My Stranger Guy
အပိုင်း ( ၁၇ )
ဖြောင်း!!
ပါးတစ်ဖက်က ထူပူသွားသလို စန္ဒာ အံကိုတင်းခနဲ ကြိတ်လိုက်မိရင်းမှ ရူ့ကီမျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ လက်နှစ်ဖက်က ထိုင်နေရသည့် ကုလားထိုင်နှင့်တွဲချည်ခံထားရသလို ခြေထောက်ကလဲ ကြိုးတွေတင်းနေအောင် ချည်ထားခံရသည်။
“ နင့် မောင် ဒီလိုလုပ်တာများပြီဆိုတာ နင် သိတယ် မဟုတ်လား။ “
“ ……”
ဘာမှ ပြန်မဖြေပဲ အံကိုတင်းတင်းကြိတ်ထားသည့် ငွေစန္ဒာ့ပုံစံကြောင့် ရူ့ကီ ခပ်မဲ့မဲ့ရယ်ရင်း....
“ ဒက်ဒီက နင့်ကို သေချာဆုံးမဖို့ မှာထားပြီးသား။ ရာဇပလ္လင် သိရင်တောင် ငါ့ကို ဘာမှလုပ်လို့ မရဘူးဆိုတာ နင် သိတယ် မဟုတ်လား။ “
“ အဟင်းးငကြောက်မ။ “
ရူ့ကီ မျက်နှာက တည်တင်းသွားသလို ငွေစန္ဒာ့ ပါးကို ထပ်မံလွှဲရိုက်ချလိုက်သည်။ မျက်နှာက ဘေးသို့စောင်းကျသွားတာတောင် ဆတ်ခနဲ ပြန်လှည့်ကြည့်လာပြီး မော့ထားလိုက်ပုံက တကယ့်အကြောတင်း။
“ နင်က ဒါပဲ တတ်နိုင်တာလေ။ ငါ့ကို ကြိုးချည်ပြီးမှ လက်ရွယ်ရဲတဲ့ ငကြောက်မ မဟုတ်လား။ သတ္တိရှိရင် နင်တစ်ချက် ငါတစ်ချက် ပြိုင်ရိုက်မလား။ နာလို့ အသံထွက်လိုက်မိတဲ့သူ အရှုံးလေ။ လုပ်ရဲလား။ “
မျက်နှာကွက်ခနဲ ပျက်သွားသည့် ရူ့ကီပုံစံကြောင့် စန္ဒာ နှုတ်ခမ်းကို မဲ့ချလိုက်သည်။ တကယ့် ငကြောက်မ။
“ ငါက နင့်ကို ဘာကိစ္စ ကြိုးဖြည်ပေးရမှာလဲ။ ဟုတ်တယ်.....ငါ နင့်ကို ကြိုးချည်ပြီးမှ ရိုက်ရဲတယ်။ ငါနဲ့နင် ကြီးပြင်းလာပုံချင်း မတူသလို နင်က လူမိုက်ဓားပြသမီးပေမယ့် ငါက အမတ်တစ်ယောက်ရဲ့အိမ်မှာ သေချာမွေးစားခံရတဲ့ကလေးပါ။ မျိုးရိုးမကောင်းတဲ့ သူခိုးဓားပြ စာမတတ်ပေမတတ်ကောင်ရဲ့ ပေါက်လွတ်ပဲစားကလေး မဟုတ်ဘူး။ “
“ ဒီမသာမကတော့....အဲ့ပါးစပ်ကို ဆွဲဖြဲပစ်ရမလား။ “
ဒေါသတကြီး တုံ့ပြန်ရန် ပြင်လိုက်ပေမယ့် ကြိုးချည်ခံထားရတာမို့ လက်တွေက တင်းခနဲ နာကျင်သွားရသည်သာ အဖက်တင်သည်။
ရာဇပလ္လင် အခန်းတံခါးကို ဆောင့်ကန်လိုက်သည်နှင့် ရပ်နေရာမှ လှည့်ကြည့်လာသည့် ရူ့ကီကို တွေ့လိုက်ရသလို ကုလားထိုင်နှင့် တွဲကာ ကြိုးတုပ်ခံထားရသည့် လကလေးကိုပါ တွေ့လိုက်ရသည်။
“ ဘယ်လိုသိတာလဲ ဒီနေရာကို။ “
လကလေးရှေ့မှ ပိတ်ရပ်ကာ သူ့ကို ပြန်မေးလာသည်မို့ ရာဇပလ္လင် မျက်နှာကို မဲ့ချလိုက်သည်။
“ ဘေးဖယ်....”
