(Chapter-8)(u+z)

797 43 1
                                        

Unicode

လုယူခြင်း

ညစာစားပြီး Ericတစ်ယောက် အိမ်ပြန်ရောက်ဝော့ာ သူ့ဒေါသတွေအကုန် ဧည့်ခန်းထဲ၌ပင်ပေါက်ကွဲကုန်တော့သည် ပစ္စည်းမှန်သမျှ‌ပေါက်ခွဲကာ ဒေါသဖြေနေမိသည်။အမှန်တစ်ကယ်တွင်Park Jiminက သူနဲ့လက်ထပ်ရမည့်သူပင်။ Park Jimin နဲ့သာလက်ထပ်လိုက်ရင် Parkမိသားစုရဲ့ အာဏာ‌နဲ့စီးပွား‌ရေးလုပ်ငန်း တွေကသူ့ဆီရောက်မည်ပင်၊ထို့အပြင် သူရဲ့ကိုယ်ပိုင်စီးပွားရေးကအသိမိတ်ဆွေများ၏အင်အားများလည်းရှိသည် ထိုနှစ်ခုကသူ့ဆီရှိနေလျှင် သူအလုပ်နဲနဲထပ်ကြိုးစားလိုက်ရုံနဲ့ Jeon Jungkook နေရာအား တိုက်ခိုက်လုယူနိုင်မည်ပင်။

Ericရဲ့ပန်းတိုင်သည် Jeonမိသားစု၏အကြီးအကဲနေရာပင်။သူသည် Jeon မိသားစု၌ မြေးအကြီးဆုံးဖြစ်သောကြောင့် အဖိုးဖြစ်သူဥက္ကဌကြီးJeon၏အရေးပေးခြင်းခံခဲ့ရသည်။သို့သော်ထိုအရာမှာ သူ့ထက် ၅နှစ်ငယ်သည့် Jeon Jungkook မမွေးခင်ထိသာဖြစ်သည်။‌ေနာက်ပိုင်းတွင်ငယ်ငယ်ကတည်းက ထက်မြတ်တဲ့Jeon jungkookကသာ အရေးပေးခံရတော့သည်။
သူငယ်ရွယ်စဉ်မှာတုန်းကတည်းက သူသာ Jeon Jungkook လောက်‌တော်ရင်အဖိုးကသူ့ကိုပြန်ဂရုစိုက်နိုင်သည်ထင်ခဲ့သောကြောင့် Jeon Jungkook ထက်မသာသော်လည်း သူ့ကိုတော့ လိုက်မှီနိုင်သည်အထိကြိုးစားခဲ့သည်။

သို့သော် အဖိုးဖြစ်သူထံမှ Jeon Jungkook ကိုလိုက်မှီအောင်ကြိုးစားဟူသောစကားမှလွှဲ၍ချီးကျူးစကားမကြားခဲ့ရပါချေ။အရွယ်ရောက်လာသောအခါတွင် မိသားစုမှ အကြီးအကဲရာထူးနှင့် လုပ်ငန်းများအားလုံးJeon Jungkook အားပေးလိုက်သည့်အချိန်မှစကာ ငယ်ရွယ်စဉ်က အဖိုးထံမှအရေးပေးမှုပြန်လိုချင်သည့် လောဘလေးသည် ကြီးထွားလာခဲ့ပြီး အမုန်းတရားများအဖြစ်ပြောင်းလဲကာ Jeon Jungkook ရရှိထားသမျှအကုန်ပြန်လုမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။ထိုအချိန်မှစကာ သူသည် တခြားစီးပွားရေးလုပ်ငန်းများလည်း တိတ်တဆိတ်ပြုလုပ်ကာ သူ့အကြံအစည်အောင်မြင်အောင်ကြိုးစားတော့သည်။
သို့သော် ယခုတွင်တော့သူ၏အကြံအစည်များမှာ ပျက်သုန်းသွားခဲ့ရလေပြီ။

EricကPark Jimin ထံသူ့အကြံအစည်အတွက်ချည်းကပ်ခဲ့ခြင်းသာ။
Eric ကPark Jiminအား အကြံနှင့်ချည်းကပ်ခဲ့သည့်တိုင် Park Jiminအပေါ်တွင်တော့ သူအကောင်းဆုံးကောင်းပေးခဲ့သည်။သူကသာ Jiminအပေါ်အကောင်းဆုံးလူတစ်ယောက်အဖြစ်ဖန်တီးကာ Jiminရဲ့ယုံကြည်အားကိုးမှုအကုန်ရယူခဲ့သည်။Ericရဲ့ကြိုးစားမှုအောင်မြင်ခဲ့ပါသည် Park jiminကလည်းသူ့အပေါ် စိတ်ရင်းအမှန်ဖြင့်နှစ်သက်ကာယုံကြည်ခဲ့လေသည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now