Unicode
စာချုပ်Park အိမ်တော်၌မနက်ပိုင်း အလုပ်မသွားခင်မိသားစုလိုက် မနက်စာစားနေကြလေသည်။Parkအဖိုးကြီးက မနက်စာစားခြင်းအားခနရပ်ကာ Jiminအားကြည့်ပီး
"Jiminah Jeonမိသားစုနဲ့စေ့စပ်ပွဲအတွက်ပြောထားကြတာကို မဖျက်သိမ်းရသေးဘူးဆိုတာသိတယ်မလား"
Jiminစိတ်လှုပ်ရှားသွားသည်။သူဒီစကားကြားရဖို့စောင့်နေတာ ဘယ်နှစ်ရက်တောင်ရှိနေပီလဲဆိုတာ သူကိုယ်တိုင်သာသိလေသည်။သို့သော် စိတ်ထဲ၌ဖြစ်ပေါ်နေသော ခံစားချက်အား မြိုသိပ်ထားကာ မျက်နှာအမူအရာ၌ မပေါ်စေရန်ကြိုးစားပီးနောက် သက်ပြင်းလေးချကာ အသံသေးသေးလေးနှင့်ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
"မနက်ဖြန်ကျရင် အကြီးအကဲJeonက အင်ပါယာဂြိုလ်ပေါ်ပြန်လာတော့မယ်။အဲ့နေ့ပီးနောက်ရက်ကျရင် မိသားစုနှစ်ခုညစာစားကြမယ်။ညစာစားမယ်ဆိုပေမဲ့ ညစာစားရုံပဲမဟုတ်တာတော့သိတယ်မလား"
ထိုစကားပြောပီး jiminကိုကြည့်နေသော Parkအဖိုးကြီးမျက်လုံးထဲမှာ jiminငြင်းလိုက်လေမလားဆိုတဲ့ စိုးရိမ်စိတ်တစ်ခုဖြစ်ပေါ်နေမှန်း Jimin သတိထားမိလေသည်။
"ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ်"
ထိုစကားကြားတော့ စားပွဲတွင်ထိုင်နေကြသော Parkအဖိုးကြီး Parkအဖေ Parkအမေတို့မှာအံ့ဩဝမ်းသာမျက်နှာများပေါ်ထွက်လာတော့သည်။အရင်က ထိုစေ့စပ်ပွဲနှင့်ပတ်သက်လျှင် စကားစလိုက်သည်နှင့်ပင်ငြင်းတတ်သော သူတို့သားလေးက အခုတော့လက်ခံလိုက်သည်မို့ဝမ်းသာနေကြလေတော့သည်။
Jimin ရဲ့ အင်ပါယာဂြိုလ်ပေါ်ေရာက်ပီးနောက် To Do listတစ်ခုလုပ်ခဲ့သည်။ထိုlistထဲ၌ ပထမဆုံးမှာ မူလပိုင်ရှင်အားသစ္စာဖောက်ခဲ့သော ရည်းစားဟောင်းအားပြန်ချေပြရန်ဖြစ်ပီး နောက်တစ်ခုမှာ မူလပိုင်အားအနိုင်ကျင့်တတ်သော အနုပညာရှင်အသိုင်းအဝိုင်းကလူများ လက်တုံ့ပြန်ရန်ဖြစ်သည်။အနုပညာရှင်အသိုင်းအဝိုင်းကလူများ၌နောက်ခံ စပွန်ဆာတောင့်တောင့်များရှိကြသည်ပင်။ထို့ကြောင့်ထို့လူများအား လက်တုံ့ပြန်လိုလျှင် သူတို့စပွန်ဆာထက် အင်အားပိုကြီးသောသူအားလိုအပ်သလို သစ္စာဖောက်သွားသော ရည်းစားဟောင်းအား ပြန်ချေရန်အတွက်လည်း ထိုလူထက်အင်အားပိုကြီးသောရန်လည်းလိုအပ်ပေသည်။သို့သော် Jiminက အနုပညာအသိုင်းအဝိုင်းကစပွန်ဆာတွေထက် အင်အားကြီးပေမဲ့ ရည်းစားဟောင်းကိုတော့မမှီပေ။Jeonမိသားစုဆိုတာ အင်ပါယာဂြိုလ်မှာအင်အားအကြီးဆုံးပင်။ထို့ကြောင့် Jeonမိသားစုအချင်းချင်း၌ရည်းစားဟောင်းထက် မိသားစုလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ပေးနေရသည့်အပြင် အရည်အချင်းရှိသည့်အကြီးအကဲ Jeonအားလက်ထပ်ရန်ဆုံးဖြတ်ခဲ့သည်ပင်။
