(Chapter-2) (u+z)

1.1K 58 0
                                        

အင်ပါယာဂြိုလ်

Unicode

2300ခုနှစ်တွင် Zombie virus ဟုခေါ်သောvirusသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပီး ကမ္ဘာပျက်ကပ်ကြီးတစ်ခုဖြစ်လာခဲ့သည်။ထိုvirusသည် ကူးစက်မှုနှုန်းမြန်ဆန်‌လေသည်။virusစပြန့်သည်နှင့်တစ်ပြိုင်နက် သိပ္ပံပညာရှင်များက ကုသဆေးတီထွင်များလုပ်ခဲ့သော်လည်း မအောင်မြင်သည့်အခါ ကမ္ဘာကြီးနှင့် virusကူးစက်ခံခဲ့ရသောလူများအား စွန့်ပစ်ကာနေရာအသစ်သို့ပြောင်းရွှေ့ရန်သာရွေးချယ်ခဲ့ကြသည်။ထို့‌ကြောင့် နိုင်ငံအသီးသီးကသတင်းဌာနများမှတစ်ဆင့် virusကုသ‌ဆေးကိုရှာဖွေတော့မည်မဟုတ်ပဲ ကမ္ဘာကိုစွန့်လွှတ်ပီးနေရာတစ်ခုသို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း၊ထိုနေရာအားလဲရှာဖွေနေပြီဖြစ်ကြောင်းနှင့် ပြောင်းရွှေ့နေထိုင်ရန်နေရာရှာတွေ့သောအခါ ကျန်းမာသန်စွမ်းသောလူများအားသာခေါ်သွားမည်ဖြစ်သောကြောင့် ထိုနေရာသို့လိုက်ချင်ပါလျှင်ကူးစက်မခံရစေရန်ဂရုစိုက်ဖို့မှာကြားခဲ့သည်။
ထို့ပြင် ထိုကူးစက်ခံရသောလူများသည် လူမဟုတ်တော့ပဲ အလောင်းကောင်များဖြစ်သွားပြီဖြစ်သဖြင့် မိမိကူးစက်မခံလိုလျှင် ထိုကူးစက်ခံရသူအားသတ်ပစ်ရန်တိုက်တွန်းခဲ့သေးသည်။ ထိုသို့သတင်းများ၌ကြေညာပီးချိန်တွင် အနိုင်ငံအနှံအပြား‌၌ဆူပူမှုများဖြစ်ပွားခဲ့သည်။ သို့သော်ထိုဆူပူဆန္ဒပြမှုများသည် ကြာရှည်မခံခဲ့ပါ။ ဆန္ဒပြနေကြချိန်တွင် Zombie virus ကူးစက်ခံထားရသူတို့၏ ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်မှုများဖြစ်ပွားခဲ့သောကြောင့်ဖြစ်သည်။ထို့ကြောင့် လူတို့သည်မိမိတို့ကိုယ်ကျိုးကိုပဲကြည့်တတ်သောစရိုက်များအတိုင်းပင် မိမိတို့ကူးစက်မခံရစေရန် ပြန်လည်တိုက်ခိုက်သတ်ဖြတ်ကြလေတော့သည်။
မကြာမီအချိန်တွင်လူသားများပြောင်း‌ရွှေ့ နေထိုင်နိုင်ရန် ဂြိုလ်အသစ်တစ်လုံးအား ရှာဖွေခဲ့ကြသည်။ထိုတွေ့ရှိချိန်၌ ကမ္ဘာပေါ်တွင် virus ကူးစက်မှုသည် 50%ခန့်ရှိနေလေပြီ။နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက Zombie များမဝင်ရောက်နိုင်သော အခြေစိုက်စခန်းများတည်ဆောက်ပီး မိမိတို့နိုင်ငံတွင်းရှိအသက်ရှင်ကျန်ရစ်သော လူများအားကယ်ထုတ်ပီး ထိုအခြေစိုက်စခန်းဆီသို့ခေါ်ဆောင်သွားကြလေသည်။ထိုအခြေစိုက်စခန်းသို့ရောက်လာကြသောလူများအား ကျန်းမာရေးစစ်ဆေးမှုများ ထပ်ခါထပ်ခါလုပ်ဆောင်ခဲ့သည်။ဒဏ်ရာရှိသူ၊ရောဂါ ကူးစက်မှုအ‌စောပိုင်းလက္ခဏာများခံစားနေရသူများအားဖယ်လိုက်သောအခါ အရင်အသက်ရှင်ကျန်ရစ်သူမှာ 50%ထဲမှ25%သာကျန်ရှိနေလေတော့သည်။ ထို25%သာ ဂြိုလ်ပေါ်သို့ခေါ်သွားရန်အတည်ပြုခဲ့ကြသည်။
