(Chapter 18 )
❝ အာညာဆယ်ရော် ယောရောဘွန်း ❞
Jimin Live လွှင့်တာနဲ့ တရိတ်ရိတ်တက်လာတဲ့ viewerတွေကို Jimin နှုတ်ဆက်လိုက်သည်။ viewတွေတက်လာသည်နှင့်အမျှ comment များလည်းတက်လာလေသည်။
❝ ကျွန်တော် liveမလွှင့်တာကြာလို့ လွှင့်လိုက်တာပါ အားလုံးနေကောင်းကြတယ်မလား ❞
/လွမ်းနေတာ အချစ်ကလေးရယ် အခုမှပဲအမောပြေတော့တယ် /
/Jiminie ရေ ဟင်းချက် vlogတွေကို နေ့တိုင်းတင်ပါလား ကြည့်မဝဘူး/
/လွမ်းနေတာ /
Comment များက အမြန်တက်နေသည်မို့ Jimin ဖတ်တောင်မဆုံးခင်ပျောက်သွားကြလေသည်။
❝ အာ ကျွန်တော် မိတ်ဆက်ပေးစရာရှိတယ် ❞
Jimin Milky လေးကိုပြချင်သည်မို့ သူလေးအိပ်နေတာကို သွားပွေ့ရန်သွားလိုက်သည်။
/မိတ်ဆက်ပေးမယ်တဲ့ ညီအမတို့ ဘာများလဲမသိ /
/သူဘာကြွားမလို့လဲမသိဘူး ငါတို့ကလေးလေးက ကြွားစိန်လေးဖြစ်လာတာသတိထားမိကြလား/
❝ ဒီမှာပါ ကျွန်တော် ကြောင်လေးမွေးလိုက်ပါပီ။ဖြူဖြူလုံးလုံးလေး အရမ်းချစ်ဖို့ကောင်းတာပဲ ❞
camera ရှေ့ပြန်ထိုင်ကာ ကြောင်လေးပွေ့ကာပြလိုက်သည်။
❝ သူ့ကို ကျွန်တော် Milky လို့နာမည်ပေးထားတယ်။သူကအထီးလေး ❞
Jimin အချိန်အတော်ကြာသည်အထိ ဖန်များနှင့်မေးလိုက်ဖြေလိုက်လုပ်ပြီးမှ အနားယူသည်။
ဒီနေ့ Jeon Jungkook ကတခြားမြို့ကို အလုပ်ကိစ္စကြောင့်သွားလိုက်သည်မို့ Jimin တစ်ယောက်ထဲအိမ်မှာရှိသည်။ Jimin ပျင်းလာသည်မို့ သီချင်းစာသားတွေရေးရန် ဂီတာကောက်ကိုင်ကာ စရေးတော့သည်။
............................................................…........
Jeon Jungkook လည်း အလုပ်ရှုပ်နေလေသည်။ ဒီမြို့ကရုံးက ရုံးခန်းထဲ Jungkook စာရင်းတွေအမြန်စစ်ကာ နေလေသည်။ စာရွက်စာတန်းကိစ္စသာဆို ရုံးချုပ်မှာလုပ်လို့ရပေမဲ့ လုပ်ငန်းခွင်အခြေအနေကိုလည်း လာကြည့်ရသေးသည်မို့ ဒီမြို့အားရောက်လာရခြင်းပင်။ အိမ်မှာ ကျန်ခဲ့သော Jiminအား တစ်ယောက်ထဲစိတ်မချသည်မို့။ Jeon Jungkook မြန်မြန်ပြန်ရန်လုပ်နေခြင်းပင်။
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Fanfictionခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
