P-22

2.8K 106 3
                                    

My Stranger Guy
Part – 22
စန္ဒာ မျက်စိရှေ့ရှိနေသည့် ဟာမကို သေချာစိုက်ကြည့်ရင်းမှ မေးဆတ်ပြလိုက်သည်။
“ ငါ့လမ်းမှာပိတ်နေရင် ငါ မကြိုက်ဘူး။ ဘာအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ်ပေါ့။ “
“ ရှင်…ရှင် ကျွန်မကို ပါးရိုက်လိုက်တယ်။ “
ရာဇပလ္လင် ကလပ်ထဲ ဝင်လာရင်းမှ မြင်နေရသည့် မြင်ကွင်းကြောင့် မျက်လုံးပြူးသွားရသည်။ ဘာလဲ….ဒီမိန်းမက ဒီအထိလာပြီး လကလေးဆီ ပြဿနာလာရှာရဲသည်။
“ လကလေး…..”
စန္ဒာ အနားရောက်လာသည့် ရာဇပလ္လင်ကို တစ်ချက်ငဲ့ကြည့်လိုက်ရင်းမှ လက်တစ်ဖက်က မြောက်တက်သွားကာ မျက်စိရှေ့ရှိနေသည့် ဆာရာ့ပါးကို ထပ်မံ ရိုက်ချပစ်လိုက်သည်။
ဖြောင်း!!!!!!
ဆာရာ အရိုက်ခံလိုက်ရတာ ရှိပြီမို့ လက်ကို ပြန်ရွယ်လိုက်ပေမယ့် ဆတ်ခနဲ ပုတ်ထုတ်ခံလိုက်ရသလို ရာဇပလ္လင်ကိုယ်တိုင် ဝင်ပါလာခြင်းပင်။
“ ကို…..ကိုကို့။”
ရာဇပလ္လင် လကလေးကို ဖျတ်ခနဲ ကြည့်မိသွားသည်။ သူ့ ကို မကြည့်ပဲ ဆာရာ့ ကိုသာ စေ့စေ့စိုက်ကြည့်ရင်းမှ လှောင်သလို ပြုံးကာ….
“ နင်ကများ ငါ့ကို လက်ရွယ်ရဲသေးတယ်။ ခုကစပြီး နင် သေချာမှတ်သွားစမ်း…နင် မတန်မရာ မှန်းနေတဲ့ နေရာက ငါပိုင်တာ ကြားလား။ “
ရာဇပလ္လင် သူ့ကို စူးခနဲပြန်ကြည့်လာသည့် လကလေးကြောင့် အသာလက်ကို လှမ်းကိုင်လိုက်မိသည်။ သူ ရှင်းပြမှ ရမည်။ သူ့ ဆန္ဒ မပါဘူးဆိုတာ သိမှ ဖြစ်မည်။
“ လကလေး….ကိုယ် ရှင်းပြမယ်။ “
စန္ဒာ သူ့လက်ကို ပုတ်ချလိုက်ရင်းမှ ….
“ ဖယ်စမ်း…..ရွံစရာ ကောင်းလို့ ငါ့အသားကို လာမထိစမ်းနဲ့ ရာဇပလ္လင်။ “
ဖိုက်တူး အနားရပ်နေရာမှ ဆာရာ့ကို ဆွဲခေါ်ထုတ်ရန် ပြင်လိုက်သည်။
“ ရပ်လိုက်စမ်း….”
အသံမာမာနဲ့အတူ ရောက်လာသည့်လူကို ကြည့်မိတော့ ဦးမောင်ကလေး။ နောက်လိုက်တွေနှင့်အတူ စန္ဒာ့ရှေ့ကို လျှောက်လာရင်းမှ….
“ ဆာရာကလဲ ငါ့သားဇနီးပဲ ငွေစန္ဒာ။ မင်း လက်ခံရမယ်။ “
စန္ဒာ ထပ်သီးခံမှာ မဟုတ်ပါ။
“ လက်မခံရင်ရော…..”
