(Chapter 19 )
ဥက္ကဌကြီးရုံးခန်း၌ အဖိုးကြီး Jeonတစ်ယောက်ရရှိလာသောသက်သေများအားကြည့်ကာ သက်ပြင်းချသည်။ ထိုသည်ကိုမြင်တော့ အဖိုးကြီးJeonငယ်ရွယ်စဉ်ကတည်းက ဘေးနား၌ရှိနေခဲ့သော အတွင်းရေးမှူးက
❝ ဥက္ကဌကြီး သက်သေတွေကအရမ်းပြည့်စုံပါတယ်။ အကြီးအကဲကိုချောက်ချဖို့လုပ်ထားတယ်ထင်ရတယ် ❞
အဖိုးကြီး Jeonကတစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး
❝ Jeon Jungkook အတွက်ပညာစမ်းပွဲပါပဲ။ ထိပ်ဆုံးရောက်နေရင်ဒီလိုအဖြစ်အပျက်တွေကြုံရမှာ ဒုနဲ့ဒေးပါပဲ။ ဘယ်လိုတုန့်ပြန်မလဲစောင့်ကြည့်ကြတာပေါ့ ❞
❝ ဥက္ကဌကြီး အစည်းအဝေးခေါ်လိုက်ရမလား။နောက်တပတ်အကြီးအကဲJeonက အင်ပါယာဂြိုလ်ပေါ်လာဖို့ ရှိပါတယ်။ အစိုးရဘက်ကလုပ်မဲ့ လုပ်ငန်းရှင်များအသင်း အစည်းအဝေးရှိပါတယ် ❞
❝ ကောင်းပြီ ❞
.......................................................................
Park Jimin ဆိုဖာပါ်နားနေရင်း မနေ့ညကအိပ်မက်အားပြန်တွေးနေမိသည်။ ထိုကြောက်လန့်စွာပြေးလွှားနေသောအိပ်မက်အား ပြန်မက်သည်မို့။ ထိုမှတ်ဉာဏ်မှာ ဘယ်လိုမှအစရှာမရပေ။ Jeon Jungkook အားပြောပြတော့ Jeon Jungkook က ဒီအတိုင်းအိပ်မက်ဆိုးဟုသာပြောပေမဲ့ Jimin စိတ်ထဲတစ်ခုခုလွှဲချော်နေသလိုခံစားရသည်။
ညောင်
Milky လေးအော်သံကြားမှ Jimin လက်ရှိပြန်ရောက်သွားသည်။ Jimin ကြည့်လိုက်တော့ Jeon Jungkook က အိမ်ထဲဝင်လာလေပြီ။Jeon Jungkook ခရီးကနေပြန်ရောက်လာပြီမို့ အထီးကျန်ကာပျင်းရိနေသည့် Jimin စိတ်ကလေးမှာ ကုသမှုရရှိသွားလေပြီ။ Jimin ဆိုဖာပေါ်ကနေထကာ Jeon Jungkook အားပြေးဖက်မိသည်။
ရုတ်တရက်အဖက်ခံလိုက်ရသော Jeon Jungkook မှာ လန့်သွားသည်။ဒီအကောင်လေးကပျင်းနေမှန်း သတိထားမိသွား၍ Jeon Jungkook ပြုံးနေမိသည်။သေးသေးမွှားမွှားကအစ Jeon Jungkook အားပြောပြတတ်ပြီး ပျော်နေတတ်သောကောင်လေးပေ။ အခုကအလုပ်ကြောင့်သွားသည်မို့ Jimin ကဖုန်းဆက်ကာ မနှောက်ယှက်ပဲ နေနေခဲ့လေသည်။
အရင်တုန်းကမသိသာပေမဲ့ ဒီလိုခွဲနေရတော့ Jeon Jungkook အရင်တုန်းကလို တစ်ယောက်တည်းမနေတတ်တော့ပဲ ဘေးကနေစကားအမြဲပြောကာ ဟာသလုပ်နေတတ်သော Jimin အားအရမ်းလွမ်းနေမိသည်။
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Fanfictionခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
