FINAL

1.2K 113 30
                                    

* ကျွန်​တော် အခုပဲအိမ်ကို​ရောက်- *

typing ရိုက်​နေရင်းတန်းလန်း အိမ်ရဲ့ဘဲလ်တီးသံကိုကြားလိုက်ရတဲ့အခါ ​ဂျောင်ဝန်း​ကြောင်အသွားတယ်။ ဟီဆွန်းသာဆိုရင် အိမ်ထဲကို သူ့ဟာသူဝင်လာမှာဖြစ်ပြီး ၊ ​ဆောနူသာဆိုရင် ခြံ​သော့ကရှိ​နေပြီးသားမို့ အိမ်ကိုက ဘဲလ်တီးမှာပင်။ သူစိမ်းသာဆိုရင်​တော့ ခြံထဲ​တောင်မဝင်နိုင်​လောက်ဘူး။ ထို့​ကြောင့် ​ဆောနူပဲဖြစ်မည်ဆိုကာ တံခါးကိုသွားဖွင့်​ပေးလိုက်တဲ့​ဂျောင်ဝန်းက စက္ကန့်ပိုင်းအတွင်းမှာတင် သတိ​တွေလွတ်သွားခဲ့​​​​တော့တယ်။

​နောက်ဆုံးအ​နေနဲ့ သူမြင်လိုက်ရတာက လက်တစ်စုံနဲ့အတူ အဝတ်စတစ်ခုတို့။

ထိုးကိုက်​နေတဲ့​ဦး​ခေါင်းကို သူမရရ​အောင် အံတု၍ သတိကပ်ဖို့ကြိုးစားလိုက်သည်။ ပွင့်မလာတဲ့မျက်လုံး​တွေကိုလည်း မရမကအတင်းကြိုးစားယူ ဖွင့်ကြည့်ရင်း ​မြင်လိုက်ရတာက ဘာမှန်းသူမသိ​သေးဘူး။ သူသတိထားမိတာက သူ့လက်​တွေမှာကြိုးနဲ့ထိန်းချုပ်ခံထားရပြီး သူ့ခန္ဓာကိုယ်​တွေက ကျုံ့ကျုံ့​​လေးနဲ့ လှဲ​လျောင်း​နေတာပဲ။

တစ်ဖြည်းဖြည်းနဲ့သတိကပ်လာမိ​တော့ သူဟာ ကားတစ်စီး​ပေါ်မှာဆိုတာ သိလိုက်တယ်။ အ​ရှေ့မှာလည်းတစ်​ယောက်​ယောက်ကကားကို​မောင်း​နေတယ်။ ​လှဲ​​​လျောင်း​နေရာမှ မနည်းအားယူပြီး ထိုင်လိုက်တဲ့အခါ အ​ရှေ့မှာကား​ကို​မောင်း​နေတဲ့လူရဲ့မျက်နှာကို မြင်လိုက်ရ​တော့သည်။

" ဟွမ်မီ​ယောင်း ခင်ဗျား .. "

" ​အာ .. နိုးလာပြီပဲ "

​ဂျောင်ဝန်းရဲ့သတိ​တွေဟာ အလုံးစုံကပ်သွားတယ်။ သူသတိရလာတာကို သိသွားတဲ့ဟွမ်မီ​ယောင်းက သူ့ကို ​ကောက်ကျစ်​နေတဲ့အပြုံး​တွေနဲ့ပြုံးပြ​နေတယ်။

" အခု ဘယ်ကိုသွား​နေတာလဲ ခင်ဗျား !! "

​ဂျောင်ဝန်းက ​အော်ဟစ်ကာ​မေးလိုက်​ပေမယ့် ထိုမိန်းမက​တော့ ရယ်သာရယ်​နေခဲ့တာ သတ်ပစ်ချင်စရာ​ကောင်း​လောက်တဲ့အထိပါပဲ။

​ဂျောင်ဝန်းဟာ စိတ်မရှည်​တော့ ၊ သူ့လက်​တွေကထိန်းချုပ်ခံထားရ​ပေမယ့် ကားကိုရပ်တန့်နိုင်မယ့် နည်းလမ်းကိုရှာတယ်။.ဟွမ်မီ​ယောင်းက သူ့ကိုဘာ​ကြောင့်ဖမ်း​ခေါ်လာလဲဆိုတဲ့​မေးခွန်းမှာ အ​ဖြေဟာတစ်ခုတည်းရှိတယ်။ ဒါဟာ သူ့ကိုသတ်ပစ်မလို့ပါပဲ။

🎉 You've finished reading 𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √ 🎉
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now