“ ဒိုင်း….”
သေနတ်သံနဲ့အတူ စန္ဒာ့နားရပ်နေသည့် ကောင်မလေး၏ ပခုံးတစ်ဖက်က အပစ်ခံရပြီး လဲကျသွားရသည်။
“ ဘာလုပ်တာလဲ…….”
“ မင်း လူတွေ သေတာ ထိုင်ကြည့်နေလိုက်ပေါ့။“
“ အောက်တန်းစားကြီး…..”
စန္ဒာ ရှေ့ကို တိုးလိုက်သည်နှင့် ရာဇပလ္လင် ကပျာကယာ ဖမ်းဆွဲလိုက်ရင်း ဆွဲထိန်းလိုက်ရသည်။ အဖေက တကယ်လုပ်မှာ သူသိသည်။
“ အားးးးလွှတ်စမ်း ရာဇပလ္လင် နင့်ကို ငါ လွှတ်လို့ ပြောနေတယ်။”
ရာဇပလ္လင် သက်ပြင်းချလိုက်ရင်းမှ…..
“ ဖိုက်တူး မင်းအစ်မကို ခေါ်သွားစမ်း။ “
“ ဟုတ်ကဲ့ ဂိုဏ်းချုပ်။“
“ လွှတ်…လွှတ်စမ်း……လွှတ်လို့ ပြောနေတယ်။ “
“ အဲ့လက်ကို ဖယ်လိုက်စမ်း။ “
အသံနဲ့အတူ လကလေးအနား ကပျာကယာပြေးလာသည့် မိုင်းကို တွေ့လိုက်ရသည်မို့ ရာဇပလ္လင် မျက်မှောင်ကျုံ့သွားရသည်။
“ မမကို ဘယ်သူမှ မထိနဲ့။ “
မိုင်း သေနတ်ကို ဆွဲထုတ်လိုက်သလို ဦးမောင်ကလေးဆီ ထိုးချိန်လိုက်၏။ မိုက်ကီက မိုင်းဆီ သေနတ်ပြောင်းကို လှည့်ချိန်လိုက်သလို ဦးမောင်ကလေးက တဟားဟားထရယ်သည်။
“ ကောင်းတာပေါ့….ငွေစန္ဒာ နောက်ပစ်မှတ်က ဒီကောင်လေးဆိုရင်ရော။ ငယ်ငယ်ထဲက မင်းခေါ်စောင့်ရှောက်ခဲ့တာဆို..သံယောဇဥ်မနည်းလောက်ဘူး ထင်တယ်။ “
စန္ဒာ အံကို တင်းခနဲ ကြိတ်လိုက်မိသလို ဒီလူ့စောက်ကျင့်ကို သိတာမို့ စိတ်ကို မနည်းလျှော့လိုက်ရသည်။ ဟုတ်တယ်…အခု တစ်ခါပဲ။ နောက်အပတ်ဆို အလင်း ပြန်လာတော့မှာ။ အကုန်လုံးကို ဆွဲဖြဲပစ်မယ်။
“ မိုင်း သေနတ်ကို ချလိုက်။ “
မိုင်း မမကို တစ်ချက်ကြည့်ရင်းမှ တောက်ခေါက်လိုက်ရင်း သေနတ်ကို ချလိုက်ရသည်။ ခုချိန် မမ ဘယ်လောက် စိတ်တိုနေမလဲ ခံပြင်းနေမလဲ သူသိသည်။ သူခံစားလို့ရသည်။ တစ်သက်လုံး မမနားပဲ ခစားခဲ့သည့် လူမို့။
“ ပြန်ကြရအောင် ။”
ရာဇပလ္လင် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ လကလေးလက်ကို အမြန်လှမ်းဆွဲလိုက်ရင်းမှ….