Jeon Jungkook ကအသက်25နှစ်ကျော်လူငယ်တစ်ယောက်ပေမဲ့ အကြီးအကဲဟု ခေါ်ဆိုခံရသည်မှာ မိသားစုတစ်ခု၌ မိသားစုစီးပွားရေးအားဦးဆောင်လုပ်ကိုင်ကြသောမိသားစုခေါင်းဆောင် အကြီးအကဲဟုခေါ်ကြသည်၊ ပုံမှန်အတိုင်းဆိုရလျှင် Jeonအဖိုးကြီးက အကြီးအကဲတစ်ယောက်ဖြစ်မှာပင်။သို့သော် Jeon အဖိုးကြီးက ထိုအကြီးအကဲဟူသော ခေါင်းစဉ်အား အသက်ငယ်ငယ်ရွယ်ရွယ်နှင့် jeonမိသားစုလုပ်ငန်းများအား တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နေသော Jeon Jungkook အားခေါ်ဆိုစေပီး သူကိုယ်တိုင်ကိုတော့ ဥက္ကဌဟုသာခေါ်စေခဲ့သည်။
မနက်စာစားပီးသွားကြတော့ အိမ်သားအားလုံးကိုယ့်အလုပ်ကိုယ်သွားကြလေတော့သည်။Park Jimin သည်လည်း ကူးပြောင်းလာပြီးးကတည်းက ပထမဆုံးအကြိမ်အနေနှင့် အလုပ်သို့သွားလေတော့သည်။နောက်4ရက်နေလျှင် ဆုပေးပွဲတစ်ခုရှိသည့်အတွက် ဖျော်ဖြေမှုလုပ်ရန်အတွက် လေ့ကျင့်ရန်သွားရောက်ခြင်းပင်။ကုမ္ပဏီကိုရောက်တော့ Jiminက CEOရုံးခန်းသို့သွားလိုက်ပီး ဖျော်ဖြေမှုအတွက် ပြောင်းပေးရန်တောင်းဆိုလိုက်သည်။မူလပိုင်ရှင်က Jeon Eric နှင့်တွဲနေကြောင်းလည်း တစ်လောကလုံးရှေ့ဖွင့်ဟဝန်ခံထားခဲ့သည်။သို့သော် Jeon Ericလက်ထပ်သွားမှုကြောင့် မူလပိုင်ရှင်က ကိုယ့်ကိုယ်ကိုသတ်သေခဲ့သည်ဆိုသည့် သတင်းမှာ ပရိတ်သတ်နှင့် လူထုရှေ့သတင်းမရောက်ခဲ့သည့်တိုင် အနုပညာလောကတွင်တော့ အနဲနှင့်အများတော့သိရှိခဲ့ကြလေသည်။ထို့ကြောင့် မကြာခင်ကမှ ဆေးရုံဆင်းလာသောJiminအား ဖျော်ဖြေပွဲ၌ ပြင်းပြင်းထန်ထန်မလုပ်စေဘဲ အေးအေးဆေးဆေး ထိုင်ခုံပေါ်၌ထိုင်ကာ သီချင်းဆိုရန်သာစီစဉ်ပေးခဲ့သည်။
Jiminကလက်မခံပါ။သူလုပ်ချင်တာသာ မလုပ်ရရင် ဆုပေးပွဲလဲမသွားဘူး၊သီချင်းလဲမဆိုတော့ဘူးဟု ဂျီတိုက်လေတော့သည်။ထို့ကြောင့် CEOက အင်တင်တင်ဖြင့် လုပ်ခွင့်ပြုလိုက်ရတော့လေသည်။ သူတို့Entertainment မှာ Jimin ကအသက်သွေးကြောလေ Jimin သာမလုပ်တော့ရင် သူတို့တွေခွေးဖြစ်သွားမှာသိသည့်အတွက် လက်ခံခဲ့ရလေသည်။
