(Chapter-1)(U+Z)

1.7K 64 0
                                        

သေဆုံးခြင်း


Unicode

မနက်6နာရီထိုးတော့ Park Jiminအိပ်ယာကနေနိုးလာခဲ့တယ်။အခုတလောPark jiminရဲ့အကျင့်တစ်ခုကိုပြပါဆိုရင် အိပ်ယာနိုးနိုးချင်းပြက္ခဒိန်ကိုကြည့်တာပါပဲ။အခုလဲထိုအကျင့်အတိုင်း ပြက္ခဒိန်ဆီအကြည့်ကရောက်သွားလေပီ။ဒိတ်က2730ခုနှစ် *လ*ရက် ဆိုတာမြင်လိုက်ရတော့မှ Jiminရဲ့စိတ်ပျော်သွားပီး သက်ပြင်းချနိုင်သွားတယ်။

Jimin က2024ခုနှစ်ကနေ 2730ခုနှစ်ကအနုပညာရှင်jiminရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းခဲ့တယ်။မကူးပြောင်းခင်jiminဘဝက နာမည်ကျော်အကသမားတစ်ယောက်။ကိုးရီးယားနိုင်ငံနာမည်ကြီး entertainmentက သင်တန်းသားတွေကိုလဲ အကဆရာလုပ်နေတဲ့သူတစ်ယောက်၊ထို့ပြင်kpop သီချင်းအများစုက Park Jiminကိုယ်တိုင်ထွင်ထားတဲ့ Choreography တွေပင်။အပြင်မှာလဲ အကသင်တန်းကြီးတစ်ခုဖွင့်လှစ်ထားသေး၏။ဒါကြောင့်လဲ Park Jimin ကအကနယ်ပယ်မှာဆရာတစ်ဆူ၊အနုပညာရှင်တွေပါလေးစားရတဲ့ဆရာတစ်ယောက်ဖြစ်လို့ Park Jiminကမိဘ‌တွေဖြစ်စေချင်တဲ့ ရှေ့နေတစ်ယောက်အဖြစ်ကိုစွန့်လွှတ်ပီး မိမိဝါသနာပါတဲ့အကကိုပဲ ‌ရွေးချယ်ခဲ့တာကိုလုံးဝနောင်တမရခဲ့ပါ။အကရွေးချယ်လိုက်လို့မိဘတွေနဲ့စကားမပြောတော့သည်အထိဖြစ်ခဲ့ကြပေမဲ့ jiminအောင်မြင်လာတာတွေမြင်တော့မှလက်ခံပေးခဲ့ကြတယ်။

သို့သော်ထိုအရာအားလုံးဟာ ပီးဆုံးသွားခဲ့လေပြီ။လှပတဲ့အဆုံးသတ်ခြင်းနဲ့မဟုတ်ပေမဲ့ပေါ့။

.......................................................................