“ ဘယ်ကိုလဲ….ဘယ်ကို ပြန်မှာလဲ။ “
သူ့ကို ခပ်အေးအေး စိုက်ကြည့်လာသည့် အကြည့်တွေမှာ အေးစက်ခြင်းနှင့် မုန်းတီးခြင်းကို သူ ကောင်းကောင်းကြီး ခံစားမိလိုက်သည်။
“ မဟုတ်ဘူး…”
“ နင် နဲ့ ငါပြီးပြီ ရာဇပလ္လင်။ သစ္စာမရှိတဲ့ကောင်စားမျိုးကို ငါ မသုံးဘူး။ “
“ ဘာပြောတယ်…..ငွေစန္ဒာ မင်း ငါ့ကို ဘယ်လိုကောင် ထင်နေတာလဲ။ အေး….မင်း ဟိုပြန်သွားကြည့်လိုက်လေ။ ငါ ပန်းကတ္တီပါကို သတ်ပစ်မှာ။ “
စန္ဒာ သူ့ကို ဩချသွားရသည်။ အဖေနဲ့သားနဲ့က စောက်ကျင့်တစ်ချိုးထဲပင်။
“ ကောင်းပြီ…..ငါ နင့်အိမ်ကပဲ စောင့်နေတာပေါ့။ “
ရာဇပလ္လင် စည်းစိမ်ကို ကြည့်လိုက်မိသလို လကလေးနှင့် မိုင်းကို ဦးဆောင်ခေါ်သွား၏။ သူ အဖေ့ကို မျက်နှာချင်းဆိုင်လိုက်သလို ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်မိသည်။ မျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ရင်းမှ….
“ ကျေနပ်လား….ခင်ဗျား ကျေနပ်လား။ ကျုပ်ဘဝမှာ နောင်တအရဆုံးက သခင့်ကို သတ်ပြီး ခင်ဗျားကို မသတ်မိခဲ့တာပဲ။ အခွင့်အရေးတွေ အများကြီး ရှိပါလျက်နဲ့ အဖေဖြစ်နေလို့ အဲ့သေနတ်မောင်းကို မဆွဲနိုင်ခဲ့တာ။ ကျုပ် စောက်ရမ်းကို မှားတယ်။ “
ဦးမောင်ကလေး သက်ပြင်းချလိုက်မိရင်းမှ….
“ ဒါ အကုန်လုံးက မင်းအတွက်ပဲလေ။ ငွေစန္ဒာက မင်းကို ဆွဲချမယ့် မိန်းမ။ “
“ အဲ့ဒါဆို ဒီစောက်ကောင်မကရော….သိပ်ကောင်းမယ်များ ထင်နေလား .။ ဟဲ့…..နင် ဘာရလဲ။ ငါ့အဖေ နင့်ကို ဘာပေးလဲ။ “
ရာဇပလ္လင် ဆာရာ့ဘက်လှည့်ကာ ဆောင့်တွန်းပစ်လိုက်သည်။
“ ရာဇပလ္လင်....”
ဦးမောင်ကလေး မိုက်ကီကို မေးဆတ်ပြလိုက်သည်နှင့် ဆာရာ့ကို မိုက်ကီက ဆွဲခေါ်သွားသလို သားဖြစ်သူကို သူ ယူလာသည့် စာရွက်တွေ ထုတ်ပေးလိုက်၏။
“ မင်း မိန်းမ မကြာခင် မျက်စိကန်းတော့မှာ မင်း မသိဘူး မဟုတ်လား။ “
“ ဘာ….”
