My Stranger Guy
အပိုင်း ( ၆ )စန္ဒာ တံခါးဘဲလ်တီးသံကြားပေမယ့် သွားကြည့်စရာ မလိုအောင်ကို ဘယ်သူမှန်း သိနေတာမို့ တမင် မကြားဟန်ဆောင်နေကာ အိပ်ယာထက် လှိမ့်အိပ်ပစ်လိုက်သည်။ နေမကောင်းရသည့်ကြားထဲ သူက စန္ဒာ့ကို စိတ်တိုအောင်ပဲ လာလာလုပ်နေသည်။ ပူညံပူညံလုပ်တာတွေဆို မခံစားနိုင်လွန်းတာမို့ မိဘနဲ့ရော မောင်နဲ့ပါ မနေပဲ တစ်ယောက်ထဲ ခွဲနေကာမှ ချစ်သူရပြီး နားညီးနေမှာတော့ စန္ဒာ တကယ် မကြိုက်ပေ။
တအောင့်လောက်ကြာတော့ ဘဲလ်တီးသံ ရပ်သွားသည်။ ပြန်သွားပြီထင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပေမယ့် မနက်မိုးလင်း၍ နိုးလာကာ ရေမိုးချိုးပြင်ဆင်ပြီး ထွက်လာတော့ တိုက်ရှေ့က ကားရပ်သည့်နေရာမှာ သူ့ကားကို မှီရပ်ရင်း စောင့်နေသည့် ရာဇပလ္လင်ကို တွေ့လိုက်ရသည်။ ပုံစံက ညကအတိုင်းပဲမို့ မပြန်သေးတာလားဟု တအံ့တဩဖြစ်နေစဥ်မှာပင် သူက စန္ဒာ့အနား ကပျာကယာ ရောက်လာသည်။
“ လကလေး.....ကိုယ်.....”
“ ရာဇပလ္လင် နင် တစ်ညလုံး ဒီမှာနေနေတာလား။ “
ရာဇပလ္လင် ခေါင်းကိုငုံ့လိုက်ရင်းမှ....
“ မင်း ထပ်ပြီး ထွက်ပြေးမှာစိုးလို့။ “စန္ဒာ ဟင်းခနဲ သက်ပြင်းချမိသွားသည်။ သူ့ ကားပေါ်တက်ထိုင်လိုက်တော့ ကားမောင်းသည့်နေရာကို ကပျာကယာရောက်လာရင်း စန္ဒာ့ကို လာစိုက်ကြည့်နေသည်။
“ Club ကို လိုက်ပို့ပေး။ ပြီးရင် ပြန်ပြီးနားလိုက်။”
“ .........”
“ ကြားလား....”
“ ဟုတ်...”စန္ဒာ ပြုံးမိသွားသည်။ အရမ်းကို စကားနားထောင်သည့်ပုံစံက ဗလတောင့်တောင့် အရပ်မြင့်မြင့်ဖြင့် ကျားကိုးစီးစားမကုန်သော သူ့ပုံစံကြီးနဲ့ မလိုက်မဖက် ရီစရာကောင်းနေသည် မဟုတ်ပါလား။ ရာဇပလ္လင် လကလေးကို တစ်ချက်ကြည့်လိုက်ရင်းမှ ပြုံးနေတာ မြင်တာမို့ ရင်ထဲအေးသွားရသည်။ သူ့ကို စိတ်ဆိုးပြေပြီ ထင်ပါရဲ့။
“ ကိုယ့်ကို စိတ်ဆိုးပြေပြီလား။ “
“ ...........”စကားပြန်မပြောလာပဲ သူ့ကို မင်သေသေလေး စိုက်ကြည့်နေတာမို့ ရာဇပလ္လင် လကလေး၏ လက်တစ်ဖက်ကို ဆွဲယူကာ အသာနမ်းရှိုက်လိုက်သည်။
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။