(Chapter-5)ငန်းဖြူလေး(u+z)

283 21 3
                                    

   
Unicode

                   ငန်းဖြူလေး

ဆုပေးပွဲနေ့ကြီးရောက်ရှိလာပြီဖြစ်လေရာ Jimin တစ်ယောက်ပွဲနေရာသို့လေပြီ။ထိုနေရာသို့ရောက်တော့staffများနှင့်တကွ Jimin ကသူ့အတွက်နေရာပေးထားသော အခန်းတစ်ခုထဲဝင်သွားကြပီး ပြင်ဆင်နေခဲ့ကြလေသည်။ပရိတ်သတ်များထိုင်ရန်‌နေရာများ၌လည်း ပရိတ်သတ်များစွာရောက်ရှိနေကြပြီဖြစ်ပြီး ပွဲမစခင်ဖွင့်ပေးထားသော သီချင်းများအား လိုက်ဆိုနေကြသောကြောင့်  ဆူညံစွာရှိနေကြလေသည်။ထိုအသံများအား Jimin ကြားတော့ ရင်တုန်နေမိသည်ပင်။ဘယ်လောက်ပဲမူလပိုင်ရှင်ရဲ့မှတ်ဉာဏ်များအရ ပရိတ်သတ်များစွာရှေ့ အကြိမ်ပေါင်းများစွာဖျော်ဖြေခဲ့ဖူးသည့်အတွေ့အကြုံများရှိနေသော်လည်း Jimin ကမကြုံဖူးသေးပါ။အရင်ကလည်း နာမည်ကြီးအကဆရာတစ်ယောက်ဆိုပေမဲ့ ယခုကဲ့သိုပရိတ်သတ်ထောင်ချီရှေ့မှာ ကိုယ်ကအဓိကဇာတ်ကောင်အနေနှင့်မကြုံခဲ့ရပါ ။

ထို့အပြင် အရင်နေ့ကတော့ မတွေးမိပေမဲ့ ဖျော်ဖြေခါနီးမှတွေးမိသည့်အတွေးကြောင့်လဲ Jimin တစ်ယောက်ကိုယ့်အတွေးနဲ့ကိုယ်မပျော်မရွှင်ဖြစ်နေမိသည်။မူလပိုင်ရှင်၏မှတ်ဉာဏ်များအရ မူလပိုင်ရှင်သည် Jimin ယခုစီစဉ်ထားသလို အကဦးစား‌ပေးဖျော်ဖြေမှုများအားလုပ်လေ့သိပ်မရှိသူဖြစ်ပီး အကတော်သည့်တိုင်အကအားများစွာချမပြခဲ့ဘဲ အဆိုသာဦးစားပေးသူတစ်ယောက်လည်းဖြစ်သည်။ ယခုတွင်တော့ Jiminဖျော်ဖြေရန်စီစဉ်ထားသည်မှာ သုံးပုံပုံလိုက်လျှင် နှစ်ပုံက အကဖြစ်ပီးတစ်ပုံသာလျှင်အဆိုဖြစ်သည်။ထို့ကြောင့် ပရိတ်သတ်များကမကြိုက်ကြလျှင်ဘယ်လိုလုပ်မလဲဟူသောအ‌တွေးကJiminခေါင်းတစ်ခုလုံး၌ကြီးစိုးထားလေသည်။

Stylist များက Jimin အားအဖြူရောင်လေးဆင်ထားပေးပီး makeup stylistများကလဲည်းJiminရဲ့နဂိုလှတဲ့မျက်နှာလေးအား ပို၍လှပအောင်ပြင်ဆင်ထားပေးသည်။ hair stylist များက Jimin ရဲ့ဆံပင်လေးတွေပေါ်မှာ လှပပီးထူးခြားသည့် ကလစ်ငယ်လေးများအားလဲဆင်ထားပေးသေးသည်။မကြာခင်မှာ Jimin ဖျော်ဖြေရန်အလှည့်ကျတော့မည်မို့ stageနောက်မှာ လာစောင့်ပေးနေရန်ပွဲစီစဉ်သည့် staff များကလာပြောကြသည်။ထို့ကြောင့် နောက်ခံအကသမားများနှင့်တကွ Jiminရော  staffများပါ stage‌နောက်သို့သွားကြလေသည်။ ထိုသို့သွားသည့်လမ်းတစ်လျှောက်တွင် Jimin အားမြင်သူအပေါင်းမှာ ရင်သပ်ရှုမောဖြစ်ကာ ငေးကျန်ရစ်ခဲ့ကြလေသည်။Jimin stageနောက်ကိုရောက်တော့ လှပသည့် ဂါဝန်အားဝတ်ဆင်ထားသည့် စီနီယာအမKim jiyoonအားတွေ့လိုက်ရသည်။စီနီယာအမKim jiyoonက ယခုဆုပေးပွဲ၌စီစဉ်တင်ဆက်သူတစ်ယောက်အဖြစ်တာဝန်ယူထားရသူဖြစ်သည်။ Kim jiyoonက Jiminကိုမြင်တော့အနားလာကာ စကားပြောလာသည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now