My Stranger Guy
အပိုင်း ( ၅ )စန္ဒာ ဒီနေ့ ဘယ်မှ မသွားပဲ တိုက်ခန်းမှာပင် ငြိမ်နေသည်။ စိတ်ထဲ သိပ်မလန်းတာရော ရာသီပေါ်နေသဖြင့် ဗိုက်အောင့်နေတာရောကြောင့် အိပ်ယာထဲမှာသာ ခွေနေမိသည်။ ရာဇပလ္လင်က ခုရက်ပိုင်း သူမ စထားသည့် တရုတ်တန်းက ပြဿနာကို ရှင်းနေရတာ သိသည်။ စတုန်းက စိတ်က လက်တစ်ဆစ်မို့ ဘာမှထိန်းမနေပဲ ရှင်းပစ်လိုက်ပေမယ့် နောက်ဆက်တွဲ ပြဿနာက အတော်ရှင်းရပုံရသည်။
တင်း...တောင်
တံခါးဘဲလ်တီးသံကြောင့် စန္ဒာ မထချင်ပေမယ့် ထလိုက်ရသည်။ တံခါးကို တန်းမဖွင့်ပေးပဲ ချောင်းကြည့်ပေါက်ကနေ အရင်ကြည့်လိုက်တော့ တံခါးရှေ့မှာ ခေါင်းငုံ့လျက်သားလေး ရပ်နေသည့် မိုင်း။ တံခါးကို ဖွင့်ပေးလိုက်ရင်းမှ....
“ ဘာလဲ....”
“ မမ နေမကောင်းဘူးဆိုလို့လေ။ ကျွန်တော် တစ်ခုခုစားရအောင် ဝယ်လာတယ်။ “
စန္ဒာ မျက်မှောင်ကျုံ့လိုက်မိရင်းမှ....
“ မလိုဘူး....ဆိုင်ကို ပြန်သွား။ ငါ မရှိရတဲ့အထဲ နင်ကပါ ထွက်လာတော့ ဘယ်လိုလုပ်မလဲ။ ဒီကို ထမင်းချက်ခေါ်လိုက်ရင် ရတယ်။”
“ လကလေး.....”
အသံနဲ့အတူ ဟင်းချက်စရာတွေ ဆွဲကာ ဝင်လာသည့် ရာဇပလ္လင်ကို မြင်တော့ မိုင်း သဘောပေါက်သွားရသည်။
“ တွေ့လား....ရောက်လာပြီ ငါ့ထမင်းချက်။ ပြန်တော့။”
ရာဇပလ္လင် ထမင်းချက်ဆိုသည့်စကားကြောင့် ပြုံးစေ့စေ့ ဖြစ်သွားရသည်။သူ့ကို ရာထူးပေးလိုက်တာလား။ ဘဝမှာ ပထမဆုံး ထမင်းချက်ဟု အခေါ်ခံရဖူးတာမို့ ထူးဆန်းသလိုလဲ ဖြစ်နေကာ လူကပီတိဖြစ်နေသည်။ ဘာပဲပြောပြော သူမလေးက သူ့ကို အသိအမှတ်ပြုပေးသည့်အတွက် သူပျော်သည်။ ပြန်သွားသည့် မိုင်းကို ရာဇပလ္လင် ခပ်တည်တည်ပင် စိုက်ကြည့်ရင်းမှ လကလေးနဲ့အတူ အခန်းထဲ ဝင်လာခဲ့သည်။
“ ဘာစားချင်လဲ လကလေး။ “
“ စားချင်တာအကုန် ချက်တတ်မှာမို့လား။ အပိုတွေလာမပြောနဲ့....ချက်တတ်တာချက်။ အကုန်စားတယ်။”
“ ဒါဆို ကိုယ် ramen လုပ်ပေးမယ်။ “
စန္ဒာ ဘာမှဆက်ပြောမနေပဲ ဆိုဖာပေါ် သွားအိပ်ကာ ခွေနေလိုက်သည်။ ဗိုက်ကအောင့်နေသလို လူက မလှုပ်ချင်တာမို့ ငြိမ်နေရင်း မျက်စိကို အတင်းမှိတ်ထားလိုက်သည်။ ရာဇပလ္လင် မီးဖိုချောင်ထဲ ဝင်သွားကာ ပစ္စည်းတွေနေရာချပေးပြီး ပြန်ထွက်လာတော့ ဆိုဖာပေါ်ခွေခွေလေး အိပ်နေသည့် လကလေးကြောင့် မျက်မှောင်ကျုံ့သွားရသည်။ မျက်နှာ သိပ်မလန်းတာလဲ ဝင်လာထဲက သတိထားမိသဖြင့် အနားရောက်သွားကာ ကြမ်းပြင်ပေါ်အသာထိုင်ချရင်း နဖူးကို စမ်းကြည့်လိုက်သည်။
“ ကိုယ်လဲ မပူပါဘူး။ ဘာလို့လဲ...”