ရာဇပလ္လင် ဆေးစစ်ချက်တွေကို ကပျာကယာယူကြည့်လိုက်မိသည်။
“ လုံခြုံအောင်ထားမလား….စွန့်ပစ်မလား မင်း ကြိုက်တာရွေး ရာဇပလ္လင်။ “
ရာဇပလ္လင် လက်ထဲမှ စာရွက်တွေကို ကျစ်နေအောင် ဆုပ်ကိုင်ထားမိသည်။ သူ့ကို လက‌လေးက ဘာလို့ အသိမပေးရတာလဲ။
************************************
စန္ဒာ အိမ်အောက်ထပ်မှာ ကားသံကြားလိုက်ရတာမို့ သူ ပြန်လာပြီမှန်း သိလိုက်သည်။ အခန်းထဲ အသာထိုင်စောင့်နေရင်းမှ အံကိုတင်းတင်းကြိတ်ထားမိသလို အသင့်ပြင်ထားသည့် အိတ်ကို ဆွဲယူသွားရန် မိုင်းကို မေးဆတ်ပြလိုက်သည်။
ရာဇပလ္လင် အခန်းထဲမှ အိတ်ကိုဆွဲကာ ထွက်လာသည့်မိုင်းကို မြင်လိုက်ရသဖြင့် မျက်မှောင်ကျုံ့သွားမိသည်။
“ လကလေးရော….”
“ မမ အခန်းထဲမှာ ရှိတယ်။ ခင်ဗျားကို စောင့်နေတယ်။ “
ရာဇပလ္လင် မိုင်းကို ခပ်စူးစူး စိုက်ကြည့်မိသွား၏။ ထီမထင်သလို မျက်နှာပေးဖြင့် သူ့ကို ပမာမခန့်လာကြည့်နေတာမို့…
“ မင်းက ဘာလဲ……ငါ့ကို ပမာမခန့်နဲ့ “
“ ခင်ဗျားက ဘာမို့လို့လဲ။ ကျုပ်က မမကို စောင့်ရှောက်တာ….ခင်ဗျားကို ခစားတာ မဟုတ်ဘူး။ မမကို ထိခိုက်အောင် လုပ်တဲ့လူက ကျုပ်ရန်သူပဲ။ “
ရာဇပလ္လင် ဟက်ခနဲ ရယ်လိုက်မိသလို မိုင်းကို လှောင်ပြုံးလိုက်မိ၏။
“ အဟက်….ရန်သူ ဟုတ်လား။ မင်း စောက်ဆင့်နဲ့….။ “
“ ခင်ဗျား…..မမ နဲ့ ခင်ဗျားနဲ့ မတန်ဘူး။ “
ရာဇပလ္လင် မျက်နှာက တည်တင်းသွားရသလို မိုင်း၏ မျက်နှာကို ခွပ်ခနဲ ဆွဲထိုးပစ်သည်။ နောက်တစ်ချက်ရွယ်လိုက်တော့ အခန်းတံခါး ပွင့်လာသလို သူ့ကို မင်သေသေလေး ငေးစိုက်ကြည့်နေသည့် လကလေး။
“ အဲ့လက်ကို လွှတ်လိုက်။“
ရာဇပလ္လင် အံကို တင်းခနဲ ကြိတ်လိုက်ရင်းမှ မိုင်း၏ ကိုယ်ကို ဆောင့်တွန်းပစ်လိုက်သည်။
“မင်း ဘယ်မှ သွားလို့ မရဘူး လကလေး။ “
“ ငါ့ကို တားရအောင် နင်က ဘာမို့လို့လဲ ရာဇပလ္လင်။ ငါ နင့်ကို မချစ်တော့ဘူး။ မုန်းတယ် …ဆက်လဲ မပေါင်းနိုင်ဘူး ။ ရွံတယ်။ “
“ လကလေး….ကိုယ် ဆေးခတ်ခံလိုက်ရတာ။ ကိုယ် တကယ် စိတ်ထဲ အဲ့မိန်းမကို မရှိဘူး။“
“ အဲ့ဒါ နင့်ကိစ္စ……ငါ့ကိစ္စ မဟုတ်တော့ဘူး။ “
ရာဇပလ္လင် သက်ပြင်းချလိုက်မိရင်းမှ…..
