(Chapter-11)ရောက်ရှိခြင်း(u+z)

298 22 5
                                    

  Unicode       

                         ရောက်ရှိခြင်း

            နှစ်ညအိပ်သုံးရက်ကြာပြီးနောက် ကမ္ဘာမြေပေါ်သို့ရောက်ရှိလာကြလေပြီ။ အာကာသယဉ်ပျံပေါ်မှ ဆင်းဆင်းချင်း အလုံးအရင်းရိုက်ခတ်လာသည့် လတ်ဆတ်တဲ့ လေထုကြောင့်jiminစိတ်ကြည်လင်သွားသည်။ ကမ္ဘာမြေက အရင်တုန်းကနဲ့လုံးဝမတူတော့ပေ အရင်တုန်းက ကမ္ဘာမြေမှာ သစ်တောပြုန်းတီးမှုများကြောင့် ရာသီဥတုဖောက်ပြန်ကာ အပူလွန်ကဲခြင်း အအေးလွန်ကဲခြင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နေလေသည်။ယခုတွင်တော့ ကမ္ဘာမြေသည် သစ်‌ပင်များသာပြည့်နေပြီး လတ်ဆတ်သော လေထုကလည်း နေရာအနှံ့ဝန်းရံနေလေသည်။

အကြီးအကဲJeonကတော့ တစ်လမ်းလုံး အလုပ်ရှုပ်နေခဲ့သည်ပင်။Jiminက လတ်ဆတ်သည့်လေထုအား ရှုရှိုက်ကာ ‌လှည့်ပတ်ကြည့်နေစဉ် အကြီးအကဲJeonကတော့ သူတို့နှစ်ယောက်၏ အထုတ်အပိုးများအား သယ်ထုပ်ကာ Jiminရပ်နေသည့်အနားထားလိုက်သည်။ထိုအရာကိုမြင်မှ Jiminက သူလည်းအထုပ်အပိုးသယ်ရန် လုပ်လေတော့သည်။သို့သော်အကြီးအကဲ Jeonက

"အဲ့မှာပဲရပ်နေ ဘာမှမလုပ်နဲ့ "

" ဘာလို့လဲ သယ်ကူမလို့လေ"

"အဲ့အထုပ်တွေသူများ သယ်သွားရင် ဘယ်လိုလုပ်မလဲ"

အကြီးအကဲက သူသယ်ကာ Jiminနားထားထားသော Luggage များအား ကြည့်ကာ ပြောလိုက်သည်။ထိုအခါမှ Jiminက ငြိမ်ငြိမ်လေးရပ်နေလေသည်။အရင်ကဆို ရန်လိုတတ်သည့်ငန်းဖြူလေးလိုမျိုး အကြီးအကဲက တစ်ခုပြောလျှင် နှစ်ခုပြန်ပြောကာ ဘာပြောပြော ပြန်ပြောရမှ ကျေနပ်သည့် ကောင်လေးက အခု Jiminသူ့စကားအား‌နားထောင်နေသည့်ပုံစံလေးကြောင့် အကြီးအကဲJeon အသဲယားသွားသည်။

Luggage တွေအကုန်သယ်စုပြီးနောက် Luggage သယ်သည့် တွန်းလှည်းအကြီးကြီးအား ယူကာ Luggage အကုန်တင်ပြီးနောက် ယဉ်ပျံစခန်းရဲ့ ထွက်ပေါက်သို့တွန်းကာ နှစ်ယောက်သားထွက်လာကြသည်။ ထွက်ပေါက်မှထွက်ထွက်ချင်း ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားနှစ်ယောက်က အပြေးလေးလာကာ တွန်းလှည်းကြီးအား အကြီးအကဲတို့လက်ထဲမှ လာတွန်းသွားထုတ်ကြလေသည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now