My Stranger Guy
Part – 3ရာဇပလ္လင် သူ့ရှေ့တွင်ထိုင်ကာ စီးကရက်ထိုင်ဖွာနေသည့် လကလေးကို ငေးကြည့်နေမိသည်။ ပြောစရာရှိတယ်ဆိုပြီးခေါ်လို့ အမြန်လာခဲ့ပေမယ့် နေ့လည်ထဲက ရောက်နေတာ ခုညနေတောင် ရောက်နေပြီ ဘာဆိုဘာမှ တစ်ခွန်းမပြောသေးပေ။ ခြေထောက်လေးချိတ်ကာ စီးကရက်ကို လက်ကြားညှပ်၍ ထိုင်ဖွာနေလိုက်တာများ အငွေ့လေးတွေ မှုတ်ထုတ်လိုက်သည့်အချိန်ဆို မျက်ဝန်းလေးတွေ မှေးစင်းကျသွားတာ သိပ်ကို ချစ်စရာကောင်းသည်။ ဘယ်လိုငေးငေး ငေးလို့မဝအောင်ကို လှလိုက်တာများ သူကပဲ ချစ်နေလို့လားမသိ။
“ ဘာတွေကြည့်နေတာလဲ ခေါ်တောတစ်ထောင်အားနဲ့။ “
ထပြောလိုက်သည့် ပုံစံကိုက မျက်စောင်းလေးရွယ်ကာ မကြည်သလို ဂျစ်ကန်ကန်လေးပင်။
“ အရမ်းချစ်စရာကောင်းလို့.....”
သူ့စကားကို သူမပုံစံက သဘောမကျသလိုပင်။ မျက်မှောင်လေးကျူံ့လိုက်ရင်းမှ....
“ ချစ်စရာမကောင်းပါဘူး......ကျွန်မက လှတာ။”
ရာဇပလ္လင် ပြုံးမိသွား၏။“ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်က ချစ်တယ်။”
ဒိုင်းခနဲ မျက်စောင်းက ရောက်လာသည်။
“ တွဲကြည့်ရအောင်။”
ဟင်။
မထင်မှတ်ထားသည့် စကားမို့ သူ ကြောင်အသွားရသည်။
“ ဘာ...ဘာပြောလိုက်တာလဲ။ “
စန္ဒာ တစ်ချက်ပြုံးလိုက်ရင်းမှ ...
“ တွဲကြည့်ကြမယ်လို့.......ရှင် အဖေ့ဆီသွားပြီး ပြောခဲ့တဲ့ ရည်ရွယ်ချက်က ဒါပဲ မဟုတ်လား။ “
စန္ဒာ့စကားအဆုံး သူ့ပုံစံက ဟားခနဲ ပျော်ရွှင်သွားကာ စန္ဒာထိုင်နေသည့်အနားသို့ ခုံကို စွေ့ခနဲ ရွှေ့ကာ ရောက်လာသည်။
“ တ....တကယ်နော် လကလေး။ မင်း ကိုယ့်ကို မညာရဘူးနော်။ “
ဘာလဲဟ။ ဒီလူ့ပုံစံက လူကို မယုံသလို ဘာလိုလိုဖြင့်ပင်။ တကယ် တွဲကြည့်ရအောင် ပြောသည်ကို လာဘူနေသေးသည်မို့ အရွဲ့က တိုက်ချင်လာ၏။
“ ညာပြောရင် ဘာဖြစ်မှာလဲ။”
ရာဇပလ္လင် မျက်နှာက ကွက်ခနဲ ပျက်သွားသည်။ နဂိုထဲကမှ မယုံရဲ ဖြစ်နေသည့်လူ မဟုတ်လား။
“ ရမလားကွ.....မင်း ကို ကိုယ် တာဝန်ယူမယ်ပြောတော့ မင်း လက်မခံဘူးလေ။ ဒါကြောင့် မင်းကတော့ ကိုယ့်ကို တာဝန်ယူမှ ရမှာပေါ့။ မိန်းကလေးဖြစ်ပြီး စကားကို ပြီးပြီးရော ပြောရင် ကိုယ်က အဖေနဲ့ ပြန်တိုင်မှာ။ “
စန္ဒာ နှာခေါင်းလေး ရှုံ့ပစ်လိုက်မိသည်။
“ ရှင့်အဖေကို စန္ဒာက ဘာကိစ္စ ကြောက်ရမှာလဲ။”
“ ကိုယ့်အဖေ မဟုတ်ပါဘူး။ မင်းအဖေကို တိုင်မှာ။ “
ကြည့်စမ်း..။ ဒီလူဟာလေ။ စန္ဒာ့ နှုတ်ခမ်းတွေ တင်းတင်းစေ့သွားရသည်။ ဒါကိုပင် သူက သဘောကျသွားပုံရ၏။ တဟွန်းဟွန်းရယ်လာသည့်ပုံစံကိုက သိပ်အမြင်ကတ်စရာ ကောင်းနေသည်။ မင်း နိုင်ကွက် ကိုယ်သိပြီဆိုသည့် ပုံစံမျိုး။ ဒီလူ့ကို ပညာပေးမှ ရမည်။
“ ကဲ ပြော ....ကိုယ် အဖေ့ကို လှမ်းတိုင်....”