ထိုနေ့က Jimin world class dance competition ပြိုင်ပွဲမှာအနိုင်ရခဲ့တယ်။ဆုနဲ့အတူကား‌မောင်းပီး အိမ်ပြန်လာတဲ့အချိန်မှာ Truckကားတစ်စီးတိုက်တာခံလိုက်ရပီးအောက်ပိုင်းသေသွားခဲ့တယ်။အစကမ‌တော်တဆဖြစ်တာထင်ခဲ့သော်လည်း ထိုTruckကားမောင်းသူမှာ Jiminရှေ့နေဖြစ်နေစဉ်ကလက်ခံခဲ့တဲ့အိမ်တွင်းအကြမ်းဖက်မှုအမှုတွင်Jiminအမှုသည်ရဲ့ တရားခံယောက်ျားဖြစ်သူပင်။သူ့ကိုထောင်ကျအောင်လုပ်ခဲ့တဲ့Jiminအပေါ်မကျေနပ်၍ လက်တုံ့ပြန်သည်ဟုရဲစခန်းမှာထွက်ဆိုခဲ့တယ်။
သို့သော်ထိုကိစ္စကထင်သ‌လောက်မရိုးရှင်းခဲ့ပါ။စုံထောက်တို့၏ပါးနပ်မှုကြောင့် Truck ကားမောင်းသူဟာတစ်ယောက်ထဲကြံစည်ခဲ့ခြင်းမဟုတ်ကြောင်းသိသွားခဲ့ကြတယ်။‌ထိုလူအားပိုက်ဆံပေးကာjiminကိုအသေတိုက်ခိုင်းခဲ့တာပင် ထိုသို့စေခိုင်းသူမှာ J entertainment CEOဟောင်း Jezဖြစ်သူပင်။
J entertainment တွင် Jiminက သင်တန်းသားတွေရဲ့ အကဆရာဖြစ်၏။Jezဆိုသောသူသည် သင်တန်းသားများအပေါ်လိင်အမြတ်ထုတ်လေ့ရှိသူဖြစ်ပီး ဝန်ထမ်းများအ‌ပေါ်တွင်လဲ နိုင်ထက်စီးနင်းဆက်ဆံသူဖြစ်တယ်။သူ့အားပြန်ခံ‌ပြောတတ်သူဆိုလျှင် မသေရုံတမယ်လဲရိုက်တတ်သူတစ်ယောက်ပင်။ထို့ကြောင့်ဝန်ထမ်းများက‌ရှေ့နေဟောင်း Jiminနဲ့တိုင်ပင်ကာ သက်သေများနှင့်တကွတရားစွဲခဲ့ကြ‌တယ်။တရားစွဲတာအနိုင်ရခဲ့သောကြောင့် Jezသည်CEO ရာထူးမှထုတ်ပယ်ခံရသည့်အပြင် ဒဏ်ငွေပေးဆောင်ခဲ့ရတယ်။
မကောင်းတဲ့လူတွေက သူတို့အမှားကိုသူများအပေါ်လွှဲချတတ်တာကသဘာဝပဲမဟုတ်လား။Jezသည်လဲထိုလူများထဲတွင်ပါဝင်သူပီပီ သူ့အပြစ်အားပြန်မသုံးသပ်ပါပဲ Jimin‌ဦးဆောင်မှု‌ေကြာင့်၊jiminအကြံပေးမှုတွေကြောင့်ဖြစ်သည်ဟုတွေးကာJiminအားသတ်ရန်လူငှားခဲ့ခြင်းဖြစ်၏။
စုံစမ်းစစ်ဆေးမှုအပီးJezရော truckကားမောင်းသူပါထောင်ကျသွားခဲ့ကြလေ၏။ထိုအချိန်အခါထိJezမှာ သူ၏အမှားကိုလက်မခံသေးပဲ ထောင်ဖောက်ပြေးကာ Jimin အိမ်သို့ရောက်လာခဲ့တယ်။အိမ်ကမိသားစုဝင်‌တွေဖြစ်တဲ့အဖေနဲ့အကိုကအလုပ်သွားချိန်၊အမေကဈေးသွားဝယ်ချိန်နဲ့ကွက်တိဖြစ်အောင်အချိန်စောင့်ကာအိမ်ထဲသို့ဝင်လာခဲ့တယ်။