“ ဘာမှ မဖြစ်ဘူး။ “
“ ကိုယ့်ကိုပြောလေ...ကိုယ် ဘာလုပ်ပေးရမလဲ။ “
စန္ဒာ မျက်စိဖွင့်ကာ သူ့မျက်နှာကို ငေးစိုက်ကြည့်ရင်းမှ ...
“ ရှင်က ဘာလုပ်ပေးနိုင်သလဲ။ “
ရာဇပလ္လင် အနည်းငယ် စဥ်းစားသွားရင်းမှ....
“ မင်းလိုချင်တာ အကုန်ပေါ့။ “
“ အကုန်လုံးလား။”
“ အင်း....”
စန္ဒာ ပြုံးမိသွားရင်းမှ ရာဇပလ္လင်၏ မေးဖျားကို အသာဖိကိုင်လိုက်ရင်း.....
“ ဒါ ရည်းစားထားတဲ့သူတွေ ရတဲ့ ခံစားခွင့်လား။”
ရာဇပလ္လင် ပြုံးမိသွားရင်းမှ လကလေး၏ နှာခေါင်းထိပ်လေးကို အသာနမ်းလိုက်သည်။
“ မဟုတ်ဘူး......ကိုယ့်ဇနီးတစ်ယောက် အနေနဲ့ ရတဲ့ မင်းပဲ ရမယ့် ခံစားခွင့်။ ပြော...လကလေး ခု ဘာဖြစ်နေလဲ။ ဘာလုပ်ချင်လဲ။ “
သူ့ အမေးကြောင့် စန္ဒာ သက်ပြင်းချလိုက်ရင်းမှ....
“ ဗိုက်အောင့်လို့ပါ။ ရာသီဆင်းနေတယ်။ စိတ်လဲ မကြည်ဘူး။ ဒေါသပဲ ထွက်နေတယ်။ တစ်ခုခုကိုမှ အစိမ်းလိုက်ဝါးစားပစ်လိုက်ချင်သလိုမျိုးက ရူးသွားတော့မလိုပဲ။ “
ရာဇပလ္လင် လကလေး၏ မျက်နှာကို ပြုံးကာငေးကြည့်ရင်းမှ သဘောကျပြီးရင်း ကျနေမိသည်။ သူမလေး၏ စရိုက်သည် အခြားမိန်းကလေးတွေနှင့် မတူသလို အတော်လေးကွဲပြားသည်။ ရှက်တာကြောက်တာတွေ၊ ဟန်ဆောင်မူပိုတာတွေ၊ အိညှက်ထော်ကျဲတွေ မရှိပဲ ဟောဟောဒိုင်းဒိုင်းသမားပင်။
သူမကြောင့် သူ ရှင်းလိုက်ရတာလဲ များသည်။ လုဟိုင်တုန်းကလဲ သူ အတော်ရှင်းလိုက်ရသည်။ တရုတ်တန်းဘက်က အဖွဲ့တော်တော်များ တင်းကုန်ကြတာ သူသိသည်။
“ ကိုယ် မင်းအတွက် ချောကလက်မှာလိုက်မယ်။ ပြီးတော့ ဒီနေ့ ကိုယ် မအားဘူး။ ဒါပေမယ့် နားလိုက်မယ်။ “
စန္ဒာ သူ့ကို တစ်ချက်ကြည့်လိုက်မိသည်။
“ အလုပ်တွေကရော....”
