P-21

2.7K 107 4
                                    

My Stranger Guy
Part – 21
ဦးမောင်ကလေး ကြားလိုက်ရသည့် စကားကြောင့် သဘောကျစွာ ပြုံးလိုက်မိသည်။ ကြားရသည့် အတိုင်းဆို ဆာရာဆိုသည့် ကလေးမက သိပ်မဆိုးလှပေ။ ငွေစန္ဒာ့ကို ပထုတ်လို့ရနိုင်သည်။ သူလည်း နည်းနည်းပါးပါးတော့ ကူညီရမှာပေါ့လေ။
“ မိုကျကီ…..”
“ ဟုတ်ကဲ့ အမတ်မင်း။“
“ ဆာရာ လှုပ်ရှားလာမယ့် အချိန်ကို စောင့်။ မင်းက တွန်းပို့ပေးလိုက်။ “
“ စိတ်ချပါ အမတ်မင်း။“
ဦးမောင်ကလေးအနေနှင့် ဒါဟာ ငွေစန္ဒာ့ကို ရှင်းထုတ်နိုင်မည့် အခွင့်အရေးဆိုတာ ကောင်းကောင်းသိသည်။ ဆာရာ့အကြောင်း သူ စုံစမ်းပြီးသားပင်။ ချစ်စရာမျက်နှာလေးသာရှိပေမယ့် သိပ်ကို ကောက်ကျစ်သော မိန်းကလေးပင်။ သူမကို ကြည့်လိုက်လျှင် အေးချမ်းပြီး ချစ်စရာကောင်းနေပေမယ့် နောက်ကွယ်တွင် သူမနှင့် အဆင်မပြေသည့် မင်းသမီးအချို့၊ သူမ သဘောမကျသည့် ဒါရိုက်တာတွေဆို နည်းလမ်းပေါင်းစုံသုံးကာ အပုပ်ချလေ့ရှိသည်။ လူထုကိုလဲ သူမဘက်ပါအောင် ဆွဲထားနိုင်သေးသည်။ သူကလဲ ဆာရာ့ဆီမှ မီဒီယာအသုံးချမှုနှင့် လူထုကို ဆွယ်နိုင်မှုသာ လိုချင်သည်။ ထို့ကြောင့် သူနှင့် တစ်လှေထဲ စီးဖြစ်မည် ထင်ခြင်းပင်။
ရာဇပလ္လင် သူ့ကို ပြင်ဆင်ကာ ကြယ်သီးတပ်ပေးနေသည့် လကလေးကို ပြုံးကာ ငေးကြည့်နေမိသည်။ သူ့စံအိမ်ကို နှစ်ယောက်သားပြန်ရောက်လာထဲက လကလေးလဲ အတော်စိတ်ချမ်းသာသွားပုံရသည်။ မျက်နှာလေးအမြဲပြုံးနေသလို ဒီနေ့လဲ သူ့ကို ပြောစရာရှိတယ်ဆိုပြီး မှာထားတာမို့ သူလဲ ကိစ္စပြီးတာနဲ့ စောစောပြန်လာရမှာပင်။
“ စောစောပြန်လာနော်။“
“ ဟုတ်ပါပြီ လကလေးရယ်။ ကိုယ် သိပါတယ်။ “
ကားပေါ်တက်ပြီးထွက်လာရင်းမှ ဖိုက်တူးကမ်းပေးလာသည့် ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်မိသည်။ ဒီနေ့ အဖေနဲ့အတူ ဒီလူကို တွေ့ရမည်ဟု ဆိုထားသည် မဟုတ်လား။ ကားလေးက အဖေ့ခြံထဲ ထိုးဝင်လာသလို သူ့ကားဝင်လာတာမြင်သည်နှင့် ထွက်လာသည့် မိန်းကလေးကြောင့် ရာဇပလ္လင်ငေးခနဲ ကြည့်မိသွားသည်။
“ရောက်လာပြီလား ။“
ရာဇပလ္လင် အကဲခတ်သလို ကြည့်မိတော့ သူ့ကို လက်တစ်ဖက်ကမ်းပေးလာရင်းမှ ပြုံးပြလာကာ……
“ ဆာရာပါ….”