ခွင့်ပြုချက်ရပီးနောက် Jiminတစ်ယောက် သူ့ရဲ့အကစွမ်းရည်ကိုပြသရန်အတွက် လှပသည့်ဖျော်ဖြေမှုတစ်ခုစီစဉ်ခဲ့သည်။ အကတော်ပီးအရည်အချင်းရှိသည့် Jimin က တစ်နေ့အတွင်းမှာပင် အကုန်အပီးသတ်ခဲ့သည့်အတွက် ဆုပေးပွဲမရောက်မီ ကျန်သည့်ရက်များတွင် အဝတ်အစားနှင့် အစမ်းလေ့ကျင့်ရန်သာကျန်လေတော့သည်။
နောက်တစ်ရက်၌ Jeonမိသားစုနှင့်Park မိသားစုတို့၏ ညစာစားပွဲသို့သွားရောက်ကြလေတော့သည်။အင်ပါယာဂြိုလ်ပေါ်၌ ကား၊ရထားဆိုင်ကယ်စသည်တို့စီး၍မရပါ။ထို့ကြောင့် တစ်နေရညမှတစ်နေရာသို့သွားလိုလျှင် အာကာသယဉ်ပျံငယ်လေးများကိုသာအသုံးပြုကြရလေသည်။ တစ်မိသားစုလုံး ယဉ်ပျံငယ်လေးပေါ်တက်ကာ ချိန်းဆိုထားသော အဆင့်မြင့်စားသောက်ဆိုင်သို့သွားကြလေသည်။အဆင့်မြင့်စားသောက်ဆိုင်သည် အင်ပါယာဂြိုလ်မှတခြားအဆောက်အဦးများအတိုင်း အပြင်မှကြည့်လျှင် ဝင်ပေါက်သာရှိသည့်အလုံပိတ်အဆောက်အဦးတစ်ခုဖြစ်သော်လည်း အထဲသို့ဝင်သွားသည့်အခါ အပြင်မှာမြင်ခဲ့သောအရာနှင့်ခြားနားစွာခမ်းနားလှပနေလေသည်။စားသောက်ဆိုင်တစ်ခုလုံး ကိုးရီးယားရိုးရာစတိုင်အပြင်အဆင်များသာဖြစ်ပီး စားပွဲထိုးများသည်လည်း ကိုးရီးယားရိုးရာဝတ်စုံအားဝတ်ဆင်ထားကြလေသည်။ေနာက်မှ Jiminသိခဲ့ရသည့်အရာက အင်ပါယာဂြိုလ်၌ ထိုသို့သော ကမ္ဘာမြေမှနိုင်ငံအများစု၏ရှေးရိုးရာစားသောက်ဆိုင်များ များစွာရှိသည်ဆိုသည့်အကြောင်းကိုပင်။
Park မိသားစုရောက်သွားသော အခါကိုးရီးယားရိုးရာဝတ်စုံဝတ်ထားသော စားပွဲထိုးက private roomတစ်ခုသို့ဦးဆောင်ကာခေါ်ဆောင်သွားလေသည်။jimin တို့ဝင်သွားတော့ အထဲမှာ Jeonမိသားစုကိုတွေ့လိုက်ရလေသည်။Jeonအဖိုးကြီး Jeonအဖေ Jeonအမေနှင့် အကြီးအကဲ Jeonတို့ကစားပွဲရဲ့ တစ်ဖက်ခြမ်း၌ထိုင်နေကြလေသည်။စက်ဘဲဥပုံစားပွဲဖြစ်ကာ Jeonမိသားစုကစားပွဲတစ်ဖက်ခြမ်း၌ထိုင်နေကြလေသည်။ ထိုင်ခုံကတော့ မိသားစုနှစ်ခုစာ အတိအကျရှစ်ခုံပင်။စားစရာသောက်စရာများကလဲ စားပွဲအပြည့်မှာယူထားရှိပြီးစီးနေသည်မှာ သူတို့မိသားစု ဘယ်လောက်စောရောက်နေကြောင်းပြောပြထားဟန်လည်းပေါက်နေလေသည်။ Parkအဖိုးကြီးက အားနာမှုတို့ ပါဝင်နေသောနှုတ်ဆက်စကားပြောရင်း Jeonအဖိုးကြီးဘေး၌ဝင်ထိုင်လေသည်။
"အားနာပါတယ်ဗျာ ကျုပ်တို့ကြောင့်အချိန်တွေကြာကုန်ပါပီ"
Jeonအဖိုးကြီးက ပြုံးကာ
"ကျုပ်တို့လဲ အခုတင်ရောက်တာပါ စားစရာတွေကတော့ ကျုပ်တို့မရောက်ခင်တည်းက ကြိုမှာပီး အခန်းထဲလာထားဖို့ ပြောထားလို့ စားပွဲဝိုင်းပြည့်နေတာပါ။အားမနာကြပါနဲ့ ထိုင်ကြပါ"
