(Chapter 14)(U+Z)

1K 50 4
                                        

Chapter 14 (U+Z)

ကိုယ်ကမင်း planနောက်လိုက်လုပ်မှာ

Jiminကုတင်ပေါ်တက်ကာ အိပ်ချင်ယောင်ဆောင်နေပေမဲ့သူ့စိတ်ထဲမှာတော့ ပြန်ရန်လုပ်ချင်စိတ်များကတော့လျော့မသွားပါပေ။

ဘာအေးဆေးတည်ငြိမ်ဖြောင့်မတ်တဲ့လူလဲ အလကားအလိမ်တွေ

အင်တာနက်ပေါ်က အကြီးအကဲအားချီးကျူးသည့် postများမှ ပြောထားကြသည့်ထိုစကားအား ထိုသို့မဟုတ်ကြောင်းpostတင်ကာငြင်းဆိုချင်စိတ်ပင်ပေါက်လာတော့သည်။

အကြီးအကဲအားမကျေမနပ်ပြောရင်းနှင့်ပင်Jiminအိပ်ပျော်သွားတော့သည်။မနက်‌မိုးလင်းတော့ စောစောနိုးသူမှာ Jiminပင်။ ‌စိတ်ကောက်ပြီးစောစောအိပ်ပျော်သွားသည်မို့ စောစောနိုးနေပေမဲ့ အိပ်ရေးဝကာစိတ်ကြည်လင်နေသည်။

Jiminကုတင်ဘေးက ခုံပေါ်တွင်တင်ထားသောနာရီအားယူကြည့်တော့ 6နာရီသာရှိသေးသည်မို့ နာရီအားပြန်ထားကာပြန်အိပ်ရန်ပြင်လိုက်သည်။ 6နာရီဆိုအမြဲအိပ်ယာထတတ်‌ေသာအကြီးအကဲ နိုးပြီလားဟု ‌ဘေးဘက်စောင်းကြည့်တော့ အကြီးအကဲက ခန္ဓာကိုယ်အားJiminဖက်‌စောင်းကာ အိပ်ပျော်နေဆဲပင်။

ဘယ်အချိန်မှအိပ်သည်မသိပေမဲ့ မျက်မှန်တောင်ချွတ်မထားသည်မို့ နောက်ကျမှအိပ်သည်တော့သေချာသည်ပင်။ Jiminက ထိုမျက်မှန်အားဖြည်းဖြည်းချင်းဆွဲယူကာ ချွတ်ပေးလိုက်သည်။ မနေ့ညက စနောက်ခံလိုက်ရသည်အားသတိသွားပြီး အိပ်ရေးပျက်အောင်လှုပ်နိုးရန်ပြင်လိုက်သည်။ သို့သော် နှုတ်ခမ်းအောက်ကမှဲ့လေးအားမြင်လိုက်သည်မို့ထိုမှဲ့အအားလက်လှမ်းကာ ထိချင်စိတ်ပေါက်လာခဲ့သည်မို့ လှုပ်နိုးရန်ထုတ်လိုက်သည့်လက်က ဦးတည်ရာပြောင်းသွားခဲ့သည်။

ဝါးးးး ချောလိုက်တာ အပြစ်လုပ်ထားရင်တောင်စိတ်မဆိုးပဲခွှင့်လွှတ်ချင်စရာ။ မဟုတ်ပါဘူးနော် ငါကစိတ်သဘောထားကြီးလို့ ခွှင့်လွှတ်တာပါ ငါကနဂိုထဲကစိတ်ထားကောင်းတဲ့နတ်သားလှလှလေးမို့။

Jiminသူ့စိတ်ထဲမှာ အကြီးအကဲဖက်အားလိုက်သည့်စိတ်နှင့်မလိုက်သည့်စိတ် နှစ်ခုကွဲကာရန်ဖြစ်နေလေသည်။ ထိုအချိန်မှာပင်အကြီးအကဲကနိုးလာမည့်အရိပ်အယောင်ပေါ်လာသည်မို့ jiminအိပ်ချင်ယောင်ဆောင်လိုက်သည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now