“ အမိန့်အရလုပ်တာမို့ နင် ငါ့ကို တားလို့ မရဘူး ရာဇပလ္လင်။ “
“ ဟုတ်လား.....အဲ့လိုထင်ရင် တားကြည့်လေ။ “
ပြောလဲပြော သူ့အကြည့်က လကလေးဆီရောက်သွားရသည်။ ပါးပြင်က နီရဲနေတာ မြင်လိုက်ရသည်မို့ သူ အံကို တင်းခနဲ ကြိတ်လိုက်မိသည်။ ရူ့ကီ လည်ပင်းကို ဖမ်းညှစ်ပစ်လိုက်ရင်းမှ.....
“ ရိုက်ထားတာလား.....ငါ့မိန်းမကိုလေ။ “
“ အင်း.....ဒက်ဒီက ဆုံးမခိုင်းထားတယ်လေ။ မောင်ဖြစ်သူက မလိမ္မာတာမို့ အစ်မဖြစ်သူကို ကြပ်ကြပ်ဆုံးမပေးရမယ်တဲ့။ “
“ တကယ် အကြောက်အလန့် မရှိဘူးပဲ။ ရာရာစစ....ဘယ်သူ့ကို လာထိတာလဲ။ “
မျက်ထောက်နီဖြင့် ခပ်စူးစူးစိုက်ကြည့်နေကာ လည်ပင်းညှစ်ထားပေမယ့် သူ့ကို ပမာမခန့် ပြန်စိုက်ကြည့်နေရင်း....
“ ငါက ကိုယ်ဝန်ကြီးနဲ့နော်။ ဧကန္တ....ကိုယ်ဝန်နဲ့အမျိုးသမီးတစ်ယောက်ကို လက်ပါဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား။ “
“ ငါကတော့ လက်ပါတယ်....။ “
အသံနဲ့အတူ လူကလှည့်အကြည့် ပါးကို ဖြောင်းခနဲ ပိတ်ရိုက်ခံလိုက်ရသည်မို့ ကြည့်လိုက်မိတော့ ငွေစန္ဒာ။ ဘယ်ကနေ ဘယ်လို ကြိုးပြေသွားသည်မသိ အနောက်ကို ရောက်လာကာ ရူ့ကီပါးကို ဖြောင်းခနဲ ပိတ်ရိုက်ချလိုက်သည်။
စန္ဒာ ရူ့ကီ၏ ဆံပင်ကို ဆောင့်ဆွဲလိုက်ရင်းမှ ပါးကို ဘယ်ပြန်ညာပြန်ဆင့်ရိုက်ချပစ်သလို ထပ်မံလက်ရွယ်လိုက်ပေမယ့် ဖတ်ခနဲ လက်ကို ဆွဲကိုင်ကာ တားလိုက်သည့်လူအား ကြည့်မိတော့ ရာဇပလ္လင်။
“ ဘာလုပ်တာလဲ....လွှတ်စမ်း။ “
“ သူ့မှာ ကိုယ်ဝန်ကြီးနဲ့ လကလေး။ “
“ ကိုယ်ဝန်က ဗိုက်မှာ ရှိတာ.....ပါးနဲ့မျက်ခွက်က အကောင်းကြီး။ နင်က ဘာလို့ တားနေတာလဲ....နင် အဲ့ကောင်မဘက်ကလား....ဟုတ်လား ရာဇပလ္လင်...နင်က အဲ့ဟာမဘက်ကလားလို့ မေးနေတယ်လေ။ “
သူမကို အသားနာအောင် လုပ်ထား၍ အတော် စိတ်တိုနေပုံရသည်။ ကြည့်ရတာ သူ ရောက်မလာခင်ထဲက ကြိုးကို ကျိတ်ဖြေထားပုံရသည်။ ရန်လိုနေသည့် သူမပုံစံကြောင့် ကမန်းကတန်း လိုက်ဆွဲထားရာမှ အသာလက်ကာပြလိုက်ရင်း...