“ မင်းလောက် အရေးမကြီးဘူး။”
စန္ဒာ သူ့ ဆံပင်တိုတွေကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ရင်း နှုတ်ခမ်းထူထူတွေအား ဆွဲယူနမ်းရှိုက်လိုက်သည်။ ရာဇပလ္လင် လကလေး၏ ပခုံးကို အသာကိုင်ရင်းမှ မျက်ဝန်းတို့က မှိတ်ကျသွားရသည်။ သူမ မျက်နှာလေးကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားရင်း သူ့အသက်ရှုသံတွေက ပြင်းလာရသလို ရင်ခုန်သံတွေက ဝုန်းဒိုင်းကျဲနေ၏။ သူမဟာ ကိုယ့်အတွက် စိမ်းသက်သောသူ မဟုတ်တောင်မှ ရင်ခုန်သံကို အမြဲပူနွေးစေသည့် အစွမ်းရှိသည်။
@@@@@@@@@@@@@@@@
ရာဇပလ္လင် ဆိုဖာပေါ် အိပ်မောကျနေသည့် လကလေးကို အသာပွေ့ချီလိုက်ရင်းမှ အိပ်ခန်းထဲ ဝင်လာကာ အိပ်ယာထက် ချပေးလိုက်သည်။ စောင်ခြုံပေးလိုက်ရင်းမှ ရေနွေးအိတ်လေးကို သူမဗိုက်နားလေးမှာ ကပ်ပေးထားရင်း အနည်းငယ်အမ်းနေသည့် နှုတ်ခမ်းလေးကို ကြည့်ကာ ပြုံးမိသွားသည်။
တူ.......တူ..........တူ
ဖုန်းမြည်သံကြောင့် ရာဇပလ္လင် အမြန်ကိုင်လိုက်ရင်း အိပ်ခန်းထဲမှ ထွက်လာကာ ကြည့်မိတော့ ဖိုက်တူးဆီမှပင်။
“ ပြော....”
“ ဂိုဏ်းချုပ်.....ပြဿနာလေး ပေါ်လာတယ်။”
ရာဇပလ္လင် သေချာနားထောင်ရင်းမှ ဆိုဖာပေါ်တင်ထားသည့် သူ့ကုတ်အင်္ကျီကို ဆွဲယူကာ တိုက်ခန်းထဲမှ ထွက်လာခဲ့သည်။ အောက်ထပ်မှာ ဖိုက်တူးက အဆင်သင့်ကားဖြင့် စောင့်နေသလို သူ့ကို မြင်တော့ ကားနောက်ခန်းတံခါးကို အသင့်ဖွင့်ပေးထားသည်။ ရာဇပလ္လင် ကားထဲ ဝင်ထိုင်လိုက်ရင်းမှ ကားမောင်းရန် စက်နှိုးနေသည့် ဖိုက်တူးကို ခပ်စူးစူးကြည့်ကာ....
“ အဲ့ကောင်တွေလောက်တောင် မင်းတို့ မရှင်းနိုင်ဘူးဆိုတော့ ဘာစောက်သုံးကျတာ ရှိလဲ။ “
“ တောင်းပန်ပါတယ် ဂိုဏ်းချုပ်။ ခုက အပိုင်ထဲက ကလေးတစ်ယောက် ပါသွားတော့ သူတို့က နည်းနည်းအကြပ်ကိုင်နေလို့ပါ။ “
ရာဇပလ္လင်သည် တိုကျိုမှာ သူပိုင်သည့် နယ်မြေဆိုတာ အတော်ကြီးကြီးရှိသည်။ စျေးသည်၊ဆိုင်ခန်းတွေက လူမိုက်ပေါက်စတွေ မိုက်ကြေးခွဲလျှင် သူ့ဆီ လာတိုင်ကြားတတ်ကြသလို သူကလဲ ပြန်စောင့်ရှောက်သည်။ သူ့ကိုလဲ သိတတ်ကြရသည်။ ခုက သူ့စျေးလမ်းကြားပိုင်နက်ထဲ အခြားဂိုဏ်းက လာနှောက်ပြီး ရမ်းကားရုံမက သူ့လူကိုပါ ဓားစာခံဖမ်းသွားသည်ဆိုတော့ သူ အတော်ဒေါသထွက်ရတာပင်။
