(Chapter -20)
4ရက်မြောက်နေ့တွင် Jeon Jungkook rutကနေပြန်လည်ကောင်းမွန်လာလေပြီ။ ထိုရက်တွေအတွင်းပျက်ကွက်ခဲ့သောအလုပ်အတွက် Jeon Jungkookက အခန်းတွင်းက စားပွဲပုလေးမှာထိုင်ကာအလုပ်လုပ်နေလေသည်။
JIMIN အိပ်ယာနိုးတော့ ချက်ချင်းထမထိုင်နိုင်သေးပဲ အိပ်ယာဘေးနားကိုသာ လက်စမ်းကြည့်ပေမဲ့ Jeon Jungkook ကရှိမနေပါ။ထိုအခါမှ Jimin မျက်လုံးဖွင့်ကာအခန်းထဲကြည့်တော့ Jeon Jungkook က သူထိုင်နေသောစားပွဲပုလေးဆီကနေ ထလာကာ ရေဘူးနဲ့ရေခွက်ကိုင်ရင်း Jimin အနားလာခဲ့သည်။
Jeon Jungkook မှာ အင်္ကျီဝတ်မထားပဲ ဘောင်းဘီရှည်သာဝတ်ထားသည်မို့ ခန္ဓာကိုယ်မှကြွက်သားများအားအသေးစိတ်မြင်ရသည်။ ထိုကဲ့သို့ အရမ်းလန်းလှပါသော ယောက်ျားတစ်ယောက်ကကိုယ့်ဆီလာခဲ့ပါသည်ဟူသောအတွေးက Jiminအား မျက်နှာလေးရဲသည်အထိရှက်စိတ်ဝင်စေသည်။
Jimin အနားရောက်တော့ Jeon Jungkook က ကုတင်ပေါ်ဝင်ထိုင်ရင်း ရေခွက်ထဲရေထည့်ကာ Jimin ဆီပေးသည်။
❝ သောက်လိုက်အုံး အာတွေခြောက်နေတော့မှာပဲ ❞
❝ အွန်း ❞
jimin လှမ်းယူကာသောက်လိုက်သည်။
❝ မျက်နှာလေးကအရမ်းရဲနေတာပဲ နေမကောင်းဖြစ်နေတာလား ❞
Jeon Jungkookက Jimin နဖူးလေးအားလက်နှင့်လှမ်းစမ်းရင်းပြောသည်။
❝ မဟုတ်... မဟုတ်ပါဘူး ❞
❝ ဟား ဟား ဟား ကိုယ်ကစတာပါ အိပ်ချင်ရင်ဆက်အိပ်လိုက်အုံး ကိုယ်မင်းစားဖို့တစ်ခုခုလုပ်ပေးချင်လို့ ❞
❝ အွန်း ❞
Jeon Jungkook ထိုသို့ပြောကာ ကုတင်ပေါ်ကထချိန်မှာပဲ Jimin phone ကဖုန်းဝင်သံမြည်လာသည်။ Jungkook က ချက်ချင်းမသွားပဲ Jimin ဖုန်းပြောသည်အားနားထောင်ရန် Jiminရင်ခွင်ထဲပြစ်ဝင်လိုက်တော့သည်။
Jimin ရုတ်တရက်လန့်သွားပေမဲ့ အရင်ကတည်းက jimin ရင်ခွင်ထဲဝင်အိပ်တတ်သူမို့ နေရခက်သည်တော့မဖြစ်ပါ။ Jimin အားဖုန်းခေါ်လာသူမှာ Jiminတို့ ENT က CEOပင်။
❝ hello ❞
❝ အောင်မလေး Jiminရယ် ဖုန်းကိုအခုမှပဲကိုင်တော့တယ် ❞
YOU ARE READING
အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)
Fanfictionခက်ထန်ပီးမာနကြီးသည့်အပြင် အဆင်းရောအချင်းပါရှိတဲ့ အကြီးအကဲ alpha Jeon Jungkook ♡ ပန်းလေးလိုလှပီးနာမည်ကျော်တဲ့အနုအညာရှင် omega Park Jimin SD-16.1.2024