“ မဟုတ်ဘူး....မဟုတ်ပါဘူး။ အဖေနဲ့ ပြဿနာတက်မှာစိုလို့ပါ။ ကိုယ် ပြောနေတာက ဗိုက်ကြီးသည်ကို.....”
“ ဘာမှ လာပြောမနေနဲ့.....ငါ ဒီနေ့ အဲ့ဟာမ ပါးစပ်ကို ဆွဲဖြဲပစ်မှာ။ “
စန္ဒာ့ အကြည့်က မလှမ်းမကမ်းတွင် ရပ်နေသေးသည့် ရူ့ကီဆီရောက်သွားသလို ရူ့ကီကလဲ သူ့လူတွေကို ကပျာကယာ လှမ်းခေါ်၏။ အပြင်ဖက်မှာလဲ ဖိုက်တူးတို့ရှိတာမို့ အချေအတင်ဖြစ်နေတာတွေ တိုက်ခိုက်သံတွေ ကြားနေရသည်။
“ နင်က ငါ့အဖေကို ပြောရဲတယ်ပေါ့။ နင့် အဲ့ပါးစပ်ကို ငါ တစ်စစီ ဆွဲဖြဲပစ်မယ်။ အဲ့ဓားပြဗိုလ်ရဲ့ သမီးက ဘယ်လောက် ယုတ်မာလဲ ပြပေးမယ်။ “
စန္ဒာ့ ကြိုးကိုဖြည်ထားသည့် ပေါက်ဓားအတိုလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်းမှ ရှေ့တိုးလိုက်သလို ရူ့ကီလဲ နောက်ကို အမြန်ဆုတ်သွား၏။
“ နင် ငါ့ကို ထိရင် ပြဿနာတက်မှာနော် ငွေစန္ဒာ။ ငါ့ဗိုက်ထဲမှာ ...”
“ အေး...နင့်စောက်ပြဿနာက အဲ့ဒါပဲ ။ နင့်မှာ အားကိုးအားထားပြုစရာ အဲ့မျိုးမစစ်ရဲ့ ကလေးပဲ ရှိတာလေ။ “
“ ငွေစန္ဒာ..... ။ “
ဟိန်းထွက်လာသည့် အော်သံနှင့်အတူ အခန်းဝကို ကြည့်လိုက်မိတော့ ဦးမောင်ကလေး။ သူ့နောက်လိုက်လူတွေနှင့်အတူ ရောက်လာသည့် ဦးမောင်ကလေးက အခန်းထဲဝင်လာရင်းမှ စန္ဒာ့ကို တစ်ချက်ကြည့်ရင်း....
“ ပြဿနာရှာတာ တော်တာပဲ ငွေစန္ဒာ။ ဘာ....မျိုးမစစ်ရဲ့ ကလေးဟုတ်လား။ “
“ ဟုတ်တယ်။ “
စန္ဒာကလဲ အကြောမာသည်။ ဦးမောင်ကလေးကို တည့်တည့်ပြန်စိုက်ကြည့်ပြီးကို ပြော၏။ ဦးမောင်ကလေး လက်တစ်ဖက်က မြောက်သွားသလို ရာဇပလ္လင် အမြန်ကာရပ်လိုက်သည်။ ဦးမောင်ကလေး အံကိုတင်းခနဲ ကြိတ်မိသွားသည်။ ငွေစန္ဒာ့ကို စူးစိုက်ကြည့်ရင်းမှ ...
