Uicode
Jeon မိသားစု
အကြီးအကဲJeonကစကားဆက်ပြောလာသည်။
"မင်းအဖိုးကတော့ပြောနေကြပဲ မင်းကအိမ်မှာဆိုတက်ကြွပေမဲ့ သူများကြားထဲရောက်မှငြိမ်တာဆိုပီး"
ထိုစကားကြားနောက် Jiminကချော်လဲရောထိုင်လုပ်ကာ ပြောလေဝောာ့သည်။
"ဟုတ်တယ် လောကမှာsocialကောင်းရင် အကုန်နီးပါးအဆင်ပြေတာတယ်လေ ပီးတော့ ငါလဲ အမြင်မှန်ရသွားပီဆိုတော့ အရင်လိုမနေတော့ပဲ စိတ်သစ်လူသစ်ပုံစံအသစ်နဲ့ နေထိုင်တော့မလို့လေ"
အကြီးအကဲjeonက မင်းဆုံးဖြတ်တာမှန်တယ်ဟူသော အဓိပ္ပါယ်ပါဝင်သည့်အနဲငယ်ခေါင်း ငြိမ့်ကာ ထောက်ခံလာသည်။ထို့နောက် စကားဆက်ပြောလာသည်။
"ဟုတ်ပါပြီ။ ဒီနေ့ မင်းမိသားစုကို ငါနဲ့လက်ထပ်ဖို့အတွက်စေ့စပ်ပွဲကိုလက်ခံတဲ့အကြောင်းပြောလိုက်။အဲ့လိုဆို မင်းအဖိုးက ငါ့အဖိုးကိုဆက်သွယ်လာလိမ့်မယ်."
"ဘာလို့ငါကပြောရမှာလဲ ငါကomegaတစ်ယောက်လေ alpha တစ်ယောက်ကို လက်ထပ်ချင်ကြောင်းပြောတာကျတော့ ရှက်စရာမကောင်းဘူးလား"
Jiminပြောလိုက်တော့ အကြီးအကဲJeonကမျက်ခုံးပင့်ကာ
"အဲ့တာဆိုငါက ပြောရမှာလား။မင်းဘက်ကငြင်းနေခဲ့လို့ ဒီစေ့စပ်ပွဲကမဖြစ်မြှောက်တာလေ ငါ့ဘက်ကငြင်းနေခဲ့တာမှမဟုတ်တာ"
"အော် သဘောပေါက်ပီ ဟီးဟီး"
"အိုကေ အဲ့တာဆိုဒီနေ့ကဒီလောက်ပဲ။နောက်ဆက်တွဲ ကိစ္စတွေအတွက်ပြီးမှဆက်သွယ်လိုက်မယ်"
အကြီးအကဲ Jeonနှုတ်ဆက်ကာပြန်သွားလေတော့သည်။ညနေဘက် မိသားစုထမင်းဝိုင်း၌ Jiminကအကြီးအကဲjeinနှင့် လက်ထပ်ရန်ဘဘောတူကြောင်း ပြောလိုက်လေသည်။ Parkမိသားစုက လူကြီးသုံးယောက်ကတော့ သေချာပေါက်ကို သဘောကျနေလေကြတော့သည်။အကြီးအကဲ Jeonပြောခဲ့သလိုပါပင် ဖိုးဖိုး Park က ဖိုးဖိုးjeon အားဆက်သွယ်ကာ ထိုအကြောင်းအားပြောလေတော့သည်။ဖိုးဖိုးJeonကလည်း ထိုအကြောင်းသိပြီးနောက်တွင် မိသားစုညစာစားပွဲပြုလုပ်စေရန်ပြောပြီး တစ်မိသားစုလုံးအားပြောပြရန်စိတ်အားနေလေတော့သည်။
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Фанфікиခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
