15

1.1K 95 5
                                    

" ဒါက ကျွန်​တော့်အမျိုးသားပါ အီဟီဆွန်းတဲ့ "

တစ်လှမ်းချင်းဆုတ်သွားမိတဲ့​ခြေလှမ်း​တွေ။
အလိုအ​လျောက်ကုတ်ဖဲမိတဲ့ လက်သည်းစ​တွေ။
ဂနာမငြိမ်တဲ့ မျက်လုံးအိမ်​တွေက တစ်စုံတစ်ခုကို​ရှောင်​ပြေး​ချင်သလိုမျိုးနှင့် တူ​နေသည်။ ထိုအရာကလည်း သူ့အ​ရှေ့လူ​ကြောင့်ပဲဆိုတာ ဖုံးမကွယ်ထားနိုင်ပါ။

မူမမှန်ဖြစ်​နေတဲ့ ဆရာမရဲ့ပုံစံကို သတိထားမိသွားခဲ့တဲ့ ​ဂျောင်ဝန်းဟာ အပြစ်ကင်းစင်စွာ ​မေးခွန်းထုတ်​တော့တယ်။

" တစ်ခုခုဖြစ်​နေတာများလား ဆရာမ
​နေမ​ကောင်းလို့လားဗျ "

​ဂျောင်ဝန်းရဲ့အ​မေး​ကြောင့်နဲ့မှ ​မော့လာပါ​သော မျက်နှာ။ ​ရှေ့တည့်တည့်ကသူနဲ့ အကြည့်ချင်းဆုံမိကြပြန်​တော့ အရင်ဆုံးအကြည့်လွှဲလိုက်တဲ့သူမှာ သူမကိုယ်တိုင်သာ။

" အာ .. မဟုတ်ပါဘူး ​ဂျောင်ဝန်း ရှစ်
ကျွန်မက အသက်လည်းကြီးပြီဆို​တော့လည်း ဒါမျိုးကဖြစ်တတ်ပါတယ် "

သူမရဲ့စကားကို ထို​ကောင်​လေးမှာ​တော့ အပြစ်ကင်းစင်စွာဖြင့် ပြန်​ချေပလာတယ်။

" မဟုတ်တာပဲဗျာ .. ကျွန်​တော်တို့ဆရာမက အခုလိုမျိုးနုပျိုလှပ​နေ​သေးတာကို .. "

​ဂျောင်ဝန်းအ​ပြော​ကြောင့် သူမက သ​ဘောကျစွာရယ်လိုက်မိ​တော့သည်။

" ​တွေ့ရတာဝမ်းသာပါတယ် ​ဂျောင်ဝန်း​ပြောပြဖူးလို့ ဆရာမရဲ့အ​ကြောင်း​တွေ အများကြီးကြားထားဖူးပါတယ်ဗျ "

​သွေးသား​တော်စပ်​နေသည့် သားဖြစ်သူက​နေ ​သူမကိုစကားစလာ​တာ​ကြောင့် သူမမှာအံ့သြတာတစ်ဖက် မယုံနိုင်တာတစ်ဖက်ဖြစ်လို့​နေ၏။

အမူအရာ​တွေပျက်ယွင်းသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ပထမဆုံး​တွေ့ဆုံဖူးကြသလိုမျိုး သူမကိုနှုတ်ဆက်​နေခဲ့တဲ့ သားဖြစ်သူ။

ယခုအ​ခြေအ​နေကို သူမဘယ်လိုတုံပြန်​ပေးရမလဲဆိုတာ မသိ​တော့​ပါ​ပေ။

" ဟုတ်ကဲ့ ၊ မဒမ်လီရဲ့တူဖြစ်သူလို့​ပြောလို့ အများကြီးကြားဖူးပါတယ်။ မဒမ်လီနဲ့ ကျွန်မနဲ့ကအရမ်းရင်းနှီးကြတာမို့လို့ ​​ဂျောင်ဝန်း ရှစ်က သက်​သောင့်သက်သာဖြစ်သလိုမျိုး အဲ့ဒီလိုဖြစ်​ပေးရင် ရပါပြီ "

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now