“ ကိုယ်ဝန်ဆောင်ကို လက်မပါရဘူးဆိုတာ နားမလည်ဘူးလား။ မင်းအဖေက
မသင်ပေးဘူးလား။ “
“ ကိုယ့်ကိုတစ်ချက်လုပ်ရင် ကိုယ်က နှစ်ချက်ပြန်လုပ်ဖို့နဲ့ ငြိမ်ခံမလာဖို့ပဲ သင်ပေးလိုက်တယ်။ ကံကောင်းတာတစ်ခု ပြောလိုက်မယ်....ကျွန်မ တစ်ခုခုဖြစ်ရင် အဖေက ဘယ်သူ့ကိုမဆို မီးတင်ရှို့သတ်လိမ့်မယ်။”
ဦးမောင်ကလေး ရှေ့ကို တိုးလိုက်မိသလို ရာဇပလ္လင် ကမန်းကတန်း လကလေးရှေ့မှ မဖယ်ပဲ ပို၍ ပိတ်ရပ်ကာထားလိုက်၏။
“ အဖေ့...”
ဦးမောင်ကလေး သားဖြစ်သူကို တစ်ချက်ကြည့်လိုက်မိရင်းမှ ရူ့ကီလက်ကို ဆွဲကာ ပြန်ထွက်သွားသည်။ ရာဇပလ္လင် ခုမှ သက်ပြင်းချနိုင်သလို လကလေးကို ပြန်ငဲ့ကြည့်မိတော့ အံကို တင်းနေအောင် ကြိတ်ထားသည်။ တကယ်ပဲ သူ အဖေ နဲ့ သူမကြား စိတ်မွန်းကြပ်လိုက်တာ။
@@@@@@@@@@@
Light ဆိုင်ကယ်သံကြောင့် မမ မှန်း သိလိုက်သလို နောက်မှ ကားသံပါ ကပ်လျက်ပါလာသည်မို့ ရာဇပလ္လင်ပါ ပါလာမှန်း ရိပ်စားမိလိုက်သည်။ ဘာဖြစ်လာကြပြီမှန်း သိစရာမလိုပါ။ ရန်ဖြစ်လာကြပြန်ပြီ နေမှာပေါ့။ သူ့အတွေးပင် မဆုံးလိုက် ဆူဆူညံညံအသံတွေနှင့်အတူ မမ၏ အသံစူးစူးကို ကြားလိုက်ရသည်။
“ ငါ ပြန်မလိုက်ဘူးလို့ ပြောနေတယ်နော် ရာဇပလ္လင်။ နင် ပြန်လိုက်တော့။ နင့်အဖေ ၊ နင့် မိထွေးနဲ့အတူ သွားပြန်နေ သွား....။ အဲ့မှာ စောက်ရမ်းပျော်စရာကောင်းတဲ့ မိသားစုဘဝကြီးကို သွားတည်ဆောက်။ “
Light ဧည့်ခန်းထဲမှ ထွက်ကြည့်လိုက်မိသလို မမ မျက်နှာမှ နီမြန်းနေသည့် ပါးပြင်ကို အကြည့်ရောက်သွား၏။ ကပျာကယာ အနားရောက်သွားသလို မျက်မှောင်ကြီးကို ကျုံ့လိုက်မိသည်။
“ မမ....နင့်ကို ဘယ်သူ ရိုက်လိုက်တာလဲ။ “
“ ဘယ်သူရမလဲ....ဟိုဂျပန်မပေါ့။ ငါ သတ်ပစ်မှာ။ “
ရာဇပလ္လင် သက်ပြင်းချမိသွားသည်။
“ လကလေး....ကိုယ် တကယ်တောင်းပန်ပါတယ်။ အဲ့မိန်းမက လောလောဆယ် ကိုယ်ဝန်...”