“ ရှေ့က လမ်းကြားပဲ ဂိုဏ်းချုပ်။ “
ကားက လမ်းကြားထဲ ထိုးဝင်လာသည်နှင့် အသင့်စောင့်နေသော သူ့ဂိုဏ်းမှ လူတွေ ဆယ်ယောက်ကို တွေ့လိုက်ရသလို တစ်ဖက်အဖွဲ့ကိုလဲ တန်းမြင်လိုက်ရသည် ။ သူ့လူကို ဒူးထောက်ခိုင်းထားကာ ခပ်လှောင်လှောင် လှမ်းကြည့်နေတာလဲ မြင်နေရတာမို့ ကားရပ်သည်နှင့် ရာဇပလ္လင် ကားပေါ်မှဆင်းလိုက်ကာ တန်းလျှောက်သွားလိုက်သည်။
“ ဟော..လာပါပြီ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီး။ ။ “
“ ဘာလုပ်တာလဲ ငါ့နယ်မြေထဲမှာ...ငါ့လူကို ခု လွှတ်ပေးလိုက်။”
တစ်ဖက်မှ တက်တူးအပြည့်နှင့် မျက်နှာကြောမာမာ အရပ်မြင့်မြင့် လူသည် ရာဇပလ္လင်ကို ခပ်ရိရိပြုံးကာ ကြည့်နေရင်းမှ သူ့အဖော်တွေကို လှမ်းမျက်စပင့်ပြလိုက်သည်။ သူတို့လူကလဲ ဆယ်ယောက်လောက် ရှိသည်။ အကုန်လုံးက တစ်ဖက်ရူတို၏ လက်အောက်မှ ခွဲထွက်လာသည့် ရှိဇူတ ခေါင်းဆောင်သည့် လူမိုက်တွေပင်။ နယ်မြေလိုက်လုနေသည် ကြားပေမယ့် သူ့ကို လာထိပါးရဲမည်တော့ မထင်ခဲ့။
ရှိဇူတက ရာဇပလ္လင် နှင့် မျက်နှာချင်းဆိုင် လာရပ်ကာ ခပ်ထေ့ထေ့စိုက်ကြည့်ရင်းမှ ပါးစပ်ထဲ ခဲထားသည့် သွားကြားထိုးတံကို ဘေးသို့ ထွီခနဲ လှည့်ထွေးလိုက်၏။ ရာဇပလ္လင် မျက်မှောင်ကျုံ့သွားရသလို ရှိဇူတကို ခပ်တည်တည်ဖြင့် မှုန်ကုတ်ကုတ် ကြည့်နေလိုက်၏။
“ လွှတ်ပေးမှာပေါ့....အဲ့အစား မင်းပိုင်တဲ့ နယ်မြေထဲက စျေးလမ်းပိုင်းကို ငါ ယူမယ်။ မင်း အေးအေးဆေးဆေး.....”
ရှိဇူတက ရာဇပလ္လင်၏ ပခုံးကို လက်တစ်ဖက်ဖြင့် နောက်သို့တွန်းထုတ်လိုက်၏။
“ ဖယ်ပေးလိုက်တော့.....”
ရာဇပလ္လင် အနည်းငယ် ယိုင်သွားသည့် ကိုယ်ကို ပြန်မတ်ရင်းမှ ရှိဇူတ မျက်နှာကို ရ
“ ငါ့ကို လာမထိနဲ့.......”
ခပ်အေးအေးပြောလာသည့် ရာဇပလ္လင်ပုံစံအား ရှိဇူတက လှောင်ပြောင်ရယ်မောရင်း သူ့လူတွေကို လက်ညိုးထိုးပြလာသည်။
“ ဟိတ်ကောင်တွေ...သူ့ကို မထိနဲ့တဲ့....ရာဇပလ္လင် မင်း အခု ငါ့လူတွေကြားထဲမှာ ရောက်နေ....”
