update မဖြစ်ခဲ့တာ အတော်မှကြာနေခဲ့ပြီဖြစ်သော conversation တစ်ခုမှာ ယခုတော့ စာတိုလေးတစ်စောင်ကြောင့် ပြန်ပြီးအသက်ဝင်လာခဲ့လေတယ်။
ဖုန်းထဲကို မက်ဆေ့ချ်တစ်စောင်ဝင်လာခဲ့၍ ကြည့်မိရာက ထိုစာမှာ ဂျယ်ယွန်းဟျောင်းဆီကဖြစ်နေခဲ့တာပင်။
* ထမင်းအတူတူစားကြမလား ဂျောင်ဝန်းနီး * တဲ့ ။
ဖုန်းကိုကိုင်ထားလျက် ဂျောင်ဝန်းမှာတိတ်ဆိတ်သွားခဲ့တယ်။ တွေဝေနေလျက်ရှိနေတဲ့သူမှာ လက်ခံရမလား ၊ ငြင်းဆိုရမလားဆိုကာ အတွေးလွန်နေလျက်။ ကိစ္စတွေဖြစ်ပြီးကတည်းက သူကလည်းအိမ်မှာမနေတော့သလို ၊ ဂျယ်ယွန်းဟျောင်းနဲ့မျက်နှာချင်းဆိုင်တဲ့အချိန်လည်းနည်းလာပြီး ထမင်းတစ်နပ်တောင်အတူတူမစားဖြစ်တော့တဲ့အထိ ဖြစ်သွားခဲ့ကြတာ။
ဒါပေမယ့် အခုတော့ဂျယ်ယွန်းဟျောင်းဘက်နေ သူ့ကို ထမင်းအတူတူစားကြမလားဆိုပြီး ခေါ်လာတယ်။
တကယ်ပဲ ဒါက ဘာအကြောင်းကြောင့်လဲ ဘာအဓိပ္ပါယ်လဲဆိုတာကို သူ မသိတော့ဘူး။
ဒီအတိုင်း ထမင်းစားဖို့သက်သက်ပဲလား မဟုတ်ရင် ဘာများလဲ။အချိန်ကား ညစာစားချိန်တောင်ရောက်တော့မည်ဖြစ်ပါ၍ မကြာခင်မှာပဲ ဟီဆွန်းက ကုမ္မဏီကနေ အိမ်ကိုပြန်လာတော့မည်ဖြစ်သည်။
မိနစ်အနည်းငယ်လောက် တွေဝေမှုအပြီးမှာတင် ဂျောင်ဝန်း အစ်ကိုဖြစ်သူ၏စာကို ပြန်တုံ့ပြန်လိုက်တယ်။
* နေရာကို ပြောပေးပါ * ဆိုပြီး။
စားသောက်ဆိုင်ရဲ့တည်နေရာကို ပို့ပေးလာတာနဲ့ချက်ချင်းပဲ ဂျောင်ဝန်းအဝတ်အစားထလဲလိုက်တယ်။ တက္ကစီကိုငှားရင်း စားသောက်ဆိုင်ကိုသွားနေချိန်မှာ ဟီဆွန်းဆီကို ထိုအကြောင်းဖုန်းဆက်လှမ်းပြောရင်း နောက်ကျချင်နောက်ကျနိုင်တယ်ပါဆိုပြီး အသိပေးလိုက်တော့ တစ်ဖက်ကစိတ်ပူစွာဖြင့်မေးနေပြန်တယ်။ ဂျောင်ဝန်း ဟီဆွန်းစိတ်ချတဲ့အထိ အဆင်ပြေကြောင်းပြောလိုက်ပြီးနောက် ဖုန်းပြောခြင်းတို့ကိုအဆုံးသတ်လိုက်တဲ့အခါ စားသောက်ဆိုင်ကိုပင်ရောက်နေလေပြီဖြစ်သည်။

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfic• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_