ဆိုးလ်ကနေ မြို့ပြင်အထိ ဘယ်လိုတောင်ကားကိုမောင်းလာလည်းမသိပါ။ နာရီဝက်အတွင်း သူရှိရာဆီရောက်ချလာတဲ့ ဟီဆွန်း။ ဟီဆွန်းကိုမြင်တော့မှ ဂျောင်ဝန်းဟာ ထိုင်နေရာမှ မတ်တပ်ထရပ်မိသည်။
အမေ့ရဲ့အခြေအနေကို ဝိုင်းကုသပေးနေကြတဲ့အတွက်ကြောင့် အခန်းထဲမှာဒေါက်တာများနှင့် အကူများမှာ အလုပ်ရှုပ်နေကြပြီး ဂျောင်ဝန်းကိုတောင် ဂရုမစိုက်နိုင်ကြပါ။
" အီဂျောင် .. "
အခန်းပြင်ဘက်မှာ ကျုံ့ကျုံ့လေးထိုင်နေခဲ့တဲ့ သူ့အီဂျောင်ဟာ အပေါ်ပိုင်းအဝတ်တို့လစ်ဟင်းနေသေးသည်။ ဟီဆွန်းက ထိုအရာကိုစိတ်တိုင်းမကျစွာဖြင့် ချက်ချင်းပဲ အနားကိုပြေးသွားလိုက်ကာ သူ့အပေါ်ထပ်ကုတ်ကိုခြုံပေးလိုက်တော့တယ်။
ပြီးနောက် ဂျောင်ဝန်းခန္ဓာကိုယ်လေးအား ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်ပြီး ဖြစ်သမျှအကြောင်းစုံကိုမေးမြန်းလိုက်တော့သည်။
" ဘာမှမစိုးရိမ်နဲ့တော့နော် ကိုယ်ရှိနေပါတယ် အီဂျောင် "
ဟီဆွန်းခန္ဓာကိုယ်ကို ဂျောင်ဝန်းဖက်ထားတာ တင်းတင်းကြပ်ကြပ်။
မငြိမ်သက်နိုင်သေးသော သူ၏စိတ်အစုံတို့ဟာ အမေဖြစ်သူကို စိုးရိမ်စိတ်တို့ ပိုမိုမြှင့်တက်နေခဲ့သည်။" CCTV တပ်ထားတာပဲမို့လို့ ဘယ်ကနေဘယ်လိုဖြစ်သွားတာလဲဆိုတာကို ကိုယ်ကြည့်ပေးမယ် ခဏလေးနော် "
ဟီဆွန်းသည် ဂျောင်ဝန်းကိုခုံပေါ်တွင်ထိုင်ခိုင်းစေလိုက်ကာ ဆောနူဆီဖုန်းလှမ်းဆက်ခဲ့သည်။ CCTV ကြည့်လို့ရနိုင်မယ့်နေရာနှင့် ဘယ်လိုမျိုးလုပ်ရင်ရမလဲဆိုတာကိုပါမေးလိုက်ပြီး သူကိုယ်တိုင်လှုပ်ရှားခဲ့သည်။
Laptop ကို ရှေ့ကိုချပြီး ဂျောင်ဝန်းနဲ့အတူတူ ပြီးခဲ့တဲ့ တစ်နာရီလောက်က မှတ်တမ်းတွေကိုပြန်ရှာကြည့်သည့်အခါ ၊ ရေချိုးခန်းထဲကိုဝင်သွားတဲ့ဂျောင်ဝန်းကို တွေ့မြင်လိုက်ရပြီး ၊ မိနစ်ပိုင်းကြာတဲ့အခါမှာ ထိုအခန်းထဲကိုဝင်လာတဲ့ ရုပ်ဖျက်ထားသည့်လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ဘယ်သူမှန်းသေချာမသိသလို မျက်နှာကိုလည်း ဖုံးအုပ်ထားသေးတာကြောင့် ခန့်မှန်းလို့မရနိုင်ပါ။

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfiction• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_