3

1K 130 21
                                    

တိတ်ဆိတ်​နေတဲ့ ညစာစားဝိုင်းတစ်ခုမှာ ပန်းကန်​တွေကိုထိကပ်သွားတဲ့ ဇွန်း ၊ ခက်ရင်း တူ .. အစရှိတဲ့ တုန့်ပြန်သံ​တွေကိုပဲကြား​နေရခဲ့တယ်။ မိသားစုထမင်းဝိုင်းလို့မထင်ရ​လောက်တဲ့အထိ ​​အေးစက်စက်အ​ငွေ့အသက်​တွေမှာ ထိုညစာစားဝိုင်းအတွင်း ဖုံးလွှမ်း​နေတယ်။

" ဂျယ်ယွန်း .. မနက်ဖြန် ဟီဆွန်းနဲ့အတူတူ ဝတ်စုံ​ရွေးဖို့သွားကြမှာမလား "

ထို​မေးခွန်း​ကြောင့် တိခနဲရပ်သွားတဲ့ တူအသံမှာ နှစ်နေရာဆီက​နေထွက်​ပေါ်လာခဲ့တယ်။ ဂျယ်ယွန်းက အ​ဖေဖြစ်သူရဲ့ ​မေးခွန်းကိုပုံမှန်အတိုင်း​​ဖြေလိုက်​ပေမယ့် ​တူ​တွေကို​လက်ထဲက​နေ​ရွေ့လျားခွင့်မ​ပေးတဲ့ ​ဂျောင်ဝန်းက စကားဝိုင်းကိုသာအာရုံစိုက်​နေ​လေတယ်။

" ဟုတ်တယ် အ​ဖေ .. ကျွန်​တော်တို့​နေ့လည်ပိုင်း​လောက် ဘိုကင်ယူထားတယ်ဗျ "

ထိုအခါ အ​ဖေက​ခေါင်းတစ်ညိမ့်ညိမ့်။
​ဂျောင်ဝန်းက​တော့ သူ့​ဘေးက တစ်ချိန်တုန်းကသူသိပ်ချစ်လှပါသည်ဆိုတဲ့လူကို​တောင် ဂရုမစိုက်နိုင်​တော့တဲ့အထိ အ​တွေး​တွေနယ်ချဲ့​နေချိန် ..

" အင်း ဂျယ်ယွန်းတို့လက်ထပ်ပွဲပြီးရင် ​ဆောင်းဟွန်းနဲ့​ဂျောင်ဝန်းတို့လည်း အမြန်ဆုံးလက်ထပ်လိုက်ကြ​တော့ "

" အ​ဖေ !! "

" ခင်ဗျာ "

​ဆောင်းဟွန်း၏အာ​မေဋိတ်အသံနဲ့ ​ဂျောင်ဝန်း၏​​ဒေါသထွက်​သောအသံဖြစ်သည်။ ဟိုတစ်​နေ့ကတင် ​ဆောင်းဟွန်းနဲ့​စေ့စပ်ထားတာကို ဖျက်​ပေးဖို့အတွက် သူ​ပြောခဲ့တဲ့စကား​တွေကို အ​ဖေက​လေထဲမှာပဲ ​ဖျောက်လိုက်ပုံပဲ။ လက်ထပ်ဖို့ကိစ္စကို ​အေး​အေးလူလူပင်​ပြော​နေ​လေတယ်။ ​ဆောင်းဟွန်းကို အိမ်အထိ​ခေါ်ပြီး ညစာစားခိုင်းတဲ့အ​ကြောင်းအရင်းက ဒီအ​ကြောင်းအရင်းဖြစ်လိမ့်မယ်လို့ ​ဂျောင်ဝန်းလုံးဝမရိပ်မိခဲ့တာ။ ​စေ့စပ်ပွဲဖြတ်​ပေးဖို့အတွက် ​ဆောင်းဟွန်းကိုနားချ​ပေးမယ်ပဲထင်​နေခဲ့တာ .. အခု​တော့ အကုန် သဲထဲ​ရေသွန် ။

" အ​ဖေ ကျွန်​တော်ဟိုတစ်​နေ့က​ပြောထားတာကို ​မေ့ပစ်လိုက်တာလား "

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now