ရာဇပလ္လင် ခေါင်းတစ်ချက်ညိတ်လိုက်ရင်းမှ ပြန်လက်ဆွဲနှုတ်ဆက်လိုက်သည်။ အိမ်ထဲဝင်လာခဲ့သလို အဖေနှင့် စကားပြောနေသည့် အမျိုးသားကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။
“ ရောက်လာပြီလား။ လာ ထိုင်လေ။ “
အနည်းငယ် ထူးဆန်းနေသည့် အနေအထားပင်။ သို့ပေမယ့် သူ့စိတ်ထဲက ထင်နေတာပဲလားမသိ ဆွေးနွေးတာ အလုပ်ကိစ္စဆုံးဖြတ်တာအဆုံး အကုန်ပုံမှန်ပဲမို့ သူ အတွေးလွန်နေတာ ထင်လိုက်မိသည်။ ဘာပဲပြောပြောအဖေ့အိမ်မို့ လုံခြုံရေးကတော့ မပူရပေ။
“ ကဲ အလုပ်ကိစ္စလေးလဲ အဆင်ပြေသွားပြီဆိုတော့ နေ့လည်စာစားလိုက်ကြရအောင်။ “
ရာဇပလ္လင် အဖေ့စကားကြောင့် နေရာမှ ထရပ်လိုက်သလို ဖိုက်တူးတို့ကို လက်ကာပြလိုက်သည်။ ဖိုက်တူး ဆာရာဆိုသည့် မိန်းကလေးကို တစ်ချက်ကြည့်လိုက်မိရင်းမှ စိတ်ထဲမသိုးမသန့် ခံစားနေရသည်။ ဂိုဏ်းချုပ် အမိန့်ကြောင့် အပြင်ထွက်လာခဲ့ရင်း ဖုန်းကို ထုတ်ကာ စည်းစိမ်ဆီ လှမ်းဆက်ရန် ပြင်လိုက်ပေမယ့်….
“ ဒုတ်….”
သေနတ်ဒင်ဖြင့် အထုခံလိုက်ရကာ သတိလစ်လဲကျသွားသည့် ဖိုက်တူးကို တစ်ချက်ကြည့်ရင်းမှ မိုက်ကီ ဘေးမှ လူတွေကို မေးဆတ်ပြလိုက်သည်။ ဒီနေ့တော့ ရာဇပလ္လင် မိန်းမထပ်ရဦးမှာပေါ့လေ။
စန္ဒာ ခုချိန်ထိ ပြန်မလာသေးသည့် သူ့ကြောင့် စိတ်ကဆိုးနေပြီ ဖြစ်သည်။ ခုပဲ ညဆယ်နာရီရှိနေပြီကို ပြန်မလာသေးပေ။ သေချာပေါက် စောစောပြန်လာဖို့ မှာလိုက်သည် မဟုတ်လား။ အချိန်သာ ကုန်လာသည် ရာဇပလ္လင်က ဖုန်းမကိုင် ပြန်မလာပေ။
ရာဇပလ္လင် မျက်စိနှစ်လုံးကို အားယူဖွင့်ကြည့်လိုက်ရင်းမှ ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ အိပ်ယာပေါ်ရောက်နေတာ သိသလို အနေအထားကို သတိထားမိသွားတော့ ဝုန်းခနဲ ထထိုင်လိုက်မိသည်။
“ ကိုကို….ဘာဖြစ်တာလဲ။ “
ချိုအီနေသည့် အသံနှင့်အတူ သူ့နောက်ကျောကို ပွတ်သပ်လာသည့် လက်တစ်စုံကြောင့် ဖျတ်ခနဲ ဆွဲလိမ်ပစ်ကာ လှည့်ကြည့်မိတော့ ဆာရာဆိုတဲ့ မိန်းကလေး။
“ မင်း…..”