ရာဇပလ္လင် လက်ကမြန်သည်။ ခါးကြားထဲမှ ဓားမြှောင်ကို ဖျတ်ခနဲ ဆွဲထုတ်ကာ ရှိဇူတဇက်ပိုးအား ဆွဲချုပ်၍ အောက်သို့ဆွဲနှိမ်ပစ်ရင်း လည်ပင်းနဲ့ ဂုတ်ကို တဇွပ်ဇွပ် ဆောင့်ထိုးပစ်သည်။ သွေးတွေက ထောင်ပန်းလာသလို ရှိဇူတ အသည်းအသန် ရုန်းကန်ဖို့ကြိုးစားရင်း ခွေကျသွားသည်။ ရာဇပလ္လင်ရှေ့ ဒူးထောက်ကျသွားကာ ဇက်ကျိုးကျမသွားအောင် မျက်ဖြူကြီးလန်၍ တောင့်ခံနေပေမယ့် ဖိုက်တူးက ရာဇပလ္လင်ဆီ ပုဆိန်လှမ်းပစ်ပေးလိုက်၏။
ထိုအချိန်မှ ရှိဇူတ၏ လူတွေသည် ကြက်သေသေရာမှ သတိဝင်လာကြရင်း ရာဇပလ္လင်ဆီ ပြေးဝင်လာ၏။ ရာဇပလ္လင်လက်က မြောက်တက်သွားသလို ရှိဇူတ၏ ခေါင်းသည် ပြတ်သွားကာ မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျသည်။ ဖိုက်တူးနှင့် ဂိုဏ်းသားတွေ ကျန်သည့်လူတွေအား ရှင်းပစ်နေသည်ကို ကြည့်ပြီး ရာဇပလ္လင် မျက်နှာမှ သွေးစတွေအား လက်ကိုင်ပုဝါဖြင့် ပွတ်သုတ်ပစ်သည်။
“ လီးလိုပဲ......အာရုံတွေကို နောက်တယ်။ “
ရာဇပလ္လင် ကားဆီပြန်လာကာ ကားမောင်းသည့်နေရာတွင်ပဲ ကိုယ်တိုင်ဝင်ထိုင်လိုက်၏။ ကားစက်နှိုးနေစဥ် ဖိုက်တူးက အနားရောက်လာရင်း....
“ ဂိုဏ်းချုပ်.....ရှိဇူတအလောင်းကို ဘာလုပ်လိုက်ရမလဲ။ “
“ နယ်မြေစုံအောင် ပေးသိလိုက်။ ရဲတွေ မသိစေနဲ့။ “
ရာဇပလ္လင် ကားကို လကလေး၏ တိုက်ခန်းဆီ ပြန်လာခဲ့ရင်းမှ ကားကို တိုက်ခန်းရှေ့ ထိုးရပ်လိုက်သည်။ သူ တိုက်ခန်းဝ ရောက်ရုံရှိသေး တံခါးပွင့်လာသဖြင့် ရာဇပလ္လင် တံခါးလာဖွင့်ပေးသည့် လကလေးကို ငေးခနဲ ကြည့်လိုက်မိသည်။
“ ဟို...ကိုယ် အလုပ်ကိစ္စလေးပေါ်လာလို့ ခဏ အပြင်ထွက်သွားတာ။ “
“ သိတယ်။ “
ရာဇပလ္လင် လကလေးနောက်မှ လိုက်လာရင်း စိတ်များဆိုးနေသလားဟု ရင်ထိတ်သွားရသည်။ သူမ စိတ်မကြည်တာ သူသိနေသည်။
“ ကိုယ် တကယ် ...”
“သိတယ်လို့...မျက်နှာက သွေးတွေ အရင်သွားဆေးဦး။ ဗိုက်ဆာတယ်။ ခဏနေ အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်။ မြန်မြန်လုပ်။ “
ရာဇပလ္လင် ကပျာကယာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ မျက်နှာက ပါးပြင်နှင့် မေးစေ့တွေမှာ သွေးတွေက အတော်လေး ပေနေသည်မို့ သေချာဆေးရင်း စိတ်မဆိုးတာ တော်သေးသည်ပြောရမည်။
@@@@@@@@@@@@@@@@
ထိုင်ခုံလေးတွင်ထိုင်နေရင်း အကင်ကို အားပါးတရ ကိုက်စားနေသည့် လကလေးကို ကြည့်ရင်း ရာဇပလ္လင် သဘောကျစွာ တစ်ရှူးဖြင့် သုတ်ပေးရန် ပြင်လိုက်ပေမယ့် သူ့လက်ထဲက တစ်ရှူးကို ဖတ်ခနဲ ယူသွားကာ ကိုယ့်ဘာသာသုတ်လိုက်သည့် လကလေးကြောင့် သူ့မှာ အင်တင်တင် ဖြစ်သွားရသည်။ ခပ်တည်တည်လေး စိုက်ကြည့်နေတာ မြင်တော့ သူမက သူ့ကို ထူးဆန်းသလိုလေး ပြန်ကြည့်ကာ....
