Chapter 17 (u+z)

652 48 4
                                        

CHAPTER (17)

Jimin အိမ်မှာ တစ်ယောက်တည်း ဘာcontentရိုက်ရမလဲတွေးရင်းအလုပ်များနေသည်။ ဟင်းချက်vlogအတွက်အတွေးပေါ်လာသည်မို့ ရပ်ကွက်ထဲကကုန်တိုက်ဆီဈေးဝယ်သွားရန် အိမ်အပြင်ထွက်လာခဲ့သည်။

❝ မြောင် ❞

ကြောင်ပေါက်စအသံလေးအားကြားလိုက်ရသည်။ ကြောင်ချစ်တတ်တဲ့ Jimin က ကြောင်အသံလာရာကိုလိုက်ကြည့်တော့ Jiminတို့အိမ်ခြံစည်းရိုးအပင်တွေကြားထဲကနေထွက်လာသောအသံလေးပင်ဖြစ်သည်။ Jiminသေချာကြည့်တော့ အော်နေသည်မှာ အဖြူစွတ်စွတ်အမွှေးဖွာဖွာလေးနှင့် မျက်လုံးပြာလေးရှိသောကြောင်အထီးသေးသေးလေးပင်။

JIMIN ကသူ့ကိုအပင်တွေကြားထဲကထုတ်ကာ အခြေအနေစစ်ဆေးကြည့်တော့ကြောင်လေးက လက်နာထားဟန် jiminပွေ့ချီလိုက်ကတည်းက တမြောင်မြောင်အော်ကာ jiminလက်အားသူ့ခေါင်းလေးဖြင့်ပွတ်နေသေးသည်။ ကြောင်လေးကအဖြူစွတ်စွတ်ပေမဲ့ အမွှေးလေး‌တွေမှာ ရွှံ့အနည်းငယ်လည်းကပ်နေသေးသည်။ Jiminအူယားလွန်းလို့ သူ့အားမွေးစားရန်တွေးမိလိုက်သည်။

Jeon Jungkook သဘောမတူမှာဆိုးပေမဲ့လည်း ဒီချစ်စရာလေးအားပြန်မလွှတ်နိုင်သောကြောင့် မရရအောင်မွေးမည်ဟုတွေးထားသည်။ Jimin သူ့ကိုပါပွေ့ပြီး ကြောင်စာနှင့်လိုအပ်သည်များလည်း ကုန်တိုက်မှာတစ်ခါတည်းဝယ်ရန်တွေးထားသည်။

Jimin ကုန်တိုက်ကို စက်ဘီးစီးကာသွားရန်စိတ်ပြောင်းသွားကာ စက်ဘီးထုတ်လိုက်ပြီး စက်ဘီးခြင်းထောင်းထဲမှာအဝတ်ထူထူခင်းကာ ကြောင်လေးကိုထည့်လိုက်သည်။ Jiminကုန်တိုက်သွားသည့်တစ်လျှောက် ကြောင်လေးက ခြင်းတောင်းထဲကမခုန်ချပဲ ငြိမ်ငြိမ်လေးသာလိုက်လာသည်။

လေတဖြူးဖြူးရယ် သစ်ပင်‌စိမ်းစိမ်းစိုစိုတွေရယ် ကြောင်လေးရယ်နဲ့ စက်ဘီးစီးနေ‌ရ၍Jimin အလွန်စိတ်ချမ်းသာနေသည်။ ယခုလိုသဘာဝနဲ့မထိတွေ့သည်မှာ အချိန်သိကြာနေပြီပင် အရင်တုန်းကလည်း အလုပ်တွေရှုပ်နေခဲ့၍မထိတွေ့ခဲ့ရပေ။

ကုန်တိုက်နားရောက်ခါနီးတွင် တိရိစ္ဆာန်ဆေးကုခန်း‌အားတွေ့လိုက်ရသည်ကြောင့် Jimin သူ့ကြောင်ဖြူလေးအားဆေးခန်းပြရန်စိတ်ကူးရလာသည်ကြောင့် ထိုဆေးခန်းစီသွားလိုက်သည်။ Jimin ကြောင်လေးအားပွေ့ကာဆေးခန်းထဲဝင်သွားတော့ ထိုဆေးခန်းမှာ ဆေးသီးသန့်ကုသည်မဟုတ်ပဲ အစာတွေပါရောင်းကြောင်းတွေ့လိုက်ရလေသည်။ 

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now