ထိုဂြိုလ်အား အင်ပါယာဂြိုလ်ဟုနာမည်ပေးခဲ့ကြသည်။ထိုဂြိုလ်သည် ကမ္ဘာနှင့်အနည်းငယ်သာဆင်သည်။ထိုဂြိုလ်ပေါ်တွင် မြေကြီးရှိသော်လည်း အပင်စိုက်၍မရပါ။ ရေများရှိသော်လည်း တိုက်ရိုက်သောက်သုံး၍မရပါ။သန့်စင်ပီးမှသာ သောက်သုံး၍ရလေသည်။ သစ်ပင်များပေါများစွာ မရှိခြင်းကြောင့် အောက်စီဂျင်လည်းများပြားစွာမရှိပေ။ထို့ကြောင့် လူသားတို့သည် တစ်ကိုင်စာ တစ်ယောက်သုံးအောက်စီဂျင်ဘူးများအား သွားလေရာသယ်ယူသွားကြရလေသည်။ အဆောက်အဦးများသည်လဲ ကမ္ဘာပေါ်ကကဲ့သို့မဟုတ်တော့ပဲ ဝင်ပေါက်သာရှိသည့် အလုံပိတ် အဆောက်အဦးများဖြစ်ကြလေသည်။လူ‌နေရန်အတွက် အဆောက်အဦးများကို အလုံပိတ်အဆောက်အဦးများအဖြစ်ဆောက်ရခြင်းအကြောင်းမှာ အိမ်၌နေလျှင် ‌တစ်‌ယောက်သုံးအောက်စီဂျင်ဘူးများအသုံးပြုခြင်းကို ရပ်တန့်ရန်အတွက် အိမ်အတွင်း၌အောက်စီဂျင်များလွှတ်ထားရမည်ဖြစ်သောကြောင့်ပင်။
ထိုအင်ပါယာဂြိုလ်၌ အပင်များအားစိုက်ပျိုး၍မရ‌သောကြောင့် လူသားတို့အစားအစာ စားသောက်ရန်အတွက်အခက်အခဲများဖြစ်လာခဲ့သည်။ထို့ကြောင့် သိပ္ပံပညာရှင်များက တစ်ခါ‌ေသာက်ထားလျှင် တစ်ပတ်ခန့်အစားအစာဆာ‌လောင်မှုဒဏ်ကိုပျောက်ကင်းစေသောအဟာရည်များအားထုတ်လုပ်ခဲ့သည်။
ထိုအင်ပါယာဂြိုလ်သို့စတင်ပြောင်းရွှေ့ကာနေထိုင်ချိန်၌ တခြားဂြိုလ်မှ နယ်မြေလုသောဂြိုလ်သားများနှင့်ကြုံခဲ့ရသေးသည်။သို့သော် လူသားတို့အနိုင်ရသွားသောကြောင့် ဂြိုလ်သားတို့သည် လူသားတို့သောက်သုံးမည့်ရေထဲတွင် အဆိပ်တစ်မျိုးခပ်ကာအင်ပါယာဂြိုလ်မှစွန့်ခွာသွားခဲ့ကြသည်။ပညာရှင်များက ထိုအဆိပ်၏အဆိပ်ဖြေဆေးအား ဖော်ထုတ်နိုင်ခဲ့သောကြောင့် လူသားတို့သေဘေးမှလွှတ်ခဲ့သော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် လူသားတို့ကြားထဲတွင် ယောက်ျားနှင့်မိန်းမနှစ်မျိုးအပြင် Alpha Beta Omega ဟူသောမျိုးကွဲများဖြစ်ပေါ်လာခဲ့သည်။alphaများထဲတွင် ကျား၊မ ရှိသလို betaနှင့် Omegaများထဲတွင်လဲ ကျား၊မရှိလေသည်။ သို့သော် ကိုယ်ဝန်ဆောင်သောလူများမှာomegaများနှင့် အမျိုးသမီးbetaများသာဖြစ်လေသည်။အမျိုးသမီးAlphaများမှာ ကိုယ်ဝန်မ‌ေဆာင်နိုင်ပဲ အင်အားကြီးသောလွှမ်းမိုးသူများသာဖြစ်လေသည်။သို့သော် Omega များမှာ လူနဲစုသာဖြစ်ပီး အမျိုးသမီးbetaများမှာလဲ တစ်ဦးလျှင်တစ်ကြိမ်သာ ကိုယ်ဝန်ဆောင်နိုင်လေသည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now