“ ကိုယ်တို့ အင်္ဂလန်သွားကြမယ်။ အဲ့မှာ လကလေးမျက်လုံးကိုလဲ ဆေးကုမယ်။ ဒီကနေလဲ ထွက်သွားမယ်။ ကိုယ် အကုန်စီစဥ်ထားပြီးသား လကလေးရဲ့။ “
စန္ဒာ ခပ်မဲ့မဲ့ ပြုံးလိုက်မိသည်။
“ ငါက ဘာလို့ နင့်နောက် လိုက်ရမှာလဲ။ “
ရာဇပလ္လင် လကလေးလက်ကို လှမ်းဆွဲလိုက်သလို လကလေးကလဲ သူ့ပါးကို ဖြောင်းခနဲ လွှဲရိုက်ပစ်၏။။ ပါးတစ်ဖက်က ထူပူသွားရသလို ရင်ထဲလဲ ကျဥ်တက်သွား၏။
“ နင်ဆေးကုတာခံမယ့်အစား ငါ့မျက်စိပဲ အကန်းခံလိုက်မယ် ရာဇပလ္လင်။ နောက်တစ်ခါ ငါ့ကို တားရင် နင့်ကို သတ်ပစ်မှာ။ “
ပြောလဲပြော ခါးကြားမှ ဓားမြှောင်တစ်ချောင်းကိုဆွဲထုတ်၍ အသင့်ပြင်လိုက်တာမို့ ရာဇပလ္လင် တအံ့တဩဖြစ်သွားရသလို ရင်ထဲလဲ နာသွားရသည်။
“ လကလေး…..မင်း “
“ ငါ ပြောပြီးသား ငါ့ကို ထပ်တားရင် နင့်ကို သတ်မှာ။ မသတ်နိုင်ဘူး မထင်နဲ့နော် ရာဇပလ္လင် ။ “
သူ အံကို တင်းခနဲ ကြိတ်လိုက်မိသလို ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိသည်။ အခြေအနေက ဒီလောက်ထိ ဖြစ်သွားသည်ပေါ့လေ။ သူ့ကို ဒီလောက်တောင် ခွင့်မလွှတ်နိုင်ဘူးပေါ့။ သူက ဘယ်လောက်ထိ ချစ်ခဲ့သလဲဆိုတာ မသိလို့လား။
“ ကောင်းပြီလေ…..မင်း အဲ့ဓားနဲ့ ထိုးမယ်ပေါ့။ ထိုးလိုက်။ ထိုးလိုက်လေ ငွေစန္ဒာရဲ့……မင်း ငါ့ကို မုန်းတယ် မဟုတ်လား။ မင်းအပေါ် ငါ သစ္စာမရှိဘူးထင်တယ် မဟုတ်လား။ “
စန္ဒာ သူ့မျက်နှာကို ခပ်ထေ့ထေ့ စိုက်ကြည့်မိသလို ရင်ထဲကလဲ နာနေသည်။ သူ့ကို ချစ်လွန်း၍ ကိုယ့်အသိုင်းအဝိုင်းနားကခွာကာ သူ့နားပဲ ရပ်တည်နေခဲ့သည့်မိန်းမကို သစ္စာဖောက်သည်။ ပြီးတော့ စန္ဒာက ထိုမိန်းမကို လက်ခံပေးရမည်တဲ့လေ။ ဖိအားပေး အကြပ်ကိုင်သည်။ စန္ဒာ့မာနကို တစ်စစီ နင်းခြေပစ်တာ မဟုတ်လား ။
ရာဇပလ္လင် သက်ပြင်းချလိုက်ရင်းမှ လကလေးဆီကနေ ဓားကို သိမ်းရန် ပြင်လိုက်၏။
“ ကိုကို……”
လှေကားအောက်မှ လှမ်းခေါ်လိုက်သံနှင့်အတူ စန္ဒာရော ရာဇပလ္လင်ပါ အကြည့်က ဆာရာ့ဆီရောက်သွားကြသည်။ သူ ဆာရာ့ကို အိမ်ခေါ်လာခဲ့ရသည်။
“ စွပ်….”
“ အင့်…..”
