(Chapter-4)တွေ့ဆုံခြင်း(u+z)

244 16 0
                                    

  Unicode              

                        တွေ့ဆုံခြင်း

(ဤအပိုဒ်တွင်ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်ပါသည်။)

နောက်တစ်ရက်ရောက်တော့ ဆုပေးပွဲတွင်‌ေဖျာ်‌ဖြေရန်အတွက် အစမ်းလေ့ကျင့်မှုပြုလုပ်ကြသည်ဖြစ်သောကြောင့် ထိုပွဲကျင်းပသည့်နေရာသို့ အနုပညာရှင်များ သွားရောက်ကြလေသည်။Jiminက နောက်ဆုံးမှ အစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ထို့ကြောင့် ညစာစားချိန်နောက်ကျနေပြီဖြစ်သောကြောင့် ပွဲကျင်းပသည့်နေရာ၌ပြင်ဆင်ပေးထားသော ကန်တင်းမှာပင် ညစာစားရန်တွေးပီး ထိုနေရာသို့သွားလိုက်သည်။ ကန်တင်းသို့ရောက်သောအခါ အနုပညာရှင်‌များစွာကို တွေ့လိုက်ရသည်။အစမ်းလေ့ကျင့်မှုပြုလုပ်ရာတွင် တစ်ယောက်‌စီဒါမှမဟုတ် တစ်ဖွဲ့စီလေ့ကျင့်ရပီး တစ်ယောက်လေ့ကျင့်မှုပြုလုပ်နေလျှင် တခြားအနုပညာရှင်တစ်ယောက်ကလာရောက်ကြည့်ရှုခြင်းကိုတားမြစ်ထားလေသည်။ထို့ကြောင့် အနုပညာလောကတွင်းမှာ တစ်ယောက်နှင့်တစ်ယောက်သူငယ်ချင်းဖြစ်နေကြသူများမှာ ထိုကန်တင်း၌ပင်တွေ့ကာ စကားပြောကြလေသည်။ထို့အပြင် နာမည်ကြီးနေပြီးသားဖြစ်သောသူများနှင့် ဖားယားပေါင်းသင်းချင်ကြသောသူများကိုလဲထိုနေရာ၌တွေ့ရလေသည်။

Jiminဝင်‌သွားတော့ ထိုနေရာ၌ အုပ်စုလိုက်ဒါမှမဟုတ် နှစ်ယောက် တစ်နေရာ သုံးယောက်တစ်နေရာစသဖြင့် စကားပြောနေကြသော သူများအားတွေ့လိုက်ရသည်။ထိုကန်တင်းအတွင်းမှ လူများကလဲ Jimin ဝင်လာတာမြင်တော့ နှုတ်ဆက်ကြလေသည်။သို့သော် ထိုကန်တင်းထဲတွင် အလယ်ခေါင်ကျကျ၌နေရာယူထားပီး လူအများဆုံးရှိနေသည့်စားပွဲကလူများက‌ ခေါင်းကိုငြိမ့်ရုံမျှနှုတ်ဆက်ကြလေသည်။ထိုအုပ်စုကတော့ ပြောစရာမလိုသည် ဟန်ဂီပွန်းနှင့်သူ့အောက်ဆွဲတစ်စုပါပင်။သူတို့ထက် Jimin ကစီနီယာဖြစ်နေသော်လည်း ပရိတ်သတ်များမရှိသည့်နေရာ၌ Jimin အားရိုင်းပြစွာပြောဆိုတတ်ကြပီး မနာလိုစိတ်ကြီးနေသောအိုမီဂါတစ်သိုက်ဖြစ်လေသည်။သူတို့အုပ်စု၌ လူလေးယောက်သာရှိသော်လည်း ယခု၌လူများနေရခြင်းမှာ ဟန်ဂီပွန်းက Jeon မိသားစုက Eric နဲ့လက်ထပ်လိုက်ပီဖြစ်သည့်အတွက်   နောက်ခံအင်အားကိုသာ ကြည့်ကြသည့်အနုပညာရှင်အသိုင်းအဝိုင်းကြားမှာ မျက်နှာပွင့်နေလေသည်။ထို့ကြောင့် ဟန်ဂီပွန်းအားကပ်ဖားပေါင်းသင်းပီး မျက်နှာသာပေးမှုလိုချင်ကြသော သူများကြောင့် အုပ်စုတောင့်နေရခြင်းပင်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now