Light ဟက်ခနဲ ရယ်လိုက်မိသလို ရာဇပလ္လင်၏ အင်္ကျီကော်လံစကို ဒေါသတကြီး ဆောင့်ဆွဲပစ်လိုက်သည်။
“ စောက်ရူးစကားတွေ လာမပြောနဲ့ ရာဇပလ္လင်။ အဲ့ကောင်မ ဗိုက်ကြီးတာ မကြီးတာ သူ့စောက်ကြောင်း......အေး.....ငါ့အစ်မကို လာထိရင်တော့ ငါ့စောက်ကြောင်း ဖြစ်သွားပြီ။ မင်းကို ယုံလို့ ငါ ငါ့အစ်မကို ပေးလိုက်တာနော်။ ဒီလောက်လေးတောင် မကာကွယ်ပေးနိုင်ရင် မင်း က ငါ့..”
“ လင်းရောင်ခြည် ....”
ထဟန့်လိုက်သည့် မမကြောင့် သူ အံကိုတင်းခနဲ ကြိတ်လိုက်မိသလို ဘေးမှ ခုံကို ဆောင့်ကန်လိုက်မိသည်။ သူ့အစ်မကို သူတောင် လက်ဖျားနဲ့ထိတာ မဟုတ်။ မောင်နှမနှစ်ယောက် ဘယ်လောက် ငြင်းခုန်ရန်ဖြစ်နေပါစေ သူ့အစ်မသူ့ကို ကန်ကျောက်ရိုက်ပုတ်တောင် သူ ငြိမ်ခံခဲ့တာချည်းပင်။
“ မမ....နင့်လင် အချိုးမပြေဘူးနော်.....”
“ သူ လုပ်တာ မဟုတ်ဘူး အလင်း။ ရာဇပလ္လင် နင်လဲ ပြန်တော့။ “
လကလေးပုံစံကို ကြည့်ရင်းမှ သူ ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ ဖိုက်တူးကို တစ်ချက်ပြန်လှည့်ကြည့်ရင်း....
“ အိမ်ပြန်ပြီး ပစ္စည်းတွေ ယူ။ စည်းစိမ်ကိုပါ ခေါ်လာခဲ့။ “
Light မျက်ခုံးတစ်ဖက်က ပင့်တက်သွားရသည်။ ဘာလဲ ဒီအဓိပ္ပာယ်က။
“ နေ.....နေ.....နေပါဦး....မင်းက ဘာလို့ သူ့ကို ပစ္စည်းတွေ ပြန်ယူခိုင်းရတာလဲ။ မဟုတ်မှ....”
“ ငါ့မိန်းမနဲ့ပဲ ငါနေမယ်။ “
“ ဘာ....”
စန္ဒာ့မျက်နှာကလဲ ရှုံ့မဲ့သွားရသလို ရာဇပလ္လင်ကို စူးစိုက်ကြည့်လာ၏။ အိမ်ပေါ်က ဆင်းလာပါတယ်ဆို သူကပါ ဘာလိုက်လုပ်လဲ မသိ။
“ ရာဇပလ္လင်.......”