နှစ်ယောက်လုံး၏ အနေအထားကို ကြည့်ပြီး သူ သဘောပေါက်သွားရသလို ပြန်မှတ်မိသွားသည်။ နေ့လည်စာစားရင်း သူ အရမ်းအိပ်ချင်လာတာ။ နိုးလာတော့ ဒီလိုဖြစ်နေသည်ဆိုထဲက ဘယ်သူ့စနက်မှန်း သူကျိန်းသေသိသည်။
“ ဟို..ဆာရာက ….။ “
“ ဖယ်စမ်းပါ။“
ရာဇပလ္လင် သူ့ပခုံးပေါ် တင်လာသည့် လက်ကို ဆွဲဖယ်ချလိုက်ရင်းမှ အဝတ်အစားတွေ ကောက်ဝတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ညဆယ့်နှစ်နာရီရှိပြီမို့ လကလေး သူ့ကို စိတ်အရမ်းတိုနေလောက်ပြီဆိုတာ သူကျိန်းသေသိသည်။ အခန်းအပြင်ရောက်သည်နှင့် အဖေ့ကို တွေ့လိုက်ရသလို သူ အံကို တင်းခနဲ ကြိတ်လိုက်မိသည်။
“ ခုချိန်ကစပြီး ဆာရာက မင်းရဲ့ ဇနီးပဲ ရာဇပလ္လင်။ “
သူ လွန့်ခနဲ ပြုံးလိုက်မိသလို …..
“ ကျွန်တော့်အတွက် ဇနီးက လကလေးတစ်ယောက်ထဲပဲ ရှိတယ်။ အခြားကျန်တဲ့ အမြှောင်မိန်းမတွေ မလိုအပ်ဘူး။“
“ ကိုကို့…”
အခန်းထဲကနေ အဝတ်အစားပြန်ဝတ်ကာ ထွက်လာသည့် ဆာရာကြောင့် ရာဇပလ္လင် ဖျတ်ခနဲ ကြည့်လိုက်မိသလို ….
“ ဖိုက်တူး….”
ဘယ်သူမှ ထွက်မလာသည်မို့ ရာဇပလ္လင် အဖေ့ကို စူးစိုက်ကြည့်လိုက်မိသည်။
“ ဖိုက်တူး….”
ဦးမောင်ကလေး မိုက်ကီကို ခေါင်းညိတ်ပြလိုက်သလို ဖိုက်တူးကို ကြိုးချည်လျက်သားဖြင့် ခေါ်လာသည့် အစောင့်အချို့။ ကြိုးဖြည်ပေးလိုက်သည်နှင့် ဖိုက်တူးက သူ့အနား လျှောက်လာရင်းမှ အသာဦးညွှတ်ကာ တောင်းပန်သည်။
“ ကျွန်တော် တောင်းပန်ပါတယ် ဂိုဏ်းချုပ်။ ကျွန်တော် ညံ့လို့ပါ။ “
ရာဇပလ္လင် ခေါင်းကိုခါယမ်းလိုက်သလို အဖေ့မျက်နှာကို စူးစိုက်ကြည့်လိုက်မိသည်။.
“ ငါမှားတာပါ။ ငါက ဒီနေရာကို လုံခြုံမယ် ထင်ခဲ့မိတာ။ “
ဦးမောင်ကလေး မျက်နှာပျက်သွားရသလို ဒေါသတကြီးထွက်သွားသည့် သားဖြစ်သူကို ကြည့်ရင်း သက်ပြင်းချမိသည်။ ဆာရာ ကားပေါ်တက်ကာ ထွက်သွားသည့် ရာဇပလ္လင်ကို ကြည့်ရင်းမှ ဦးမောင်ကလေးကို တစ်ချက်ကြည့်ကာ အနားလျှောက်လာရင်း….
