(Chapter 16)
ဒီနေ့မနက်တော့ Jimin အိပ်ယာစောစောနိုးသောကြောင့် မနက်စာပြင်ကာ နှစ်ယောက်သား မနက်စာအတူစားဖြစ်ကြသည်။ ထိုအချိန်မှာပင် Rowon နှင့် Zane က အလောတကြီးရောက်လာကြသည်။ Jeon Jungkook မနက်စာစားနေတာမြင်တော့ Rowon နဲ့ Zane တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်မိကြသည်။ အကြောင်းမှာ သူတို့ အကြီးအကဲက မနက်စာစားခြင်းအမူအကျင့်မှာ တစ်ခါမျှမရှိခဲ့သောကြောင့်ပင်။
Jeon Jungkook ကတော့ သူ့တပည့်နှစ်ယောက်၏ အတွေးများအားမသိသောကြောင့် မနက်စာစားမပျက်ပါချေ။ မနက်စောစော ရောက်လာကြသည်ပင် သူတို့နှစ်ယောက်လည်း မနက်စာမစားရသေးသည်မှာ သေချာသည်မို့ Jiminက သူတို့နှစ်ယောက်ကိုလည်း မနက်စာခေါ်ကျွေးလိုက်သည်။
❝ နှစ်ယောက်သားမနက်အစောကြီးရောက်လာကြတာပဲ။ လာတခါတည်း ဝင်စားပါလား ❞
❝ ဟုတ်ကဲ့ ... ရပါတယ်ဗျ ကျွန်တော်တို့ ရုံးရောက်မှ စားလိုက်ပါမယ် ❞
❝ ဝင်စား အားနာစရာမလိုဘူး ❞
❝ ဟုတ်တယ် ဘာမှအားမနာနဲ့စား ❞
Jeon Jungkook စကားအား Jimin ဝင်ကာထောက်ခံပေးလိုက်သည်။ Jeon Jungkook ဆီက ခွင့်ပြုချက်ရသည်တိုင် ငြင်းရန်ကြံစည်ထားသော်လည်း စားပွဲပေါ်က ဟင်းအနံ့ကြောင့် သည်းခံစိတ်ကုန်သွားသဖြင့် နှစ်ယောက်သားဝင်ကာစားကြတော့သည်။ ဒါပေမဲ့ Rowon နဲ့ Zane တို့နှစ်ယောက် တွန့်ဆုတ်နေခြင်းမှာ အားနာသောကြောင့်မဟုတ်ပဲ သူတို့အကြီးအကဲ၏ အရှိန်အဝါကြောင့် စားရသည်မှာ အစာမကြေသလိုခံစားရသည်ကြောင့်ပင်။
Rowon နဲ့ Zane အားရပါးရစားသောက်နေခြင်းအား Jimin ဘေးကကြည့်ကာ အားရနေသည်။ ကိုယ်ချက်တဲ့ဟင်းကို စားတဲ့သူကအားရပါးရစားနေတာကို ကြည့်ရတာကိုက ချက်ပြုတ်သူတို့ပီတိပဲ မဟုတ်ဘူးလား။
Jeon Jungkook သူ့ရှေ့က တဖြုတ်ဖြုတ်ကုန်သွားသောဟင်းများအားကြည့်ကာ စိတ်ထဲနဲနဲချဉ်လာသည်ပင်။ ဒါတွေအကုန် Jiminie က အပင်ပန်းခံပြီး သူ့အတွက်ချက်ထားတာလေ ဘာလို့သူ့တပည့်တွေကအသည်းအသန်စားနေကြမှန်းနားမလည်တော့ပါ ။
Jeon Jungkookက သူအကြိုက်ဆုံးဟင်းပွဲအား သူ့တပည့်နှိုက်ရန်ပြင်နေသည်အား မြင်သောကြောင့် ထိုဟင်းပွဲအား လှမ်းယူကာ သူ့တပည့်တွေမနှိုက်နိုင်သည့် သူ့ရှေ့သာချထားလိုက်သည်။
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Fanfictionခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