ရာဇပလ္လင် ဗိုက်ကပူခနဲ ဖြစ်သွားရသလို မယုံနိုင်စွာ ပြန်ငုံ့ကြည့်လိုက်မိသည်။ စိုက်ဝင်နေသည့် ဓားမြှောင်နှင့်အတူ သူ့ကို ခပ်တည်တည်လေး စိုက်ကြည့်နေသည့် လကလေး။ တကယ်ပဲ….သူ့ကို ။
“ စန္ဒာ ရှင့်ကို သေတောင် ခွင့်လွှတ်မှာ မဟုတ်ဘူး။ “
“ အမလေး…ကိုကို့….ကိုကို‌ရေ။ “
ဖိုက်တူး လှေကားမှ ပြေးတက်ရန်ပြင်လိုက်ပေမယ့် ခွေကျပြီး လှေကားပေါ်ကနေ ဝရုန်းသုန်းကား ပြုတ်ကျလာသည့် ဂိုဏ်းချုပ်ကြောင့် အမြန်ဆီးဖမ်းလိုက်ရသည်။ မမလေးကို ကြည့်မိတော့လဲ လှေကားမှ ခပ်တည်တည်ပင် ဆင်းချလာသလို မိုင်း အသင့်ဖွင့်ပေးထားသည့် ကားပေါ်တက်သွားတာ လှည့်ကို မကြည့်ပေ။
ဒီလောက်အထိ ဖြစ်ကုန်ကြသည်တဲ့လား။
****************************************
ဦးမောင်ကလေး အိပ်ယာထက် အိပ်ပျော်နေသည့် သားကို ကြည့်ရင်းမှ မိုက်ကီကို လှမ်းကြည့်လိုက်မိသည်။ ငွေစန္ဒာက သားကို ဆွဲချမယ့် မိန်းမဆိုတာ သူ အစောထဲက ခံစားမိသည်။ အခု သား ကံကောင်းလို့ မသေတာ မဟုတ်လား။ သူကလဲ ကြည့်နေမှာ မဟုတ်ပေ။
“ မိုက်ကီ......ငွေစန္ဒာ့ကို ရှင်းပစ်လိုက်တော့။ “
“ ဟုတ်ကဲ့ အမတ်မင်း။ “
ဖိုက်တူး အခြေအနေကို တစ်ချက်ကြည့်လိုက်မိရင်းမှ ဂိုဏ်းချုပ် သတိရလာဖို့ကိုသာ စိတ်လောမိသည်။ မမလေးကို ထိရင် Light တို့ကလဲ ငြိမ်နေမှာ မဟုတ်။ ပြီးတော့ ဂိုဏ်းချုပ်....။ အခြေအနေတွေက တအား ရှုပ်ထွေးသွားပြီ ဖြစ်သည်။
လင်းရောင် ကြားလိုက်ရသည့် စကားကြောင့် အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။ သူ ဒီမှာ အလုပ်က မပြီးပြတ်သေးသလို မမပြောပုံအရဆို အခြေအနေက ကောင်းမှာမဟုတ်။
“ ကျွန်တော် ပြန်လာတာနဲ့ အဲ့ကောင်ကို သတ်ပစ်မယ်။ မမ ကျွန်တော်ပြန်မရောက်မချင်း စံအိမ်ကနေ မထွက်ပါနဲ့။ ဟိုအဖိုးကြီးကို မယုံနဲ့ မမ။ သူ မမကို ဒီအတိုင်းထားမှာ မဟုတ်ဘူး။ “
စန္ဒာ တစ်ဖက်မှ အလင်း၏စကားကြောင့် ခပ်ယဲ့ယဲ့သာ ပြုံးမိသည်။ စန္ဒာ သိပါသည်။ သို့ပေမယ့် စန္ဒာ သူ့ကို ဓားဖြင့်ထိုးခဲ့ပြီးထဲက အစစ အရာရာ လက်လွှတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
မိုင်း ဖုန်းကို ချလိုက်သည့် မမကြောင့် သူ မမလက်ထဲမှ ဖုန်းကို ပြန်ယူသိမ်းပေးလိုက်သည်။ ပြတင်းပေါက်နား မတ်တတ်ရပ်ရင်းမှ စီးကရက်ကိုမီးညှိလိုက်သည့်ပုံစံကြောင့် သူ လှမ်းတားမိသည်။
“ မမ......မတည့်ဘူးလေ။ ဆရာဝန်မှာထားတာ မမေ့ပါနဲ့။ “
“ မမေ့ပါဘူး.....တစ်ဖွာလောက်ပါပဲ။ “
တိုးတိတ်ဖျော့တော့သည့် အသံကြောင့် သူ သက်ပြင်းသာချမိသည်။ သူ့ပုံစံကြောင့် ဖျတ်ခနဲ ပြန်ကြည့်လာသည့် စန္ဒာ။
“ မိုင်း....မင်း မနက်ဖန် အသက်နှစ်ဆယ့်သုံးပြည့်ပြီနော်။ “
သူ့မွေးနေ့ကို မမက အမြဲမှတ်မိသည်။ သူ ခေါင်းညိတ်လိုက်မိရင်းမှ....