“ ကိုယ် ပြောပြီးပြီ လကလေး။ မင်း ရှိတဲ့နေရာက ကိုယ်နေရမယ့် နေရာပဲ။ “
“ သွားစမ်းပါ.......နင့်ဗိုက်ကြီးသည်နဲ့သာ အတူရှိနေလိုက်ပေါ့။ “
“ မဟုတ်တာတွေ...မဟုတ်တာတွေ ....လကလေး မင်း ဘာလို့ ကိုယ့်ကို အမြဲ အရွဲ့တိုက်နေရတာလဲ။ “
နဂိုဒေါသထွက်နေသည့်အထဲ သူ့စကားက စန္ဒာ့ကို ပိုစိတ်တိုစေသည်။ ရန်ဖြစ်တုန်းက စန္ဒာ့ကို သူက လာဆွဲရုံမက ဗိုက်ကြီးသည် ဘာညာနဲ့ ဟိုမိန်းမဖက်ကနေ ပါနေသေးသည်။ သူ့ရင်ဘတ်ကို အားဖြင့် ဆောင့်တွန်းထုတ်လိုက်ပေမယ့် ပြန်ယိုင်ကျသွားသည်က ကိုယ်သာ ဖြစ်နေခဲ့တာမို့ ရာဇပလ္လင်က ကပျာကယာ ဖမ်းကိုင်ထားပေးရသည်။
“ လကလေး...”
“ နင့် ကို ငါ ပြောနေတယ်လေ....ထွက်သွားလို့။ “
ရာဇပလ္လင် သက်ပြင်းချမိသွားရသည်။ Light က နှစ်ယောက်သားကို စိတ်ညစ်သလို ကြည့်နေရင်းမှ နှစ်ယောက်လုံးနှင်ထုတ်ရန်ပြင်လိုက်သော်လည်း ကားသံနဲ့အတူ အိမ်ထဲဝင်လာသည့် ပန်းကလေးနှင့် သမီးကို မြင်လိုက်ရတာမို့ သူ ငြိမ်နေလိုက်ရသည်။
“ ဟယ်......မမတို့ ရောက်နေတာလား။ “
“ ယေးးးးးတီတီတို့ လာလည်တယ်။ “
သမီးက ဝမ်းသာအားရဖြင့် ပျော်ရွှင်မြူးတူးစွာ ရာဇပလ္လင်ဆီ ပြေးသွားသည်မို့ ရာဇပလ္လင်က အသာပွေ့ချီလိုက်သည်။
“ ဒီနေ့ ဦးဦးက အန်တီနဲ့လိုက်လာတာ.....မီးလေးကို လွမ်းလို့ဗျ။ “
သမီးမျက်နှာက ပြုံးရွှင်သွားသလို စန္ဒာလဲ ကလေးကို ခုတုံးလုပ်နေသည့်ပုံစံအား မြင်ပြင်းကတ်တာမို့ အိမ်ပေါ်ထပ်သာ တက်လာခဲ့သည်။ မီးမီးက သူ့ကို သိပ်ချစ်သည်။ သူက မီးမီးရဲ့ ခေါင်းကိုင်အဖေဆိုလဲ ဟုတ်သည်လေ။ တကယ်တမ်း စန္ဒာ သူ့ကို ပထုတ်ချင်သည်။ စန္ဒာ့အနားမှာ သူ မရှိတာ ပိုအဆင်ပြေမည်။ ကိုယ့်ရောဂါ အခြေအနေ ကိုယ်သိတာမို့ သူ့အနား ဒုက္ခိတကြီးလို့ အပူတွေပဲ ပေးနေမိမှာ စိုးသည်။
ဟင့်အင်းးးးစန္ဒာ သူ့ကို ဒီပုံစံမျိုးတွေ မပြချင်ဘူး။
@@@@@@@@@@@@
မိုင်း ခြံထဲရှိခုံတွင် ထိုင်နေရင်း စီးကရက်ကို နှုတ်ခမ်းတွင် တေ့လိုက်သည့် မမ ကြောင့် အနားရပ်နေရင်းမှ စီးကရက်ကို အသာဆွဲယူလိုက်သည်။
“ မမ...ဆရာဝန်က ဆေးလိပ်ဖြတ်ခိုင်းထားတယ်လေ။ “
“ ဖြတ်လိုက်ရင် ငါ မကန်းတော့ဘူးလား။ “
မိုင်း ပါးစပ်ပိတ်သွားသလို ဘာပြန်ဖြေရမှန်း မသိ ။ သူ့လက်ထဲမှ စီးကရက်ကို ပြန်ဆွဲယူသွားတာမို့ မီးခြစ်ထုတ်ကာ အသာမီးညှိပေးလိုက်ရသည်။ အစ်ကိုလေးကို ပြန်ပြောစေချင်ပေမယ့် မမက အသိမပေးသေးဘူး ဆိုတာမို့ သူ ပါးစပ်ပိတ်နေရသည်။
