မကြည့်ဘဲ ​တောင်းဆို​နေတဲ့စကား။ ​တောင်းဆိုတာ​တောင် သူ့အ​နေနဲ့ ဒါကပထမဆုံးလိုဖြစ်​နေ​တော့ ​ဆောနူ​တောင်​ကြောင်အသွားရသည်အထိ။ ဥက္ကဌအီမှာလည်း မယုံနိုင်သလို စား​နေရာမှရပ်ကာ သားဖြစ်သူဆီအကြည့်ပို့လိုက်သည်။

" အဲ့ဒီ​ကောင်​လေးနဲ့ တကယ်ပဲ လက်ထပ်မလို့လား "

" ဟုတ်ကဲ့ "

တိတ်ဆိတ်သွားပြန်တဲ့စကားဝိုင်းက ​​အေးစက်​နေတဲ့ ​လေစိမ်းတို့ကိုယူ​ဆောင်လာပြန်သည်။ ဒီ​နေ့ည​နေပိုင်းမှာ ​ဆောနူရဲ့အ​မေဖြစ်သူက Pottery class ကို သွား​နေတာ​ကြောင့် အခုညစာစားဝိုင်းမှာ ဥက္ကဌအီရယ် သူ့သားအီဟီဆွန်းရယ် ၊ ​ဆောနူရယ်အပြင်မရှိ။ အ​မေမရှိတာ​​ကြောင့် ​ဆောနူမှာ ဒီသားအဖနှစ်​ယောက်နဲ့အတူတူရှိ​နေတာကို လန့်​နေရတယ်။ ဘယ်အချိန်ထ​ပေါက်မလဲမသိတဲ့ ချိန်ကိုက်ဗုံးနဲ့တူ​နေ​တာ​ကြောင့်ဖြစ်သည်။

ဟီဆွန်း​ဟျောင်းကလည်း ထူးထူးဆန်းဆန်း မ​နေ့ တစ်​နေ့ကညကအိမ်ပြန်လာပြီး​တော့ အရင်အိပ်ခန်းမှာပဲအိပ်တဲ့အထိ။ အဲ့ဒီအခန်းကလည်း ဘယ်​လောက်​တောင်မှ ဟီဆွန်း​ဟျောင်း အိမ်ကိုပြန်လာလဲမလာလဲ ၊ ပညာ​တော်သင်ကပြန်လာတုန်းက တစ်ည​လောက်ပဲသုံးပြီး ​နောက်ပိုင်း လုံးဝကိုမသုံး​တော့တဲ့အခန်းပင်ဖြစ်​နေပြီ။ ဒါ​ပေမယ့်လည်း အ​မေက အမြဲသန့်ရှင်း​​ရေး လုပ်​ပေးထားတတ်တာ​ကြောင့် အခုလိုရုတ်တရက်ကြီးပြန်လာလည်း ​အေး​ဆေးဝင်အိပ်နိုင်သည်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now