(Chapter 15) (u+z)

1.1K 44 6
                                        

ပြဿနာ

UNICODE

အကြီးအကဲ Jeon အလုပ်ကိုရောက်တော့ ရုံးခန်းကစားပွဲမှာထိုင်ခါစမှာပင် Rowon က ဖောက်ထွင်းမြင်နေရသည့် Tablet တစ်လုံး ကိုင်ကာ ဝင်လာခဲ့သည်။ စားပွဲရှေ့၌ရပ်ကာ Tablet အားကမ်းပေးရင်း

❝ အကြီးအကဲ ဒီဟာကိုတစ်ချက်ကြည့်‌ရပါမယ် ❞

Jeon Jungkook Tablet အားယူကာ တစ်ခုချင်းကြည့်လိုက်သည်

အကြီးအကဲJeonက Tablet တွဲကြည့်နေပေမဲ့ Rowonကလည်း အကြောင်းအရာအားရှင်းပြနေခဲ့ပေသည်။

❝ လွန်ခဲ့တဲ့တစ်လကျော်ကအင်တာနက်ပေါ်က postတစ်ခုက ပြောထားတာပါ J Nationက ပစ္စည်းမှာယူတာ ‌သုံးမျိုးမှာတာ နှစ်မျိုးပဲရောက်လာတယ်လို့။အစတုန်းကတော့ တစ်ခါတစ်လေ မှားတာထင်ပေမဲ့ ကြာလာတာနဲ့အမျှ comment ထဲမှာ အဲ့လိုခံရတာ များလာပြီဆိုတဲ့ပြောဆိုမှုတွေရှိလာပါတယ်။ အင်ပါယာဂြိုလ် အခြေစိုက်ရုံးကိုပြောတာလဲ ဘာမှပြန်မပြောဘူးပြောထားကြပါတယ်။ အင်ပါယာဂြိုလ်ရုံးက ဘာမှတာဝန်မယူလို့ ကမ္ဘာမြေအခြေစိုက်ရုံးထိတိုင်တန်းစားရောက်လာတာပါ။ဒါကြောင့် စစ်ဆေးကြည့်ဖို့ အင်ပါယာဂြိုလ်ဖက်ကို အချက်အလက်တွေတောင်းပြီး ကမ္ဘာမြေအခြေစိုက်ရုံးဖက်က ကုန်ထုတ်လုပ်ရေးဖက်စစ်ဆေးကြည့်တော့ ကမ္ဘာမြေအခြေစိုက်ရုံးက မှားတာလို့အဖြေထွက်လာပါတယ်။ ဒါပေမဲ့... ❞

❝ ဒါပေမဲ့ တာဝန်ရှိသူကငြင်းနေလို့လား ❞

❝ အကြီးအကဲကဘယ်လိုလုပ်သိတာလဲ ❞

Rowonအမေးစကားအား Jeon Jungkookပြန်မဖြေပေ။ မျက်ခုံးသာတစ်ချက်ပင့်ပြလိုက်သည်။

Jeon Jungkook ခန့်မှန်းမိပြီးသားအရာပင်ဖြစ်လေသည်။ Eric အနေနဲ့ Jimin ကိုလက်လွှတ်လိုက်ရတော့ မိမိအားထိုကဲ့သို့ချောက်ချမှုများပြုလုပ်လာမည်ဟုခန့်မှန်းထားပြီးသားပင်။

Eric ၏နှောက်ယှက်မှုများအပေါ် Jeon Jungkook ပျင်းရိမိသည်။ယခုကဲ့သို့ပြုလုပ်မှုများမှာ ဒါပထမဆုံးအကြိမ်မဟုတ်သောကြောင့်ပင်။ အရင်ကလိုဆိုလျှင် ထိုပြဿနာအား Jeon Jungkook မြန်မြန်ပင်ဖြေရှင်းလိုက်ပေသည်။ အကြောင်းအရင်းမှာ Jeon Jungkook ကအလုပ်များလွန်းတာကြောင့်ပင်။ ယခုမူ Jeon Jungkook မှာ အလုပ်များနေဆဲဆိုပေမဲ့ အိမ်ကခင်ပွန်းသေးသေးလေးအား နှောက်ယှက်နေသောကောင်အား ဆုံးမချင်စိတ်ပေါ်လာသည်ကြောင့် သူ၏ပြစ်မှုများပါဖော်ထုတ်ကာ ကောင်းကောင်းဆုံးမပေးမည်ဟုတွေးလိုက်သည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now