Unicode
အသေးစားငြင်းခုံပွဲ
Jiminအံ့ဩသွားသော်လည်း တခနမျှသာဖြစ်ပီး ဆာလောင်နေသောဗိုက်အား အရင်သွားဖြည့်လိုက်သည်။ ဗိုက်ပြည့်ပြီးသွားမှ jiminတစ်ယောက် ဧည့်ခန်းထဲမှ စကားပြောနေကြသောသူများဆီသွားလိုက်ပြီး ဘေးမှလွှတ်နေသောဆိုဖာ၌ဝင်ထိုင်လိုက်သည်။အကြီးအကဲ Jeonက ဖိုးဖိုးparkနှင့်စကားပြောနေသည်ပင်။သေချာပေါက် လုပ်ငန်းများအကြောင်းများအကြောင်းပြောနေကြခြင်းသာ။ Jiminလာထိုင်သည်ကို ဖိုးဖိုးparkကမြင်တော့ သူတို့ပြောလက်စ စကားအားအဆုံးသတ်လိုက်တော့သည်။
"ကဲ ဒီအဖိုးကြီးကစကားပြောရတာကြာတော့ ပင်ပန်းလာပြီကွယ်။မြေးတို့စကားဆက်ပြောလိုက်ကြဦး ဖိုးဖိုးသွားနားတော့မယ် ငါတို့Jiminလေးက မနိုးသေးတော့ ဖိုးဖိုးက အကြီးအကဲကိုစကားပြောကူနေတာ"
Jiminအိပ်နေသည်ကို လာမနိုးပဲ သူ့မြေးအိပ်ရေးပျက်မှာစိုးလို့ သူတို့လူကြီးသုံးယောက်က သူ့မြေးအစားစကားလာပြောနေတယ်ဆိုပဲ။ ကြာလေကြာလေတစ်မိသားစုလုံးက Jiminအပေါ် မည်မျှအထိအလိုလိုက်ကြကြောင်း သိသာလာလေဖြစ်သည်။ Jiminကလည်း အလိုလိုက်ခံရတာကို ကြိုက်သည်လေ။ အရင်ဘဝတုန်းက Jimin မှာစည်းကမ်းကြီးသည့် မိဘများနှင့်ကြုံခဲ့ရလေသည်။ထို့ကြောင့် Jimin မှာ အလိုလိုက်မခံခဲ့ဖူးပါ။အခုအလိုလိုက်ခံထားရတော့ အရမ်းသဘောကျနေလေ၏။
ဖိုးဖိုးpark ကသွားနားပြီဖြစ်သလို ဖေဖေPark နှင့် မေမေPark သူတို့၏အလုပ်သို့သွားကြလေတော့သည်။မေမေpark ကလက်ဝတ်ရတနာနှင့်ပတ်သက်သော တူးဖော်ရေး၊ထုတ်လုပ်ရေးများတွင်လုပ်ကိုင်ပြီး၊ ဖေဖေ Park ကျန်သည့်မိသားစုလုပ်ငန်းများအားလုံးကိုဦးစီးလေသည်။ဖိုးဖိုး Park ကတော့အချိန်အများစု၌အိမ်မှာနေပြီး ကျန်းမာရေးလိုက်စားခြင်းနှင့်အတူ တခြားဝါသနာပါရာများလုပ်ကိုင်ပြီး တစ်လမှတစ်ခါသာ လုပ်ငန်းလည်ပတ်ပုံများနှင့်လုပ်ငန်းခွင်သို့လှည့်လည်ကြည့်ရှုခြင်းအားလုပ်လေသည်။
အကြီးအကဲ jeonအိမ်သို့ရောက်လာခြင်းမှာ စာချုပ်ကိစ္စကြောင့်ဆိုတာသိ၍ Jiminက ဧည့်ခန်းထဲ၌ဆက်မပြောစေဘဲ သူ့ကိုယ်ပိုင်အိပ်ခန်းထဲခေါ်လာလေသည်။အခန်းထဲရောက်တော့ အကြီးအကဲ Jeonက Jimin အခန်းထဲလှည့်ပတ်ကြည့်သေးသည်။jiminရဲ့အိပ်ခန်းလေးသည် အဖြူရောင်နှင့်အပြာရောင်နုနုများသာဖြစ်ပီး သပ်သပ်ရပ်ရပ်ရှိနေလေသည်။အိပ်ခန်းတွင်း၌ အိပ်ယာတစ်ခု အပင်ငယ်လေးများတင်ထားသောစင်တစ်ခု အပြင် စာရေးစားပွဲလေးနှင့်သာအုပ်စင်လေးပါရှိသည်။ထို့အပြင် skincareပစ္စည်းများတင်ထားသော မှန်တင်ခုံတစ်ခုလည်းရှိလေသည်။အကြီးအကဲjeonက လှည့်ပတ်ကြည့်ပီး နောက်မှာ ဖြူလွှလွှအိပ်ယာပေါ်ထိုင်ပီး jiminအားစာချုပ်ထည့်ထားသည့် စာအိတ်တစ်ခုကမ်းပေးရင်းနှင့် စကားစလာသည်။
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Fanfictionခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
