P-8

4.1K 162 5
                                    

My Stranger Guy
အပိုင်း ( ၈ )
ရာဇပလ္လင် ဂျစ်ကားပေါ်တက်လိုက်ရင်းမှ ဖဲဝိုင်းရှိရာဆီ ထွက်လာခဲ့သည်။ တနေ့က ဘိုးတော်မိသွားလို့ သူ့မှာ အလန့်တကြားဖြင့် မျက်နှာပူလိုက်ရတာ ပြောမနေပါနှင့်။ ထိုနေ့က ဘိုးတော်မျက်နှာကို သူ အခုထိ မျက်စိထဲက မထွက်။ ဒါကြောင့် ခုလဲ ဖဲဝိုင်းသွားရှောင်နေရန် စဥ်းစားခြင်းပင်။

ဖဲဝိုင်းကလဲ ကောင်းသည်။ ထိုးကြေးလဲ များသလို လူကလဲ စည်၏။ တကယ့် ဇော်တစ်တွေချည်းပဲမို့ ဖဲချဖို့ ဖဲလိုက်ဖို့ဆိုတာ မနည်းတွေးရတုန်းရှိသေး ဖဲဝိုင်းထဲ ဝင်လာသည့်လူကို ကြည့်မိတော့ ရာဇပလ္လင် ဖင်တကြွကြွ ဖြစ်သွား၏။ ယောက္ခထီးက ဘယ်လို ဖြစ်ပြီး။

ဘီးကျဲက နဂိုထဲက ဖဲဝိုင်းတွေ သိမ်းလာသည့်လူ ဖြစ်သလို ဆော့လာသည့်လူလဲ ဖြစ်သည်။ ဖဲဝိုင်းမြင်တော့ သူ့နဂိုဇာတိခံလေးက ရှိသေးတာမို့ ရာဇပလ္လင်နား ဝင်ထိုင်ရင်း နှစ်ယောက်ပေါင်းကာ တစ်အိမ်ကိုင်လိုက်သည်။ သို့ပေမယ့် ဘီးကျဲက ဦးစီးဦးဆောင်။

တူ....တူ....တူ

ဖုန်းမြည်သံကြောင့် ရာဇပလ္လင် ကြည့်မိတော့ ဘီးကျဲကို စန္ဒကူးက ပြန်ခေါ်နေပုံရသည်။ ကိုယ့်ဘာသာပဲ ဆက်ထိုးနေရင်းမှ နိုင်လဲနိုင်တာမို့ ဖဲဝိုင်းက ထ ဖို့ အစီအစဥ်မရှိပေ။

“ ဟိတ်ကောင်...ငါးကျပ် ထိုး ငါးကျပ်ထိုး ။ ထိုးစမ်းပါကွာ။”

ဘီးကျဲ၏ ခပ်ငေါက်ငေါက်အသံကြောင့် ရာဇပလ္လင် ငါးကျပ်ထိုးလိုက်သည်။ ရှုံး၏။ သို့ပေမယ့် နောက်တချီကျလဲ။

“ တစ်ဆယ်ထိုး..တစ်ဆယ်ထိုး...ငတုံး ငတုံး။”

တစ်ဆယ်ထပ်ထိုးသည်။ ရှုံးပြန်၏။ တစ်လှည့်ပြီးတစ်လှည့်ထိုးလာလိုက်တာ နောက်ဆုံး ပါသမျှ ကုန်သွားသည်။ ရာဇပလ္လင် ဘိုးတော်ကို မကြည်သလို ကြည့်လိုက်မိတော့ ခပ်တည်တည်ပင်။

“ အေးးးးးခုတော့ ကုန်ပြီ။ ဒီအတိုင်းခေါ်ရင် မင်းက ပြန်မှာမှ မဟုတ်တာ။ မြန်မြန်ကုန်တော့ အေးတာပေါ့။ လာ...ပြန်ကြမယ်။”

ဟမ်။
ရာဇပလ္လင် ဘာပြောလို့ ပြောရမှန်း မသိသလို ဘိုးတော်က မ ပြီမှန်း သိလိုက်၏။ တကယ့် ယောက္ခထီး။ လကလေးကို အိမ်ပြန်ရောက်သည်နှင့် သူ ပြန်တိုင်ပြောပေမယ့်.....

My Stranger Guy ( Complete) Where stories live. Discover now