“ ပြွတ်!..”
ရုတ်တရတ် နှုတ်ခမ်းက ထူပူသွားသလို သူ့ အင်္ကျီကော်လံစကို ဆောင့်ဆွဲကာ သူ့နှုတ်ခမ်းတွေအား နမ်းရှိုက်နေသည့် လကလေးကြောင့် သူ့ရင်ခုန်သံတွေဟာ ကပြောင်းကပြန် ဖြစ်ကုန်၏။ ဒီအနမ်း.....ပထမဆုံးညက ချိုမြမှုနဲ့ တစ်သားထဲ ခံစားရမှုက သူ့နှလုံးသားကို နွေးထွေးသွားစေသည်။ ရာဇပလ္လင် မျက်ဝန်းတွေ မှေးစင်းကျသွားရရင်းမှ သူ့လက်တွေက လကလေးခါးပေါ်အရောက်.....
“ တော်ပြီ.....”
“ ဟမ်...”
“ ပြန်တော့မယ်....မနက်ဖန် မနက်ခင်းစောစော လာကြိုပေး။ “
ချီးပဲ။ ဒါ ဘယ်လို အချိန်ကောင်းမှာ ပြတ်တောက်သွားမှုလဲ။ လကလေးကတော့ သူမဆိုင်ကယ်ပေါ် တက်ကာ သူ့အား လှည့်မကြည့်ပဲ တာ့တာပြသွားသေးသည်။ ဘယ်လို မိန်းမဆိုးလေးမှန်းကို မသိ။
စန္ဒာ ဓာတ်ပုံတွေကို သေချာကြည့်ရင်းမှ မိုင်းကို တစ်ချက်ကြည့်လိုက်မိသည်။
“ မနက်ကျရင် အသေဆော်ပစ်မယ်....စောက်ကောင်တွေ ငါ့ကို ဒီစောက်ချိုးလာချိုးတာ အထင်သေးတာပဲ။ “
မိုင်းက စန္ဒာ့စကားကြောင့် မျက်ခုံးတစ်ဖက် ပင့်သွားရင်း....
“ ထိပ်တိုက်တွေ့လို့ ဖြစ်ပါ့မလား မမ။ အဲ့ကောင်တွေအဖွဲ့က လူမနည်းဘူး ကြားတယ်။ မမ မောင်ကလဲ ဝင်ပါမှာ မဟုတ်ဘူး။ ဦးလေးကလဲ ထိုင်းမှာ။ အခု club က ကျွန်တော်တို့ လူတွေနဲ့တင် ရင်ဆိုင်ဖို့က...”
စန္ဒာ တစ်ချက် ပြုံးလိုက်ရင်းမှ...