“ ကိုကို ဆာရာ့ကို လက်မခံဘူးပဲ။ “
“ လက်ခံအောင် မင်း လုပ်ရမှာလေ။ အဲ့ဒါ မင်းအစွမ်းအစပေါ် မူတည်တယ်။ ကျန်တာ ငါ ကြည့်လုပ်ပေးမယ်။“
ဆာရာ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်မိသည်။ ဦးမောင်ကလေး၏ ကမ်းလှမ်းမှုကို ဆာရာကိုယ်တိုင် လိုလိုလားလား လက်ခံခဲ့တာ ဖြစ်သည်။ ဆာရာ့အတွက် သူ့ကို ပိုင်ဆိုင်ရမည်ဆိုတာနှင့်ပင် ကျေနပ်စရာ‌ကောင်းနေပြီ ဖြစ်သလို အပိုဆုအနေနှင့် အမတ်မင်းချွေးမ၊ စည်းစိမ် အာဏာတွေက ထပ်ရလာဦးမည် မဟုတ်လား။ အဖေကိုယ်တိုင် ဝင်ပါပြီး ကိုယ့်ဘက်က ရှိနေပြီးသားမို့ ငွေစန္ဒာကို အသာလေး မောင်းထုတ်ဖို့က အနှေးနဲ့ အမြန်ပင်။
************************************
ရာဇပလ္လင် အခန်းထဲ ဝင်လာသည်နှင့် သူ့ကို ခပ်တည်တည်စူးစိုက်ကြည့်နေသည့် လကလေးကြောင့် အနားကို အမြန်လျှောက်လာခဲ့သည်။
“ လကလေး ကိုယ်....”
“ ဘာလို့ နောက်ကျနေတာလဲ။ “
ရာဇပလ္လင် ဟိုမိန်းကလေးကို ပြေးမြင်မိသွားသည်။ အသက်ရှူကြပ်သွားရသလို သူ အမှန်အတိုင်း ပြောဖို့ မရဲပေ။
“ အဆင်မပြေတဲ့ ကိစ္စလေး ရှိသွားလို့။ ကိုယ် တကယ်ကို တောင်းပန်ပါတယ်။ “
စန္ဒာ သက်ပြင်းချလိုက်မိသလို အန္တရာယ် မဖြစ်တာပဲ တော်သေးသည်ဟု စိတ်ဖြေလိုက်သည်။ ခေါင်းကို အသာညိတ်ပြလိုက်ရင်းမှ သက်ပြင်းချလိုက်မိတော့ လူကို လာဖက်သည်မို့ စန္ဒာ ပြုံးလိုက်မိသည်။
မိုင်း ကလပ်ထဲဝင်လာသည့် မမကို မြင်လိုက်ရသဖြင့် အနားလျှောက်လာခဲ့သလို မျက်နှာသိပ်မကောင်းတာ သတိထားလိုက်မိသဖြင့် ....
“ မမ.....အဆင်မပြေတာ ရှိလို့လား။”
“ မိုင်း... မင်း သူ မနေ့က ဘာတွေ ဖြစ်လာသလဲ စုံစမ်းကြည့်။ “
မိုင်း မျက်မှောင်ကျုံ့မိသွားရင်းမှ....
“ ဂိုဏ်းချုပ်လား မမ။ “
စန္ဒာ ပြန်မဖြေပဲ ခေါင်းသာ ညိတ်လိုက်မိသည်။ မနေ့ညက သူ ပြန်လာပြီး စန္ဒာ သူ့ဆီကနေ မိန်းကလေးသုံး ရေမွှေးနံ့ကို သေသေချာချာရနေသည်။ ပြီးတော့ စန္ဒာ့စိတ်တွေ လေးနေသည်။ တစ်ခုခုတော့ မှားယွင်းနေပြီ။
ဆာရာ အင်တာဗျူးဖြေနေရင်းမှ အချစ်ရေးအကြောင်း ရောက်လာတော့ ခါတိုင်းနှင့်မတူအောင် ချိုမြစွာ ပြုံးလိုက်မိသည်.။
“ ဆာရာ့မှာ ချစ်သူရည်းစား ရှိပြီလား။ “
“ ဟုတ်ကဲ့....ခုတော့ ဆာရာ့မှာ ကိုကို ရှိနေပါပြီ။ “
ကင်မရာမီးရောင်တွေ တဖျတ်ဖျတ်လက်သွားသလို ဘယ်သူလဲ၊ ဘယ်ကလဲဆိုသည့် မေးခွန်းတွေက အလုအယက်ထွက်လာကြ၏။ ဆာရာ အလှဆုံးပြုံးလိုက်ရင်းမှ....
