" ဆောင်းဟွန်းနား အမေက ဂျောင်ဝန်းကိုအခန်းထဲပိတ်ထားပြန်ပြီ "
အကြိမ်ပေါင်းမနည်းတဲ့ ဒီစကားတွေကို ဂျယ်ယွန်းဆီကနေ ဆောင်းဟွန်းကြားလိုက်ရတိုင်း စိတ်ညစ်ရတယ်။ ညီဖြစ်သူကို အပြစ်ပေးနည်းကြမ်းတမ်းတဲ့အမေဖြစ်သူကြောင့် ဂျယ်ယွန်းကပဲအမြဲတမ်းပင်ပန်းနေခဲ့ရတာမို့ ။
ဂျယ်ယွန်းဆီကနေ အခုလိုဖုန်းရရင် ဆောင်းဟွန်းကချက်ချင်းပဲ ဂျယ်ယွန်းရှိတဲ့နေရာဆီအပြေးသွားတတ်တယ်။ အမြဲတမ်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့ညလယ်ခေါင်ကြီးမှာ ဂျယ်ယွန်းက 24နာရီစတိုးဆိုင်ထဲကထောင့်တစ်နေရာတွင် ကပ်ခွေနေတတ်တယ်။ မျက်နှာတွေညှိုးနွမ်းနေတတ်တဲ့ဂျယ်ယွန်းရဲ့ပုံစံကိုမြင်ရတိုင်း ဆောင်းဟွန်းအမြဲတမ်းဒေါသထွက်ရတယ်။
" ဂျယ်ယွန်း .. "
ဂျယ်ယွန်းကသူ့ကိုတစ်ချက်မော့ကြည့်ပြီး ခေါင်းကိုပြန်ငုံ့သွားတယ်။ ဆောင်းဟွန်းက သူ့ခန္ဓာကိုယ်ပေါ်က coat ကို ချွတ်ပြီး ဂျယ်ယွန်းခန္ဓာကိုယ်ဆီလွှဲပြောင်းပေးပြီးတာနဲ့ ချက်ချင်းပဲ လန်းဆန်းသွားစေမယ့် အအေးဘူးကိုသွားဝယ်တယ်။ ကိုယ်တိုင်သေချာဖောက်ပေးပြီး ဂျယ်ယွန်းလက်ထဲကိုထည့်ပေးရင်း သောက်စေသည်။
မိနစ်အနည်းငယ်ကြာသွားပြီးတဲ့နောက်မှာ ဂျယ်ယွန်းဆီကနေ အသံသေးသေးလေးစထွက်လာတယ်။
" အမေက ဂျောင်ဝန်းကိုအခန်းထဲပိတ်ထားပြန်ပြီဆောင်းဟွန်း "
" ဒီတစ်ခါရော ဘယ်လိုဖြစ်တာလဲ ဂျယ်ယွန်း "
ဆောင်းဟွန်းပြန်မေးလိုက်တော့ ဂျယ်ယွန်းဟာသက်ပြင်းချတယ်။ ဂျယ်ယွန်းရဲ့အခုလို နွမ်းနယ်နေတဲ့ပုံစံကို ဆောင်းဟွန်းတကယ်မကြည့်ရက်ပါ။ သူ့နှလုံးသားတွေကိုလည်း နာကျင်စေရလို့ဖြစ်သည်။
" ဂျောင်ဝန်းက အနုပညာကျောင်းတတ်ချင်တာကိုသိတယ်မလား ၊ အခု ကောလိပ်ရွေးရမယ့်အချိန်မှာ ဂျောင်ဝန်းက သူတတ်ချင်တဲ့အနုပညာကောလိပ်ကိုရွေးမယ်လုပ်တာကို အမေကလက်မခံဘူး။ အမေက ဂျောင်ဝန်းကို ငါတတ်နေတဲ့စီးပွားရေးကောလိပ်မှာပဲတတ်စေချင်ပြီး ငါ့ကိုကူညီစေချင်နေတယ်။ ဂျောင်ဝန်းက အတင်းငြင်းနေတော့ အမေကအခန်းထဲပိတ်ထားတော့တာပဲ "
![](https://img.wattpad.com/cover/359007073-288-k582850.jpg)
YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfiction• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_