ရာဇပလ္လင် ဝရန်တာမှာ လက်ထောက်ကာ ခြံထဲရှိ လကလေးနှင့် မိုင်းကို လှမ်းကြည့်နေခြင်းပင်။ သူ မိုင်းကို လကလေးအနားကနေ ဆွဲမထုတ်တာ အကြောင်းရှိသည်။ သဝန်တိုတာက တိုတာ တစ်ကဏ္ဍပေမယ့် လကလေးအတွက် အသက်ပေးပြီး ကာကွယ်မည့်သူ၊ လကလေးကို ဘယ်သောအခါမှ သစ္စာမဖောက်မည့်သူတစ်ယောက်ကတော့ အနားမှာ ရှိနေဖို့လိုတာကို သူနားလည်ထားသည်။
“ မင်း ဒီည တကယ် မပြန်ဘူးလား။”
အနားရောက်လာသည့် Light ထံမှ အမေးစကားကြောင့် သူ လှည့်မကြည့်ပဲ ခပ်အေးအေးသာ အင်းဟု သံရှည်ဆွဲဖြေလိုက်သည်။
“ မင်းအဖေက ...”
“ အလုပ်ကိစ္စလေး တစ်ခုရှိလို့။ အဲ့ကိစ္စပြီးတာနဲ့ ငါ့ဂိုဏ်းကိုပဲ ပြန်တော့မယ်။ အဖေ့ဆီမှာ နေရတာ လကလေး အရမ်းပင်ပန်းတယ်။ “
“ ငါ့အစ်မကို အသားနာအောင် လုပ်တာတော့ ငါ အဲ့မိန်းမကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ သူ ကလေးမွေးပြီးတာနဲ့ ငါ သတ်မှာ။ “
ရာဇပလ္လင် လွန့်ခနဲ ပြုံးလိုက်မိသည်။ မောင်နှမ နှစ်ယောက်က လိုက်လဲ လိုက်ပါသည်။
“ မင်း မသတ်ခင် မင်းအစ်မက သတ်မယ်ထင်တယ်။ “
Light ပခုံးနှစ်ဖက်ကို အသာတွန့်ပြလိုက်သည်။ ခြံထဲတွင် ရှိနေသည့် ငွေစန္ဒာက သူတို့နှစ်ယောက်ကို မော့ကြည့်လာသည်မို့ နှစ်ယောက်သား အိမ်ထဲပဲ ပြန်ဝင်လာခဲ့သည်။ သမီးယောက်ဖပေမယ့် သိပ်မတည့်သလို တည့်သည့်အခါလဲ မဟုတ်တာပဲ ပေါင်းကြံတတ်သည့်ထုံးစံအတိုင်း Light က ရာဇပလ္လင်ကို အရင်စဆွယ်လာပြန်သည်။
“ ငါ တိုက်တေနီယမ်တွေ ရှာသိမ်းနေတာ မင်း သိတယ် မဟုတ်လား။ အခုလဲ ရုရှားက လက်နက်ကိုင်အဖွဲ့တစ်ခုဆီမှာ သတင်းရလို့ ငါ ဝင်ရှာတယ်။ သူတောင်းစားက အခုထိ ရှိတဲ့နေရာကို မဖော်သေးဘူး။ “
“ ငါ က ကူစစ်မေးပေးရမှာ မဟုတ်လား။ “
သူ ဖြတ်မေးလိုက်သလို Light က ခပ်ညစ်ညစ်ပြုံးရင်း ဦးဆောင်ခေါ်လာ၏။ အခန်းတစ်ခုထဲ အရောက် ကုလားထိုင်တွင် ထိုင်လျက်သား ကြိုးဖြင့် အချည်ခံထားရသည့် လူမိုက်တစ်ယောက်ကို တွေ့လိုက်ရသည်။ ဘာလဲဟ....ဘာလို့ ဘောင်းဘီချွတ်ပြီး အောက်ပိုင်း ဗလာထားထားတာလဲ။ဆံပင်ရှည်ရှည်ကောက်ကောက်ဖြင့် အကြောလဲတင်းမည့်ပုံပင်။ သေချာကြည့်မှ ထိုလူထိုင်နေသည့် ထိုင်ခုံ၏ အလည်တည့်တည့်တွင် အဝိုင်းပေါက်ကြီး ဖောက်ထားသလို Light က သူ့လက်ထဲ ကြိုးစတစ်ခု ထည့်ပေးလား၏။
“ ရော့.....”
