MY STRANGER GUY
Part – 1ခြံထဲထိုးဝင်လာသည့်ကားကိုကြည့်ရင်း Light နှုတ်ခမ်းကိုတွန့်ရုံ ပြုံးမိ၏။ ကားပေါ်မှအရင်ဆင်းလာသူကား ရာဇပလ္လင်၏ သက်တော်စောင့်ဖြစ်သူ 52(ဖိုက်တူး) ။ ဖိုက်တူးက ကားနောက်ခန်းမှ တံခါးကိုဆွဲဖွင့်ပေးရင်း သူ့ခြံဝန်းကိုတစ်ချက် အကဲခတ်နေပုံရသည်။
" ဟိုကောင်.....ဖိုက်တူးလား ဖူးသိုက်လား စောက်ပိုတွေ လုပ်မနေနဲ့။မင်းဘောစ့်က ငါ့ယောက်ဖ။ ငါက လုပ်ကြံပါ့မလား။ "
Light စကားကြောင့် ဖိုက်တူးက ခေါင်းတစ်ချက်ညိတ်ပြရင်း.....
" အရင်က ဘောစ့်စီးမယ့်ကားကို ဗုံးဖောက်ဖူးတာမို့ အပြည့်အဝ မယုံနိုင်တာ ခွင့်လွှတ်ပါ။"
Light နှုတ်ခမ်းကို မဲ့ချမိ၏။ ဆရာရော တပည့်ပါ ကျက်သရေကိုမရှိ။ ကားပေါ်မှ ဆင်းလာသည့် ရာဇပလ္လင်က သူ့ကိုကြည့်ရင်းမှ...
" ဘာကိစ္စလဲ....လကလေးကိစ္စ အရေးပေါ်ဆို။ "
မမ.....ဟုတ်သည်။ သူ မမကို အကြောင်းပြပြီး ညာခေါ်လိုက်ခြင်းပင်။ မမကို ရာဇပလ္လင်က ချစ်ခွင့်လဲပန်ထားသည်။လက်ထပ်ခွင့်လဲ တောင်းသည်။ သို့ပေမယ့် မမက လုံးဝလက်မခံပေ။ အကြောင်းအရင်းတွေ မသိပေမယ့် ဒီကောင် ကိုယ့်အစ်မကို အလွန်အကြူးတွေ ဖြစ်နေမှန်းတော့ ရိပ်မိ၏။ အေးလေ....ကိုယ့်အစ်မကလဲ ငယ်ငယ်ထဲက ကိုယ်နဲ့ကြီးလာတော့ နဂိုသိပ်မလှတောင် Light ဆိုတဲ့ကောင်ရဲ့ အရောင်အဝါကဟပ်ခဲ့တာကိုး။
" မမ မြန်မာကနေ ပြန်လာပြီ။ "
" ဘာ!"
ရာဇပလ္လင် ရှူးရှူးရှားရှား ဖြစ်သွား၏။ ဟုတ်သည်လေ......သူ့ကို ပစ်ချခဲ့ပြီး အဖေနဲ့အမေနောက် လိုက်သွားတာ နှစ်နှစ်တောင်။ သူ ဒီကအလုပ်တွေ ပစ်ချခဲ့လို့ မရတာ သိလို့ တမင်လုပ်သွားတာ။ ဘယ်လောက် လွမ်းနေရသလဲ။ ရာဇပလ္လင် အိမ်ဘက်ကို လှမ်းကြည့်မိ၏။
" ကြည့်မနေနဲ့ မရှိဘူး။ "
" ဘယ်သွားတာလဲ....."
" ဟ! ငါက သိမလား။ "
Light ဆီမှ အဖြေကြောင့် ရာဇပလ္လင် မကျေမနပ်ဖြစ်သွားရသည်။
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။