“ ငါတို့ချည်းပဲလို့ ဘယ်သူပြောလဲ။ ပြဿနာရှင်းမယ့်လူက သက်သက်ရှိတယ်။ “
မိုင်း နားမလည် ဖြစ်သွားရသည်။ သူ မမကို အန္တရာယ်ဖြစ်မှာတော့ စိုးရိမ်သည်။ ဦးလေး၏ ဂိုဏ်းထဲအရင် ရောက်လာပေမယ့် မမ သည်သာ သူ့အတွက် အရာရာဖြစ်ခဲ့သည်။ သူ မမကို ချစ်သည်။
@@@@@@@@@@@@
ကားထဲဝင်လာသည့် လကလေးပုံစံက အနည်းငယ် မှုန်ကုတ်နေသည်။ စိတ်များ မကြည်ဘူးလားဟု တွေးမိတော့ သူ စိတ်ပြေရာပြေကြောင်း ဖြစ်စေရန် ပြုံးရယ်ကာ စကားစလိုက်သည်။
“ ကိုယ် တစ်ညလုံး အိပ်မပျော်ဘူး သိလား။ အရမ်းပျော်လို့။ လကလေးရော.....ညက ဘာလုပ်နေလဲ။”
“ အရက်ထိုင်သောက်နေတာ။”
ရာဇပလ္လင်မျက်နှာက မှုန်ကုတ်ကုတ် ဖြစ်သွား၏။ လကလေးက သူ့ပုံစံကို တစ်ချက် ငဲ့ကြည့်လာရင်းမှ....
“ ဘာလဲ.....ကိုယ့်ပါးစပ်နဲ့ ကိုယ်သောက်တာတောင် ရှင့်ခွင့်ပြုချက်က လိုသေးတာလား။ တွဲနေပြီ ပြောလိုက်မိလို့လား။ “
ရာဇပလ္လင် သက်ပြင်းချလိုက်မိ၏။
“ အဲ့လိုတော့ မဟုတ်ပေမယ့်....”
“ မဟုတ်ရင်လဲ ပြောမနေနဲ့....”
ကြည့် ....လိမ္မာချက်က တကယ့် ကလေးဆိုးလေး။ သူကပဲ စိတ်လျှော့လိုက်ရင်းမှ....
“ ခု ဘယ်ကို မောင်းရမှာလဲ။”
“ တရုတ်တန်း...အဲ့က လုဟိုင်ဆိုတဲ့ သူတောင်းစားကို သတ်မလို့။ “
လုဟိုင်....ဒီကောင်က တရုတ်တန်းက လူမိုက် မဟုတ်လား။ အသတ်အပုတ်လဲ ကောင်းတဲ့ကောင်ကို လကလေးက ဘယ်လို ယှဥ်လို့ရမှာလဲ။ ရာဇပလ္လင် အလန့်တကြား ဖြစ်သွားရင်းမှ...
“ လကလေး..မင်း သူ့ကို ဘယ်လို နိုင်မလဲ။”
“ သိတယ်လေ......ဒါကြောင့် ရှင့်ကို ခေါ်လာတာပေါ့။ ရည်းစားထားတာ ဘာလုပ်ဖို့လဲ။ “
ဪ...ကောင်းလိုက်သည့် ဖြစ်ခြင်း။
“ ကိုယ်နဲ့ ဘာအကန့်မှ မရှိထားဘူးလေကွာ။ ဒီနယ်မြေက...”
“ ရှင်နဲ့ မရှိပေမယ့် ရှင့်ရည်းစားနဲ့ ရှိတယ်လေ။ ဘာလဲ.....မလုပ်ပေးနိုင်ဘူးလား။ မလုပ်ပေးနိုင်လဲ ရတယ်နော်။ “
“ ကိုယ် မလုပ်ပေးဘူး မပြောပါဘူး။ မင်း အတွက် စိုးရိမ်လို့ ပြောနေတာ။ “
သူ့စကားကို သူမက သိပ် အရေးစိုက်ပုံ မပေါ်ပါ။
“ ကျွန်မ အတွက် စိုးရိမ်စရာ မလိုဘူး။”
“ ဘာလို့ မလို....”
“ ရှင် ရှိတယ်လေ။”
ရာဇပလ္လင် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရသလို ရင်ထဲသိမ့်ခနဲ ကြည်နူးသလို၊ကျေနပ်သလို ဖြစ်သွားရသည်။ လူက ပြုံးမိသွားရင်းမှ...
“ မင်း သိပ်စကားတတ်လွန်းတယ်။”
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။