အကုန်လုံးထိုင်ခုံ၌ ထိုင်ကြီးနောက် စားရင်းသောက်ရင်းနှင့် လူကြီးတွေကစီးပွားရေးကိစ္စများပြောနေကြလေသည်။Jiminတစ်ယောက် စားရင်းနှင့်သူ့ရှေ့မှာ ထိုင်နေသော အကြီးအကဲ Jeonကို ခိုးကြည့်လိုက်သည်။
တော်တော်ချောသည်ပင်။စားသောက်နေပုံကအစ ကြည့်ကောင်းသည်။ အကြီးအကဲJeonက သူ့ရှေ့ကရေနွေးကြမ်းတစ်ခွက်ကိုလှမ်းယူကာ သောက်မည့်ဟန်ပြင်ပီးမှ သူ့အားခိုးကြည့်နေသော Jimin အားကြည့်လာသည်။အကြည့်ကအစ ဆွဲဆောင်မှုရှိလွန်းလို့ Jiminတစ်ယောက်ရှက်စိတ်ကြောင့် မျက်နှာများပူလာကာ အကြည့်လွှဲလိုက်ရလေသည်။Jeonသည်လဲ သူ့ရှေ့က ရှက်နေသော အကောင်ပေါက်လေးအားကြည့်ကာ အပြုံးသေးသေးလေးတစ်ခုကသူ၏နှုတ်ခမ်း၌ပေါ်လာခဲ့သည်။
စားသောက်ပီးသောအခါ လူကြီးမျာက အချိုပွဲသွားယူချေ ယူသောဆင်ခြေဖြင့် Jeon Jungkookနှင့် Jimin အားလွှတ်လိုက်လေသည်။ စားသောက်ဆိုင်၌ အချိုပွဲအား အခန်းထဲ၌ တစ်ခါတည်းမှာယူ၍ရသော်လည်း ကလေးနှစ်ယောက်အား စကားပြောခွင့်ရစေရန်လွှတ်လိုက်ခြင်းပင်။ ထို့ကြောင့် Jimin နှင့် Jungkook အချိုပွဲသွားယူရန်ထွက်လာခဲ့ကြသည်။အချိုပွဲမှာယူပီးနောက် အချိုပွဲပြင်ဆင်ပေးတာစောင့်နေကြရန် နှစ်ယောက်သား ထောင့်နားကလွှတ်နေသော စားပွဲ၌ဝင်ထိုင်လိုက်ကြသည်။ ခနမျှတိတ်ဆိတ်စွာထိုင်နေကြပီးနောက် Jeonကစကားစကာပြောလာသည်။
"ငြင်းတုန်းကငြင်းနေပီး အခုမှရုတ်တရက်လက်ခံလိုက်တဲ့အကြောင်းအရင်းက ဘာကြောင့်များလဲ"
"အကြောင်းအရင်း ဟုတ်လား အဲ့လိုမရှိပါဘူး ဒီတိုင်းလုပ်သင့်တယ်ထင်လို့"
Jiminရဲ့အဖြေစကားကြားတော့ Jeonက မျက်ခုံးတစ်ဖက်ကို တစ်ချက်ပင့်လိုက်ပီးနောက် ဆက်ပြောလာသည်။
"ငါ့အကိုဝမ်းကွဲနဲ့အနီးကပ်နေချင်လို့မဟုတ်ဘူးလား။ငါနဲ့လက်ထပ်လိုက်ရင် ငါ့အကိုဝမ်းကွဲကို ဘေးကနေကြည့်နေလို့ရလို့လက်ခံလိုက်တာမဟုတ်လား"
ထိုစကားကြားလိုက်ရတော့ Jiminက
"ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ငါသူ့ကိုမကြိုက်တော့ပါဘူး ငါအသိစိတ်အမှန်ပြန်ရသွားပီ။
အကြီးအကဲJeon ကတော့ထိုစကားကိုမယုံပါ Jimin တစ်ယောက် Ericကို ဘယ်လောက်သဘောကျလဲဆိုတာ သူလည်းသိသောကြောင့်ပင်။အကြီးအကဲJeonကဆက်ပီး
"ငါ့ကို အမှန်အတိုင်းပြောဘာကြောင့်လဲဆိုတာ"
"လက်စားချေချင်တယ်"
Jiminအမှန်အတိုင်းဝန်ခံလိုက်သည်။jiminကဆက်ပီး
