တံခါးအပြင်ဘက်က အနမ်းစစ်ပွဲအသံတွေကို ကြားရလေ သူ့ရဲ့မျက်လုံးအိမ်တွေထဲက အရည်တချို့ကတားဆီးလို့မရနိုင်အောင်အထိဖြစ်ရလေပဲ။ ဒူးပေါ်က ဆုပ်ထားတဲ့လက်သီးတွေမှာလည်း ပြင်းထန်တဲ့အားတို့ထည့်ထားမှုကြောင့် နီရဲနေလျက်ရှိနေပြီ။ သူ့နှလုံးက အစိတ်စိတ်အမွှာမွှာကွဲကြေသွားသလို ခံစားနေရပေမယ့်လည်း သူ ထိုအခြေအနေမှာ ဘာမှမလုပ်နိုင်ခဲ့ပေ။
ချက်ချင်းပဲ တံခါးကိုဆွဲဖွင့်ပြီး အော်ဟစ်သောင်းကျန်းပစ်လိုက်ရမှာမျိုး ၊
မဟုတ်ရင် ဒါက ဘာအခြေအနေတွေလဲလို့ သူချစ်ရတဲ့အစ်ကိုအရင်းနဲ့ သူသိပ်ချစ်ရတဲ့သူစိမ်းယောကျာ်းကို သူမေးရမှာ ..
မျက်လုံးတွေနဲ့ တပ်အပ်မြင်ပြီးတာတောင် ဘာကိုမှနားမလည်ချင်ယောင်ဆောင်ပြီး သူချစ်ရတဲ့လူနှစ်ယောက်ရဲ့ရှင်းပြချက်ကို နားထောင်ချင်မိသေးတာ။
ပြီးတော့ ဘာလို့ သူ့ကိုဒီလိုလုပ်ရပ်ကြတာလဲဆိုပြီးလည်း အော်ဟစ်မေးလိုက်ရမှာ။သို့ပေမယ့်လည်း အခန်းငယ်လေးထဲမှာ အသံတိတ်မျက်ရည်တွေကျဖို့ပဲ သူတတ်နိုင်ခဲ့တယ်။
အောင့်သက်လာတဲ့ နှလုံးတွေမှာ သူ့ကိုအသက်ရှူတွေပါရပ်စေတယ်။ ဝေဝါးလာတဲ့မျက်လုံးအိမ်တွေနဲ့အတူတူ သူ့ရဲ့အတွေးတွေထဲမှာ မကောင်းတဲ့အရာတွေချည်းပြည့်နှက်နေတယ်။
အကြည့်တွေမှာ အနည်းငယ်ဟထားတဲ့တံခါးဆီ ပြန်ရောက်သွားချိန် သူသိပ်ချစ်ရတဲ့လူနှစ်ယောက်မှာ အနမ်းတို့ပျက်လပ်သွားကြပြီဖြစ်တယ်။
" ပတ်ဆောင်းဟွန်း မင်း အဆုံးထိကိုပဲ "
ဆောင့်တွန်းခံလိုက်ရတဲ့ ဆောင်းဟွန်းခန္ဓာကိုယ်မှာ ဘေစင်နဲ့သွားဆောင့်တယ်။ ဂျယ်ယွန်းက ဆောင်းဟွန်းကိုမျက်နှာထောင့်နီတွေနဲ့ကြည့်ပြီး ထွက်သွားတဲ့အချိန် ဆောင်းဟွန်းကအားမလိုအားမရဖြင့် ဘေစင်နားက အမှိုက်ပုံကို ဆောင့်ကန်ကာရန်ရှာနေတယ်။ ပြီးနောက် ဂျယ်ယွန်းအနောက်ကိုလိုက်သွားချေပြီ။
ထိုအခါမှ အခန်းလေးထဲမှထွက်လာတဲ့ ဂျောင်ဝန်းက ဘေစင်ဆီကမှန်ထဲ၌ သူ့ပုံရိပ်ကိုယ်သူပြန်ကြည့်တယ်။

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fanfiction• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_