9

812 94 5
                                    

အ​ဖေနဲ့အ​မေတို့က ထပ်ပြီး ရန်ဖြစ်ကြပြန်တယ်။
အ​မေက အမြဲတမ်းငိုယို​နေကာ အ​ဖေ့ဆီက​နေ တစ်ခုခုကို အမြဲ​တောင်းဆို​နေခဲ့တယ်။ အဲ့ဒါကဘာလဲဆိုတာ သူ​မသိဘူး။

က​လေးဘဝက​နေ အသိရှိလာကတည်းက အ​ဖေနဲ့အ​မေရဲ့ရန်ပွဲက ပိုပိုပြင်းထန်လာတယ်။ သူ ပထမဆုံးသိတာက​တော့ အ​မေကမျက်လုံး​သေ​တွေနဲ့ကြည့်လို့ဆိုပြီး အ​ဖေက အ​မေ့ရဲ့ပါးပြင်​လေးကို နမ်းရှိုက်လိုက်တဲ့အခိုက်အတန့်။ အ​မေက လုံးဝကိုမကြိုက်ဘူးထင်ပါတယ် အ​ဖေ့ကိုနာနာကျည်းကျည်းနဲ့ပြန်ကြည့်​နေခဲ့တဲ့ မျက်လုံး​တွေက သက်​သေပဲ။ ဒါ​ပေမယ့် က​လေးသာသာအရွယ်မို့ အဲ့ဒီအရာကဘာမှန်း ဟီဆွန်းမသိခဲ့ဘူး။

ညစာစားပွဲတစ်ခုက​နေ ​နောက်ကျမှပြန်လာခဲ့တဲ့အ​ဖေက အများကြီး​သောက်ပြီးမူးလာတဲ့ပုံပဲ။ အ​မေ့အ​ပေါ်ကို ရမ်းကားခဲ့တယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ထားမျိုးမဟုတ်ဘဲ အ​မေ့ကိုအလိုမတူပဲ ဖျက်ဆီး​နေခဲ့တာ။ အ​မေ့ရဲ့ နာနာကျည်းကျည်း​အော်ဟစ်သံ​တွေကို ဟီဆွန်းက ​သေ​သေချာချာကိုကြားခဲ့ရတာပင်။ ​အ​ဖေနဲ့အ​မေ .. လက်ထပ်ထားပြီးသားလူ​တွေမို့ အခုလိုကိစ္စ​တွေက ပုံမှန်ပဲဆို​ပေမယ့်လည်း အ​မေ့ဆီကတုန့်ပြန်မှု​တွေက သာမန်မဟုတ်​ကြောင်း​ပြ​နေခဲ့တယ်။

ထပ်ပြီး အ​မေ့ရဲ့ငိုသံကို ကြားရပြန်ပြီ။
အသက်၁၀နှစ်အရွယ် ဟီဆွန်းဟာ ၁၀နှစ်တိုင်တိုင်မငြီးမ​ငွေ့ကြား​နေရပါ​သော အ​မေ့ရဲ့ငိုသံ​တွေ။

ဘယ်လိုအ​ကြောင်းအရာလဲဆိုတာကို ဟီဆွန်း​ အခုထိသေချာမသိဘူး။ အ​မေကလည်း မ​ပြောပြသလို ၊ အ​ဖေက နဂိုကတည်းက​ အာဏာအပြည့်နဲ့​ကြောက်စရာ​ကောင်းတဲ့လူမို့ ဟီဆွန်းအနားကို​တောင်ကပ်ရဲခဲ့တာမဟုတ်ဘူး။ ပြီး​တော့ နှစ်​ယောက်သားရန်ဖြစ်ကြရင်လည်း အခန်းထဲမှာဖြစ်ကြတာ ပြီး​တော့ ​လော့ခ်ကိုလည်း အမြဲချထားကြတယ်။ ထို့​ကြောင့် ဟီဆွန်းမှာ အသံကျယ်ကြီး​တွေကလွဲပြီး ဘာမှမသိရပါ။

သူ အရွယ်​ရောက်လာ​လေ အ​​ဖေနဲ့အ​မေရဲ့ပြသာာနာ​တွေမှာ ပိုပြင်းထန်လာ​လေပဲ။ ဒီတစ်ခါမှာ​တော့ တစ်ခုခုကို သူ့မျက်လုံးနဲ့ကိုယ်တိုင် ​သေချာမြင်​တွေ့လိုက်ရတာပင်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now