ကြိုးက အထူးကျစ်ထားပုံရသည်။ ပြီးတော့ ကြိုးရဲ့အစွန်းမှာ ထုံးထားသည့် အထုံးကြီးတစ်ခု ရှိသည်။
“ မင်း နဲ့ ငါ ဒီကောင့်ဘောကို ပြိုင်လွှဲရိုက်ကြမယ်။ ဘယ်သူ့လက်ဆမှာ ဒီကောင်ပို အသံကျယ်ကျယ်အော်သလဲလို့။ “
ရာဇပလ္လင် လက်ထဲက ကြိုးစကို တင်းနေအောင် ဆုပ်ကိုင်လိုက်ရင်းမှ ....
“ စိန်လိုက်လေ.....။ “
ရူ့ကီ ဖုန်းကိုကိုင်ထားရင်းမှ အကျိုးအကြောင်း သေချာပြောပြနေခြင်းပင်။
“ ကျမ တကယ်ပြောနေတာ။ ရာဇပလ္လင် နဲ့ ငွေစန္ဒာ ရှိနေရင် ကျမ ဘာမှ လုပ်လို့မရဘူး။ သူတို့ နှစ်ယောက်လုံးက အရမ်းအကဲဆတ်တယ်။ အခုလဲ ရာဇပလ္လင် ကြိတ်ပြီး လှုပ်ရှားနေပြီ။ သူ ကျွန်မကို သတ်တော့မှာ။ ကျွန်မရော ဗိုက်ထဲက ရှင့်ကလေးရော အန္တရာယ်အရမ်းများတယ် ။ “
သက်ပြင်းချသံကို ရူ့ကီ ဖုန်းထဲကနေ တဆင့် ကြားလိုက်ရသည်။ အတန်ကြာ ငြိမ်သက်သွားရင်းမှ.....
“ ကောင်းပြီ.....ရာဇပလ္လင်ကို အရင်သတ်ပေးမယ်။ အဲ့ကောင် မရှိရင် ငွေစန္ဒာ့ကို မင်းလက်ထဲ အပ်ပေးမယ်။ မျှင်းပြီးသာ သတ်ပေါ့။ မင်း အဲ့ကောင်မကို မကျေနပ်တာ များနေပြီ မဟုတ်လား။ “
ရူ့ကီ နှုတ်ခမ်းတွေ ပြုံးသွားရသည်။ ဒီလက်ဆောင်ကို သိပ်သဘောကျသည်။ ရာဇပလ္လင်ကို သူက သတ်ပေးမည်ဆိုလျှင် ရာဇပလ္လင်ဟာ ကျိန်းသေ သေလူပင်။ ဘယ်သောအခါမှ အပြောနဲ့အလုပ် မညီဖူးသည့် လူ မဟုတ်လို့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 18
Author - အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။