ဝှီးချဲလ်ပေါ်မှာထိုင်နေတဲ့Jiminကိုမြင်‌တော့အနားကပ်သွားပီး ဓါးနဲ့အချက်ပေါင်းများစွာထိုးပီးထွက်ပြေးရန်Jezကြံစည်ထားခြင်းသာ။သို့သော် Jezလို‌အလကားနေရင်းတောင်သူတစ်ပါးအားမသေရုံတမယ်နှိပ်စက်တတ်တဲ့လူက သူ့ကို‌ထောင်ထဲမှာတစ်သက်လုံးနေရအောင်လုပ်လိုက်တဲ့Jiminကို အရှင်ထားမှာမဟုတ်ဘူးဆိုတာ သိတဲ့jiminက‌Jez ဝင်လာတာမြင်ကတည်းက ဘေးနားက‌ရေခွက်ကိုကောက်ယူကာ ပလက်ခုံအနီးမှာရွှေ့ထားလိုက်တယ်။ Jez အနားကပ်လာကာဓါးနဲ့စထိုးတော့jiminကသူ့လက်ကိုရမ်းလိုက်ပီး ပလက်ခုံတည့်တည့်ရေခွက်ထဲကရေတွေကျအောင်လုပ်လိုက်တယ်။ပီးနောက်သေရင်တောင်တစ်ယောက်ထဲမသေဘူးဟုဆုံးဖြတ်ထားတဲ့Jiminက သူ့ကိုဓါးနဲ့ထိုးနေjezရဲ့လက်‌ကိုမိအောင်ဆွဲဖမ်းပီးအတင်းအကြပ်ဖက်ထားလိုက်တယ်။ထိုအချိန်မှာပဲ ရေဝင်သွားတဲ့ပလက်ခုံရှော့ဖြစ်ကာမီးထတောက်လေတော့၏ ။ထို့နောက်ဘေးနားကစာအုပ်၊အဝတ်စ စသည်တို့ကိုစွဲသွားပီးမီးတောက်ကြီးလာ‌လေပြီ။
ထိုအချိန်မှမီးလောင်နေတာမြင်တဲ့Jezကသူ့လက်ကိုဆွဲဖတ်ထားတဲ့Jiminကိုတွန်းဖယ်ကာထွက်ပြေးဖို့လုပ်‌တယ်။Jiminကအားကုန်သုံးထားသည်မို့သူဖယ်မရခဲ့။jezကအတင်းရုန်းရင်းသည်မို့jiminရဲ့ဝှီးချဲလဲကျသွား‌တယ် jiminကသူ့လက်ကိုဖက်ထားသည်မို့Jezပါလဲကျသွားခဲ့တယ်။လဲကျသွားသည့်တိုင် jiminကJezရဲ့လက်ကိုတော့လုံးဝမလွှတ်ခဲ့ပါ။
ထိုအချိန်အတောအတွင်း Jimin စိတ်ထဲတွေးနေမိသည်က
ငါတစ်ဘဝလုံးနီးပါး မိဘစကားနားထောင်ခဲ့ပီးစာကြိုးစားခဲ့တယ်။မိဘတွေဖြစ်စေချင်တဲ့ ရှေ့နေဖြစ်အောင်ကြိုးစားခဲ့တယ်။ရှေ့နေဖြစ်နေတုန်းကလဲ ငါစိတ်မပါတဲ့အလုပ်ဆိုပေမဲ့ ငါ့တစ်လျှောက်လုံး အမှန်တရားဖက်ပဲရပ်တည်ပီးကောင်းတာကိုလုပ်ခဲ့တယ် အကောင်းဆုံးလဲလုပ်ခဲ့တယ်။ ဝါသနာပါတဲ့‌အကကိုလုပ်တုန်းကလဲ ငါစေတနာပါပါနဲ့အကုန်လုံးကိုသင်‌ပေးတယ်။အမြဲတမ်း‌ကောင်းတာပဲလုပ်ပီး အလုပ်ကြိုးစားတယ်၊အမြဲတမ်းအမှန်တရားဖက်မှာပဲနေခဲ့တယ်။သူများမကောင်းရင်တောင်ကိုယ့်ဖက်ကကောင်းပေးခဲ့တယ်။ ဒါတွေအကုန်လုံးက ဒီလိုအဆုံးသတ်ဖို့လား။ဒီလိုပဲလောကကြီးကဆက်ဆံတာလား။ငါ့ကိုပဲရွေးပီးဒီလိုလုပ်တာလား။ငါ့အပေါ်အားမနာကြဘူးလား။
Jimin ဝမ်းနည်းစွာ‌စိတ်ထဲတွေးရင်းမျက်ရည်တွေပါကျနေမိသည်အထိပင်။ထို့နောက် ပေါက်ကွဲသံတစ်ခုကြားလိုက်ရသည်ကjiminရဲ့နောက်ဆုံးအကြိမ်အသက်ရှူခြင်းနှင့်ကြားရခြင်းသာဖြစ်နေခဲ့ပါ၏။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now