“ ဟုတ်ကဲ့.....မမအနားရောက်တာ ဆယ့်သုံးနှစ်ကျော်ပြီ။ “
“ မွေးနေ့လက်ဆောင် ဘာလိုချင်လဲ။ “
မိုင်း ခေါင်းကို ခါယမ်းလိုက်မိသည်။ စန္ဒာ ဒီကလေးပုံစံကို ကြည့်ရင်းမှ တိုးညှင်းစွာပင် ရယ်လိုက်မိ၏။ မိုင်းက စန္ဒာ့အနား အမြဲရှိကာ အခြားသူတွေထက် အားကိုးရသည့် ကလေးပင်။ မိုင်းကို စန္ဒာကျောင်းထားပေးခဲ့သည်။အလုပ်တွေ သင်ပြပေးသည်။ အလင်းနှင့်တန်းတူကို ချစ်ပေးခဲ့သည့် ကလေးပင်။
ရာဇပလ္လင် မျက်ဝန်းတို့ကို အားယူဖွင့်လိုက်မိသလို ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိနေသည်။ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တော့ အင်္ကျီမရှိပဲ ဗိုက်တွင်သာ ပတ်တီးတွေစည်းထား၏။
“ ကိုကို သတိရလာပြီ။ “
အခန်းတံခါးပွင့်လာကာ ဝင်လာသည့် ဆာရာကြောင့် ရာဇပလ္လင် စိတ်ရှုပ်စွာပင် ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။
“ ကိုကို အဆင်ပြေရဲ့လား။ “
“ ဖိုက်တူး.....ဖိုက်တူး......ဖိုက်တူး....”
ဒေါသတကြီး လှမ်းခေါ်နေသည့် ပုံစံကို ကြည့်ရင်း ဆာရာ ဟင်းခနဲ သက်ပြင်းချမိသည်။ နဖူးကို ကိုယ်ပူနေလား လှမ်းစမ်းရန်ပြင်လိုက်တော့ ဆတ်ခနဲ လက်ကို ပုတ်ထုတ်ခံလိုက်ရသလို .....
