Chapter 13 (လေပူပေါင်း)
Jiminဆီက သူ့နာမည်ထွက်လာတာကြားတော့ Ericပျော်သွားသည်။ Jiminတစ်ယောက်အတိတ်မေ့သွားတယ်ဟူသောသတင်းကြောင့် သူ့အားမေ့သွားမည်စိုးရိမ်နေခဲ့ရလေသည်။ ရင်းနှီးနေသောခေါ်သံကြောင့် Eric ရဲ့ပျော်ရွှင်မှုက စကားလုံးတွေအထိသက်ရောက်မှုရှိကာ ရွှင်ပြပြအသံလေးထွက်လာလေသည်
❝ ဟုတ်တယ် ကိုယ်ပဲ၊ မင်းကိုလူတွေက အတိတ်မေ့သွားတယ်လို့ပြောကြတယ်။အမှန်မဟုတ်ဘူးမလား ❞
jiminစိတ်ရှုပ်သွားလေပြီ။ မူလလူ၏ မှတ်ဉာဏ်များကြောင့် Ericရဲ့အကြောင်းအားကောင်းစွာသိထားသောကြောင့် Ericရဲ့ပြိုင်ဆိုင်လိုစိတ်တို့အားအလွန်သဘောမကျဖြစ်ခဲ့ရသည်။
မူလပိုင်ရှင်သည် Ericအား အလွန်ချစ်မြတ်နိုးသောကြောင့် Ericအကြောင်းသိသည့်တိုင် Ericဘက်၌သာနေလိုစိတ်ရှိပေမဲ့ ယခုJiminကတော့ထိုသို့ဟုတ်မနေခဲ့ပါ။
Jiminစကားတွေအများကြီးပြောလိုစိတ်မရှိသောကြောင့် မြန်မြန်ဆန်ဆန်စကားအဆုံးသတ်ရန်ပြောလိုက်လေသည်။
❝ အဲ့ဒီသတင်းကမှန်တယ် ❞
❝ ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား။ ကိုယ်တကယ်တောင်းပန်ပါတယ်။ အဲ့တုန်းကကိုယ့်ရဲ့ rutကာလထဲရောက်နေချိန် ဟန်ဂီပွန်းက ကိုယ့်ဆီရောက်လာခဲ့လို့ပါ။ပြီးတော့ အဲ့နေ့က ဟန်ဂီပွန်းက မင်းရဲ့ဖယ်ရိုမုန်းနံ့ရေမွှေးကိုသုံးထားတော့ မင်းထင်သွားတာ။ ကိုယ်မှားမှန်းသိပါတယ် ကိုယ်တောင်းပန်ပါတယ် ❞
Ericရဲ့ အလိမ်အညာစကားများအား Jiminနားထောင်ပြီးနောက် မူလပိုင်ရှင်အားသနားမိသွားသည်။
မူလပိုင်ရှင်က Ericနဲ့ဟန်ဂီပွန်းအကြောင်းများအား မသိတာမဟုတ်ပဲ မသိချင်ယောင်ဆောင်ကာအလိမ်ခံပြီးနေခဲ့ခြင်းဆိုတာ Ericမသိသောကြောင့် ထိုစကားများအားပြောထွက်ခြင်းပင်။
မူလပိုင်ရှင်သာဆို Ericအားပြန်လက်ခံနိုင်သော်လည်း ယခုJiminကတော့ ထိုသို့လုပ်မည်မဟုတ်ပဲ တရားမျှတမှုအတွက် ပြန်လည်တုံ့ပြန်မည်သာ။
❝ ဘယ်လိုပဲဆိုဆို ငါတို့ဇာတ်လမ်းကပြီးသွားပြီပဲလေ ❞
❝ မဟုတ်ဘူးလေ Jiminah ကိုယ်တို့နှစ်ယောက်ပုံဖော်ထားတဲ့အနာဂါတ်အတွက် ဒီလိုလေးဖြစ်ရုံနဲ့လက်လျော့လိုက်တာကမဖြစ်သင့်ဘူးလေ ❞
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Фанфикшнခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