“ နိုင်ငံရေး အသိုင်းအဝိုင်းထဲကပါပဲ။ အမတ်မင်းတစ်ယောက်ရဲ့ သားပါ။ ကျန်တာက နောက်မှ သေချာဖြေပေးပါ့မယ်နော်။ “
ကင်မရာမီးရောင်တွေကို ကျောခိုင်းထွက်လာရင်းမှ စီစဥ်ထားသည့်အတိုင်း မီဒီယာကို စတင် အသုံးချနိုင်ခဲ့သည်။ ကိုကို ငြင်းမရမည့် အခြေအနေ၊ လက်ခံရမည့် အဖြစ်အထိကို ရောက်မှ ရလိမ့်မည်။ ဆာရာက အဲ့လောက် လွယ်ကူတဲ့ မိန်းမ မဟုတ်ဘူး ကိုကို။
ဦးမောင်ကလေး သတင်းတွေကို ဖတ်ကြည့်လိုက်ရင်းမှ သဘောအကျကြီးကျနေမိသည်။ ဆာရာ ...ဒီကောင်မလေး တော်သားပဲ။ သားလဲ သတင်းတွေ မြင်မှာပင်။ ဘယ်လောက် စိတ်တိုနေလိုက်မလဲ ။ အခု သားဆီ အဲ့မိန်းကလေးကို အရောက်ပို့ပေးရမှာက သူ့တာဝန်ပင်။
ကြားလိုက်ရသည့် စကားကြောင့် စန္ဒာ အံကို တင်းခနဲ ကြိတ်လိုက်မိသည်။
“ သေတော့မသေချာဘူး မမ။ ဒါပေမယ့် ညနေကျရင် ဂိုဏ်းချုပ် အဲ့မိန်းကလေးနဲ့ ချိန်းထားတာတော့ သေချာတယ်။ “
စန္ဒာ သတင်းစာကို သေချာဖတ်ကြည့်လိုက်ရင်းမှ ရင်ထဲက ဒေါသနှင့် အတူ တင်းကြပ်စို့နင့်တက်လာသည်။ ဒီဟာမလေးကို စန္ဒာ သေချာမှတ်မိသည်။ ဦးမောင်ကလေး၏ ပယောဂလဲ ပါမှာပင်။ ဒါဆို သူကရော....အလကား စောက်သုံးကို မကျဘူး။
မိုင်း မမ မျက်နှာကို ဘေးမှ ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ မျက်ရည်စတွေ ဝဲတက်နေပေမယ့် တစ်ချက် မငိုပဲ တင်းခံထားသလို နှုတ်ခမ်းလေးကို ပြတ်ထွက်မတတ် ဖိကိုက်ထားသည်။ မမ ဘယ်လို ဆုံးဖြတ်မလဲ မသိပေမယ့် ဒီအချိန်ကစပြီး မမ ချသည့် ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်သည်။ ရာဇပလ္လင်ကို သတ်ခိုင်းလဲ သူသတ်မှာပင်။
*****************************************
ရာဇပလ္လင် သတင်းစာကို ဆာရာ့ရှေ့ ပစ်ချလိုက်ရင်းမှ စူးခနဲ စိုက်ကြည့်မိသည်။
“ မင်း ဘယ်လောက် လိုချင်လဲ။ “
ဆာရာ ခေါင်းကို ခါယမ်းလိုက်မိသလို ..
“ ဆာရာ ကိုကို့ကိုပဲ ချစ်တာ။ “
“ မင်း ငွေယူရင် ယူ ၊ သေရင်သေ ကြိုက်တဲ့လမ်းကိုရွေး။ “
ဆာရာ ပြုံးလိုက်မိ၏။
“ ကိုကို ဆာရာ့ကို လွယ်လွယ်ကူကူ သတ်လို့ မရပါဘူး။ ဆာရာက နာမည်ကြီး မင်းသမီး။ ကိုကို နဲ့ ဆာရာ့ကိစ္စကို ကိုကို့ဖေဖေလဲ သိတယ်။ ပြီးတော့ ဆာရာသေရင် ကိုကိုပါ ထိခိုက်မှာ။ “
ရာဇပလ္လင် လွန့်ခနဲ ပြုံးလိုက်မိသည်။
“ ငါ စောက်ဂရု မစိုက်ဘူး ။ ဒီတစ်လောကလုံးမှာ ငါ ဂရုစိုက်တာ ငါ့မိန်းမပဲ ရှိတယ်။ “
ဆာရာ နှုတ်ခမ်းလေး တင်းတင်းစေ့သွား၏။ ဟုတ်ပြီလေ။ ဒီလိုဆိုတော့လဲ ကိုကို ဂရုစိုက်တာ ခံရအောင် လုပ်ကြည့်တာပေါ့။
စန္ဒာ ကားထဲမှနေ၍ မြင်နေရသည့် မြင်ကွင်းကို နာနာကြင်ကြင် ငေးကြည့်နေမိသည်။ ခွင့်မလွှတ်ဘူး.....ရာဇပလ္လင်။ နင်ရော အဲ့ကောင်မရော နင့်အဖေရော ။
မိုင်း ကားစတီရာယင်ကို ကိုင်ထားရင်းမှ မမ မျက်နှာကို ငေးကြည့်မိသည်။
“ မမ...”