“ ခုချက်ချင်း ငါ့အခန်းထဲက ထွက်သွား။ “
“ အန်ကယ်က ကိုကို့ကို စောင့်ခိုင်းထားတာ။ “
“ ငါ ဂရုမစိုက်ဘူး။ မင်း မသွားရင် ငါ မင်းကို သတ်မှာနော်။ ခုချိန် ငါ ဘာမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ “
ဆာရာ ပေကတ်ကတ်‌လေးငြိမ်နေမိသလို ဘာကြောင့်များ လူကို အတင်း နှင်လွှတ်နေသလဲမသိ။ ဆာရာက ပေါပေါပဲပဲ မိန်းကလေး မဟုတ်ပါ။ သူ့ကို သဘောကျမိလို့သာ ဒီလောက်သိမ်ငယ်ခံနေတာပင်။
ရာဇပလ္လင် ဆာရာ့လည်ပင်းကို ဆွဲညှစ်ပစ်လိုက်သလို အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။ သူ့လက်ကို အတင်းဆွဲခွာနေကာ မျက်လုံးပြူးလာသည့်ပုံစံကို သွေးအေးအေး စိုက်ကြည့်နေရင်းမှ တစ်ခါထဲ အသေသတ်ရန် တွေးထားလိုက်သည်။
“ ငါ့အဖေ ပယောဂလဲ ပါလို့ မင်းကို ဒီလောက် သီးခံနေတာ။ အခု ငါ့မှာ ဆုံးရှုံးစရာ မရှိဘူး....သတ်လိုက်တာပဲ အေးတယ်.။ “
ဦးမောင်ကလေး အခန်းတံခါးကို ဖွင့်ကာ ဝင်ဝင်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကပျာကယာ အနားလျှောက်သွားရင်းမှ အတင်း ဆာရာ့ကို ဆွဲဖယ်ရသည်။
“ ရာဇပလ္လင် ....လက်ကို လွှတ်စမ်း။ ရာဇပလ္လင်.....မင်း ကို ငါပြောနေတယ်။ “
“ အ...အင့်....အစ်။ “
ရာဇပလ္လင် လက်ကို ဆောင့်လွှတ်ချလိုက်ရင်းမှ အဖေ့ကို စူးခနဲ စိုက်ကြည့်လိုက်မိသည်။
“ မင်း ဘာတွေလုပ်နေတာလဲ ရာဇပလ္လင်။ ခုထိ အသိနဲ့သတိ မကပ်သေးဘူးလား။ မင်းကို သေအောင်သတ်ခဲ့တဲ့ မိန်းမပါ။ မင်း ဘာတွေဖက်တွယ်နေတာလဲ။ “
“........”
“ မင်း မှာ မာနမရှိဘူးလား ရာဇပလ္လင်။ “
မာန.....။ သူ့မာနအကုန် လကလေးနှင့် ပတ်သက်လျှင် တစ်ခါမှ ထားခဲ့ဖူးခြင်းဆိုတာ မရှိပါ‌။ အခုလဲ စိတ်ဆိုးတာထက် စိတ်မကောင်းဖြစ်သည်။ သူ့ကို သတ်ချင်လောက်အောင်အထိ မုန်းတီးခါးသက်သွားတာ သိလိုက်ရတာကို ရင်မဆိုင်နိုင်တာ အမှန်ပင်။
မိုင်း ဒဏ်ရာဖြင့် လဲကျနေသည့် မိုက်ကီကို ကြည့်ရင်းမှ သေနတ်ကိုမောင်းတင်ကာ နဖူးကို ချိန်လိုက်သည်။ ထင်သည့်အတိုင်းပင်.... .ဦးမောင်ကလေးက မိုက်ကီကို လွှတ်ပြီး လုပ်ကြံခိုင်းသည်။
“ မမ.....”
“ သတ်ပြီး အလောင်းပြန်ပို့ပေးလိုက်။ “
မိုင်း ခေါင်းညိတ်ပြလိုက်သလို မိုက်ကီ၏ နဖူးကို တစ်ခါထဲ ပစ်ချလိုက်သည်။ ဒိုင်းခနဲ မြည်သံနှင့်အတူ စန္ဒာ ကျောခိုင်းလိုက်ရင်းမှ အပေါ်ထပ်ကိုသာ တန်းတက်လာခဲ့သည်။ ရေစက်တွေက ဒီလောက်ပဲဖြစ်သလို ခုချိန်ကစပြီး နှစ်ဖက်ဂိုဏ်းအခြေအနေက တင်းမာတော့မှာကျိန်းသေပါသည်။
***********************************************************************
Part – 23 မျှော်
Author - အနမ်းခြွေ

My Stranger Guy ( Complete) Where stories live. Discover now