“ စားလေ....ဘာလုပ်နေတာလဲ။”
“ လကလေး....မင်း...ကျစ်...ကိုယ်က မင်းရဲ့ဘာလဲ။ “
စန္ဒာ မျက်မှောင်ကလေး ကျုံ့သွား၏။
“ ဘာထဖြစ်တာလဲ။ “
“ ကိုယ့်ကို မင်း ချစ်ရဲ့လား။ ကိုယ်ကပဲ ချစ်နေရသလိုပဲ။ “
စန္ဒာ စားလက်စ အကင်ကို ပန်းကန်ထဲ ဆောင့်ခနဲ ပြန်ချလိုက်ရင်းမှ သူ့ကို ခပ်တည်တည်လေး စိုက်ကြည့်လိုက်သည်။
“ ရာဇပလ္လင် ငါ စိတ်မကြည်ဘူးလို့ နင့်ကို အစောထဲက ပြောထားတယ်နော်။ ငါ့ကို ဘာတွေ ရူးကြောင်ကြောင် လာရစ်နေတာလဲ။ အစထဲက နင်သဘောတူပြီး တွဲခဲ့တာ မဟုတ်ဘူးလား။ နင်ကပဲ ချစ်ရတယ်ဆိုပြီး မကျေနပ်ရင် ငါနဲ့မတွဲနဲ့လေ။ “
ရာဇပလ္လင် လကလေးကို ငေးကြည့်ရင်း စိတ်ထိခိုက်သွားရသည်။ သူက သူမဆီက ဂရုစိုက်မှုလိုချင်လို့ ပြောနေတာ မဟုတ်ပါ။ သူ ဂရုစိုက်တာလေးကို ကြည်ကြည်ဖြူဖြူ ခံစေချင်တာပင်။ ခုကျ သူမက သူဂရုစိုက်တာပဲဖြစ်ဖြစ် ချစ်မြတ်နိုးလို့ ငေးကြည့်တာပဲ ဖြစ်ဖြစ် သူ့ဆို နည်းနည်းတွန်းထုတ်ချင်နေသည့် ပုံစံအား သူက ခံစားမိနေသည်။
“ လကလေး...မင်း ဒါပဲ ပြောတတ်တာလား။ တကယ်ပဲ ကိုယ်က မကျေနပ်လို့ ပြောနေတယ် ထင်တာလား။ “
စန္ဒာ ကျစ်ခနဲ စုပ်သပ်လိုက်ရင်းမှ စားပွဲ၏ အောက်ခြေကို စိတ်တိုစွာ ဆောင့်ကန်ပစ်မိသည်။
“ စောက်အာရုံတွေက စနောက်ပြီ။ ရာဇပလ္လင် နင်နဲ့ငါ ဖြစ်မှာ မဟုတ်ဘူး ။ နေခဲ့လိုက်တော့။ ငါ့ လာမပက်သတ်နဲ့။ “
ထရပ်လိုက်ကာ ပြန်ရန်ပြင်လိုက်ပေမယ့် သူက စန္ဒာ့လက်ကို ကမန်းကတန်း လှမ်းဆွဲလာသည်။
“ ဖယ်စမ်း...မထိနဲ့...”
“ ဖြောင်း...”