“ ငါ့ဆီ အဲ့ဟာမကို ခေါ်လာခဲ့။ “
“ မမ ဖြစ်ချင်တာ ဖြစ်ရစေမယ်....စိတ်ချလက်ချသာ ကလပ်မှာ စောင့်နေပါ။ “
စန္ဒာ ခပ်အေးအေးပင် ပြုံးလိုက်မိသည်။ နှစ်ယောက်လုံးကို သတ်ပစ်မည်။ ရာရာစစ ဖောက်ပြန်သည်ပေါ့လေ။ ဘယ်သူ့အပေါ် ကိုလဲ ။
---------------
ဆာရာ ကလပ်ထဲ ဝင်လာခဲ့သလို ငွေစန္ဒာ့ကို လာရှာခြင်း ဖြစ်သည်။ ကိုကို နဲ့ ဆာရာ့အကြောင်း ပြောပြလိုက်မည်ဟု တွေးထားသလို ငွေစန္ဒာ၏ မခံမရပ်နိုင် ဖြစ်သွားမည့်ပုံစံကိုလဲ ကြိုတွေးထားမိသားပင်။
“ ငွေစန္ဒာ နဲ့ တွေ့ချင်လို့ပါ။ “
ဝန်ထမ်းကောင်မလေးက ဆာရာ့ကို တစ်ချက်ကြည့်ရင်းမှ ...
“ မမက အပြင်သွားပါတယ်။ “
“ ဒါဆို စောင့်နေမယ်။ “
ဆာရာ ပြောလဲပြော စားပွဲအလွတ်တစ်လုံးတွင် သွားထိုင်ရန် ပြင်နေစဥ်မှာပင် စူးရှလွန်းသည့် ရေမွှေးနံ့ပြင်းပြင်းနှင့်အတူ ဒေါက်ဖိနပ်သံကြောင့် လှည့်ကြည့်မိတော့ ကလပ်ထဲ ဝင်လာသည့် ငွေစန္ဒာ့ကို မြင်လိုက်ရသည်။ ကပျာကယာ နေရာမှ ထရပ်လိုက်ရင်းမှ အရှေ့တွင် ပိတ်ရပ်ပစ်လိုက်သည်။
စန္ဒာ မျက်စိရှေ့ ရုတ်တရတ် ပေါ်လာသည့် ထိုမိန်းမကို မြင်တော့ မျက်စပင့်မိသွားရသည်။ စန္ဒာ့ကို ပြုံးပြလာရင်းမှ....
“ ဆာရာပါ.....အစ်မနဲ့ ပြောစရာ.....”
ဖြောင်းးးး!!!!
ဆာရာ့မျက်နှာလေးက စောင်းကျသွားသလို ပါးတစ်ဖက်က ထူပူသွားရသည်။ ထိတ်လန့်သွားရရင်းမှ ပြန်ကြည့်မိတော့.....
“ နင်က ဘာမို့လို့ ရာရာစစ ငါသွားနေတဲ့ လမ်းမှာ လာပိတ်ရတာလဲ ....အတင့်ရဲလိုက်တာ။ “
*****************************************************************************
Part – 22 မျှော်
Author - အနမ်းခြွေ

My Stranger Guy ( Complete) Where stories live. Discover now