"ငါလက်စားချေချင်တယ်။ငါ့ကိုသစ္စာဖောက်သွားတဲ့သူကို သူ့ထက်သာတဲ့လူနဲ့ယူပီး ငါလက်ထက်ထားတဲ့သူက သူ့ကိုနင်းခြေတာကို မျက်မြင်တွေ့ချင်လို့။မပျော်စေချင်ဘူး သူ့ကို"
အကြီးအကဲJeon ကတော့ထိုစကားကြားမှ ငြင်ငြင်သာသာ ခေါင်းတစ်ချက်ငြိမ့်လိုက်ပီးနောက်
"ဘယ်သူကပြောတာလဲ ငါကသူ့ကိုနင်းခြေမယ်လို့။ပီးတော့ မင်းရဲ့ကလေးဆန်ဆန်အတွေးတွေကိုကူညီဖို့အစီစဉ်မရှိဘူး အဲ့တာကြောင့် အခုစေ့စပ်ပွဲကို ငါ့ဘက်ကငြင်းမယ်"
Jimin အလန်တကြားဖြစ်သွားကာ ထသွားဖို့ပြင်နေတဲ့ Jeonလက်ကိုဆွဲထားပီး
"တောင်းပန်ပါတယ် ကူညီပေးပါ တစ်ခါတည်းပါ ငါ့ဘက်ကမင်းလိုချင်တာဘာမဆိုပြန်ပေးပါ့မယ်"
"ဘာမဆိုတဲ့လား စိတ်ဝင်သားစရာပဲ ဒါမဲ့ငါ့ဆီမှာဘာများလိုအပ်ချက်ရှိနေလို့ မင်းနဲ့အဲ့အပေးအယူလုပ်ရမှာလဲ မလုပ်ချင်ဘူး"
ထိုစကားပြောပီး ထထွက်သွားဖို့ပြင်ပြန်တော့ jiminက
"Omegaလေ ငါက သိတယ်မဟုတ်လား။မင်းတို့ Alpha တွေအတွက် လိုအပ်တာပဲမလုပ်လား"
အကြီးအကဲJeonက တစ်ချက် ဟက်ခနဲရီလိုက်ပီးနောက်
"ငါ့အတွက် omega ကရှားတယ်ထင်နေလို့လား။တော်လိုက်တော့"
အကြီးအကဲက ထပ်ထသွားဖို့ပြင်ပြန်တော့
"တစ်နှစ်ပဲ"
"ဟမ်"
"တစ်နှစ်ပဲ လက်ထပ်ပေး မင်းကသူ့ကို မနင်းခြေဘူးဟုတ်လားရတယ် ငါ့ဘာသာ ငါနည်းငါ့ဟန်နဲ့ လက်စားချေမှာ မင်းရဲ့အိမ်ထောင်ဖက်ဆိုတဲ့ နာမည်ကိုတစ်နှစ်ပဲငှားပေး"
Ericရဲ့ မကောင်းတဲ့လုပ်ရပ်တွေလုပ်တာ Jimin သိတာပေါ့ ဒါမဲ့ ဒီအတိုင်းသာ အဲ့တာတွေဖော်လိုက်ရင် အမှုန်ချေခံရလိမ့်မယ် ဒါမဲ့ အကြီးအကဲJeonနဲ့သာ လက်ထပ်ထားတဲ့သူဆို သူသိရင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး အဲ့တော့ တစ်နှစ်အတွင်း အဲ့လူကို အောက်ခြေထိရောက်အောင်ဆွဲချပစ်မယ်ဟု Jimin တွေးလိုက်သည်။
အကြီးအကဲ Jeon က ပြောလာသည်။
"မဆိုးပါဘူး မင်းရဲ့အဲ့စိတ်ဓါတ်လေးကိုသဘောကျတယ်။ ဒါမဲ့ စဉ်းစားကြည့်လိုက်ဦးမယ် လုပ်သင့်မလုပ်သင့်ဆိုတာ ငါ့ဘက်က သဘောတူရင် မင်းကို စာချုပ်တစ်ခုပို့လိုက်မယ် အဲ့ထဲမှာ တစ်နှစ်အတွင်း မှာ ငါသတ်မှတ်ထားတဲ့ အချက်တွေကိုလက်ခံနိုင်မှ လက်ထပ်ဖို့အကြံပေးပါရစေ အခုတော့ ဒီလောက်ပဲ"
ဟုဆိုတာ အကြီးအကဲJeonကထွက်သွားလေတော့သည်။
![](https://img.wattpad.com/cover/360572300-288-k449650.jpg)
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Hayran Kurguခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024