ကုတင်ထက်၌ ခေါင်းရင်းဘက်နရံကိုမှီရင်း ထိုင်နေသော ဂျောင်ဝန်းမှာ သူ့လက်ချောင်းတွေဆီက လက်စွပ်ကိုငေးဆွေးရင်း အတွေးလွန်နေခဲ့သည်။
သက်ပြင်းတွေချရင်း ရှုပ်ထွေးလွန်းသွားသောကိစ္စတွေအား အခုအချိန်မှာ သူဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ တွေးနေရတယ်။မနေ့ညက အီဟီဆွန်းကသူ့ကိုလက်ထပ်ခွင့်တောင်းပြီး သူတို့နှစ်ယောက်နမ်းခဲ့ကြတာချည်းကိုပဲ မျက်လုံးထဲကမထွက်သလို ၊ စိတ်တွေအလုံးစုံကလည်း မနေ့ညကအကြောင်းကြီးကိုသာ ခဏခဏပြန်တွေးနေရအောင်လုပ်နေတယ်။
ဂျောင်ဝန်း ခေါင်းတွေကိုအတွင်တွင်ခါယမ်းလိုက်ကာ သူ၏ဖုန်းကိုကိုင်လိုက်သည်။ ဝင်နေသောစာရဲ့ ပို့ဆောင်သူမှာ ဆောင်းဟွန်းဟျောင်းဖြစ်နေတယ်။ ဂျောင်ဝန်း စာတွေကိုဝင်ထတ်ရမလား မဖတ်ရမလားနဲ့ နောက်ဆုံးတော့ဝင်ဖတ်လိုက်သည်။
သတင်းလင့် တစ်ခုနဲ့အတူ ဆောင်းဟွန်းဟျောင်းရဲ့စာ။
* ဒါကဘယ်လိုဖြစ်ရတာလဲ ဂျောင်ဝန်း *
* မင်းမှာစေ့စပ်ပြီးသားသူရှိပြီးသားနော် တစ်ခြားယောကျာ်းနဲ့အဲ့လိုဖြစ်နေစရာလိုလို့လား လူမြင်ကွင်းကြီးမှာ *စာတွေကြောင့် ဂျောင်ဝန်းရဲ့မျက်မှောင်တွေမှာချက်ချင်းကျုံ့သွားခဲ့သည်။ ဆောင်းဟွန်းဟျောင်းက တကယ်ပဲ ဘာလို့ဒီလိုတွေ သူ့ကိုလာပြောနေတာလဲမသိ။ အလျင်အမြန်ပဲ ဆောင်းဟွန်းဟျောင်းပို့လာတဲ့ link ထဲအား ဝင်ကြည့်လိုက်မိတော့ ကုတင်ခေါင်းရင်းကိုမှီထားတဲ့ ဂျောင်ဝန်းရဲ့ကျောပြင်တွေတောင်မတ်သွားရသည်။
" ဘာလဲ .. ဒါက "
သတင်းတစ်ခုဖြစ်ပြီး ။
ထိုသတင်းက HEELIFT CEO အီဟီဆွန်းရဲ့ လက်ထပ်မယ့်သတင်းက အမှန်ဖြစ်နိုင်ကြောင်းနဲ့ သူနဲ့သူ၏ချစ်သူကောင်လေးတို့က ဟန်မြစ်မှာ ဒိတ်နေခဲ့ကြတဲ့ပုံတွေပါ ဆိုတဲ့အထိ မီဒီယာသမားတစ်ဦးက ချပြလာခြင်း။ဂျောင်ဝန်းမျက်လုံးတွေပြူးကျယ်သွားရသည့်အကြောင်းအရင်းမှာတော့ ပုံတွေကသာမန်မဟုတ်ဘဲ သူတို့နှစ်ယောက်နမ်းနေတဲ့အချိန်တုန်းက ခိုးရိုက်ခံထားသလိုပုံတွေ။ ဘယ်လိုတောင်မှ သတင်းတွေကိုလိုက်နေလဲမသိဘူး မနေ့ညကသူတို့နှစ်ယောက်ကိုတွေ့တယ်ဆိုတာကြီးက ထူးဆန်းလွန်းနေတယ်။ ဒါမျိုးတွေဆို အီဟီဆွန်းဘက်ကတရားစွဲပြီး သတင်းတွေကိုဖျက်ချလို့ရပေမယ့် ဘာလို့အခုထိမလုပ်သေးတာလဲမသိဘူး။ မသိသေးလို့များလား ..

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
أدب الهواة• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_