ညနေပိုင်းဖြစ်နေတာကြောင့် လမ်းမထက်ရွေ့လျားနေတဲ့ယာဥ်တွေဟာ ဒီနေ့မှပိုပြီးရှုပ်ထွေးနေသလိုခံစားနေရတယ်။ သူ့ရဲ့နားထဲကို ဆူညံနေတဲ့ ယာဥ်တွေရဲ့အသံတွေက သူ့ကိုစိတ်ရှုပ်ထွေးပြီး ဒေါသထွက်လာအောင်လုပ်နေတယ်။
အလိုမကျဘဲ ခုနေသောစိတ်အခြေအနေကို သူပြန်မတွန်းလှန်နိုင်ပါ။ ထို့ကြောင့် ဘေးကလူကိုသာ အပြစ်တွေပုံချမိတော့သည်။
" ဆောင်းဟွန်း တစ်ခုခုလုပ်ပါဦး မင်းမှာ ဂျောင်ဝန်းကိုဆက်သွယ်လို့ရမယ့် တစ်ခြားဖုန်းနံပါတ်တွေမရှိဘူးလား "
" ဂျယ်ယွန်း .. အရင်ဆုံး စိတ်ကိုထိန်းပါဦး နော် "
ဆောက်တည်ရာမရဖြစ်နေတဲ့ ဂျယ်ယွန်းပုံစံကို ဆောင်းဟွန်းအလိုမကျပါ။ ဂျယ်ယွန်းရဲ့လက်မောင်းတွေကိုချုပ်ပြီး အသိစိတ်ကပ်ရန်ပြောနေသော်လည်း ဂျယ်ယွန်းကတော့ သူပြောနေတာတွေကို နားထဲတောင်ရောက်ရဲ့လားမသိပါဘူး။
" ဘယ်လိုစိတ်ထိန်းရမှာလဲ ! ငါ့မျက်စိရှေ့မှာတင် သူတို့နှစ်ယောက်က အဲ့ဒီဟိုတယ်အခန်းသော့ကြီးကိုယူပြပြီး အတူတူထွက်သွားတာကြလေ ! "
" ဒီအတိုင်း .. အကြောင်းအရင်းကိုနားထောင်ပြီးတော့မှ သူတို့ရဲ့အခြေအနေကို ဆုံးဖြတ်တာပဲဖြစ်ဖြစ်- "
" ပတ်ဆောင်းဟွန်း!! မင်းအမြင်မှာ ယောကျာ်းလေးနှစ်ယောက်က ဟိုတယ်အခန်းသော့ကိုလည်းပြပြီး ပြီးတော့နှစ်ယောက်တည်း နောက်ပြီး စမ်းကြည့်ချင်တယ်ဆိုတာတွေ အဲ့ဒါတွေက သာမန်လို့ထင်နေတာလားကွ "
ဆောင့်တွန်းခံလိုက်ရပေမယ့် ဆောင်းဟွန်းရဲ့ခန္ဓာကိုယ်မှာ အနောက်ကိုခြေတစ်လှမ်းစာပဲရွေ့သွားခဲ့တယ်။ ဂျယ်ယွန်းရဲ့အခုလိုပုံစံကိုမြင်ရတာ ဆောင်းဟွန်းရင်တွေနာရတယ်။ တစ်ခြားယောကျာ်းလေးတစ်ယောက်ကြောင့် အခုလိုဆောက်တည်ရာတွေမရ ၊ အသိစိတ်တွေလွတ်ပြီး ပြောချင်တာတွေပြောနေတဲ့ဂျယ်ယွန်းရဲ့ပုံက ဆောင်းဟွန်းကိုဒေါသထွက်စေလာတယ်။ ဂျယ်ယွန်းကိုအခုလိုဖြစ်အောင်လုပ်တဲ့ အီဟီဆွန်းဆိုတဲ့သူနဲ့အတူတူ ဂျောင်ဝန်းကိုလည်း သူ့စိတ်ထဲမှာအပြစ်တွေပုံချမိနေခဲ့ပါသည်။

YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
أدب الهواة• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_