" ဂျယ်ယွန်းနား .. အဲ့ဒါက ဘယ်ကိုသွားမလို့လဲ "
နှစ်ဖက်မိဘတွေ့ဆုံပွဲကနေ အိမ်ကိုပြန်ရောက်ရောက်ချင်း ဟွမ်မီယောင်းသည် သူမ၏သားဖြစ်သူက အပြင်ကိုထွက်သွားမယ့်ပုံကို မြင်လိုက်တာကြောင့် အလန့်တကြားမေးလိုက်တော့တယ်။
ဂျယ်ယွန်းကလည်း အမေဖြစ်သူရဲ့အမေးကို ဖြေမနေချင်ပါ။ သူ့ကိုတောင်အသိမပေးဘဲ ဂျောင်ဝန်းနဲ့ဟီဆွန်းတို့ရဲ့ နှစ်ဖက်မိဘတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့အမေ့ကိုလည်း မုန်းချင်မိတယ်။ အဲ့လိုအတိုင်းသာဆိုရင် အမေကလည်း အဲ့ဒီလက်ထပ်ပွဲကိုသဘောတူပေးချင်နေတာလား ..
" နှစ်ဖက်မိဘတွေ့ဆုံပွဲကရော ဘယ်လိုဖြစ်သွားလဲ "
မျက်လုံးသေတွေနဲ့မေးနေတဲ့ဂျယ်ယွန်းကို ဟွမ်မီယောင်းက အဖြေပြန်ပေးဖို့တောင်မရဲတော့ပါ။
" အဲ့ဒါက .. "
" မဖျက်ပေးနိုင်ခဲ့ဘူးကိုး "
" ဂျယ်ယွန်း. . "
တွေ့ဆုံပွဲကိုသွားတာတောင် လက်ထပ်ပွဲကိုမဖျက်ပေးနိုင်ခဲ့တဲ့ အမေ့ကို ဂျယ်ယွန်းစိတ်နာမိသည်။
" ဒီအတိုင်း နှုတ်ဆက်တာလောက်ပဲလုပ်ခဲ့ကြတာပါ ဂျယ်ယွန်း .. ဘာမှလုပ်ဖို့မရှိသေး- "
စကားတောင်ဆုံးအောင် မပြောလိုက်ရသေးဘူး။ ဂျယ်ယွန်းက အမေဖြစ်သူကိုကျောခိုင်းကာအိမ်အပြင်သို့ထွက်သွားပြီဖြစ်သည်။ သားဖြစ်သူကို လှမ်းခေါ်နေခဲ့တဲ့ ဟွမ်မီယောင်းမှာတော့ ထိုနေရာမှာတင်ကျန်နေခဲ့ရသည်။
တစ်ခွက်ပြီးတစ်ခွက်မော့သောက်နေမိတဲ့အခါ ဝေဝါးလာရာကနေ အသိစိတ်တွေက တစစပျောက်ရှလာခဲ့သည်။ ဘားတွင် တစ်ယောက်တည်းထိုင်သောက်နေမိခဲ့တဲ့သူဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ထင်ရပေမယ့်လည်း သူ၏နှလုံးသားတွေထဲမှာတော့ အတွေးတွေထဲမှာရော အော်ဟစ်ပစ်ချင်မိလိုက်တဲ့အထိ အသွေးအသားတွေက ဆူညံနေခဲ့တယ်။
တစ်ဖက်က ညီအရင်းဖြစ်သူ ၊ တစ်ဖက်ကလည်း သူ့ဘဝမှာ ပထမဆုံးအနေနဲ့အများကြီးသဘောကျမိတဲ့ ယောကျာ်းတစ်ယောက်။ ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းမသိတော့ဘဲ ကိစ္စတွေဟာ ဘယ်ကနေဘယ်လိုစတင်လာမှန်းတောင် သူ မသိတော့ပါ။
YOU ARE READING
𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √
Fiksi Penggemar• 𝑇ℎ𝑒𝑖𝑟 𝑃𝑒𝑟𝑓𝑒𝑐𝑡 𝑀𝑎𝑟𝑟𝑖𝑎𝑔𝑒 𝑅𝑒𝑣𝑒𝑛𝑔𝑒 • 𝑳𝑬𝑬 𝑯𝑬𝑬𝑺𝑬𝑼𝑵𝑮 𝐗 𝑳𝑬𝑬 𝑱𝑼𝑵𝑮𝑾𝑶𝑵 𝐢𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐟𝐫𝐨𝐦 ' 𝐏𝐄𝐑𝐅𝐄𝐂𝐓 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄 ' 𝐬𝐞𝐫𝐢𝐞𝐬 ! _a complete story_