ရာဇပလ္လင် ပါးတစ်ဖက်က ပူတက်သွားသလို ဟင်းခနဲ သက်ပြင်းချမိသွားသည်။ လကလေးကို ပြန်ကြည့်မိတော့ နေရာမှ ထွက်သွားပြီမို့ သူ ငွေရှင်းကာ လိုက်ရန် ပြင်လိုက်သည်။
“ ဂိုဏ်းချုပ်.....အဆင်ပြေရဲ့လား။ “
အနားရောက်လာသည့် ဖိုက်တူးက သူ့ကို တစ်ချက်ကြည့်ရင်း မေးလာသည်။
“ မင်း ရှင်းထားလိုက်။ လကလေး နေသိပ်မကောင်းဘူး။ ငါ လိုက်သွားမှ ဖြစ်မယ်။”
ဖိုက်တူး ကပျာကယာထွက်သွားသည့် ဂိုဏ်းချုပ်ကို ကြည့်ရင်း ဆိုင်ရှင်အား ကျသင့်သည့် ငွေကို ရှင်းပေးလိုက်သည်။ ဂိုဏ်းချုပ်က ဒီ မီးလိုတောက်လောင်တတ်သော မိန်းမနှင့် ဖြစ်ပါ့မလားဟု သူ စိုးရိမ်မိတာ အမှန်ပင်။
Light TV မှ လာနေသည့် သတင်းကို ကြည့်ရင်း မြသစ်အား တစ်ချက်လှမ်းကြည့်မိသည်။ နယ်မြေတွေ၏ အမှိုက်ပုံတွေမှာ ရှိဇူတ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအား တစ်စစီ ပိုင်းဖြတ်ထားကာ အိတ်တွေထဲ ထည့်ပစ်ထားသည်။ နယ်မြေတစ်ခုဆီမှာ လက်နဲ့ခြေ ဆို နောက်နယ်မြေမှာ ပေါင်နဲ့ဗိုက် ။ ထိုကဲ့သို့ တစ်အိတ်ဆီပစ်ထားသည်ကို ရဲတွေက လိုက်သိမ်းရင်း ဂိုဏ်းတွေကြား တိုက်ပွဲဖြစ်လာမှာ စိုးရိမ်နေကြပုံပင်။
“ မင်းရော အဲ့သတင်း ကြားမိလား။”
“ ရှိဇူတ မနေ့ကတော့ ရာဇပလ္လင် နယ်မြေဆီ သွားထိတယ် ကြားတယ်။ “
“ ရှင်းနေတာပဲ။ လက်စလက်နလဲ ဒီလောက်ရဲတင်းနေမှတော့ ဒီကောင်ပေါ့။ “
“ ရာဇပလ္လင်က အင်အားကြီးလာရင် ...”
“ ကိစ္စမရှိပါဘူး။ ဆွေမျိုးတွေ ဖြစ်လာမှာပဲဟာ။ ဒီကောင်က မမကို မရမကယူမယ့်ကောင်။ “
မြသစ်က တစ်ခုခုကို ပြောမည်ဟန်ပြင်ပြီးမှ အနည်းငယ် တုန့်ဆိုင်းသွားပုံရသဖြင့် Light အကဲခတ်လိုက်မိကာ.....
“ ဘာပြောချင်လို့လဲ....။”
“ ဟို....ရာဇပလ္လင်တို့ မိသားစုက နှယ်နှယ်ရရ မဟုတ်ဘူးနော် ဘောစ့်။ သူ့အဖေနဲ့ အစ်မက ဘောစ့် ရာဇသခင်ကို သတ်ထားတာ သိတယ်။ သူတို့ မမလေးစန္ဒာနဲ့ အဆင်ပြေပါ့မလား။”
မြသစ်စကားကြောင့် Light တစ်ချက် စဥ်းစားသွားရင်းမှ အေးဆေးသလို ပြန်ဖြေလာသည်က....
“ ငါ့အဖေလဲ နှယ်နှယ်ရရ မှ မဟုတ်တာ။ ဘာစောက်ဂရုစိုက်ရမှာလဲ။ ငါ့အစ်မကို ချွေးမတော်ရရင် သူတို့ ကံကောင်းတာပဲ မဟုတ်လား။ “
မြသစ် အိမ်ပေါ်တက်သွားသည့် ဘောစ့်ကို လိုက်ကြည့်ရင်းမှ ခေါင်းကို တဆတ်ဆတ်ညိတ်မိသွားသည်။ ဟုတ်သားပဲ....။ ဒါလဲ မှန်ပါသည်လေ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 6
Author - အနမ်းေခြွ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။