(Chapter-12)အိမ်(u+z)

476 24 5
                                    

  

Unicode

                       အိမ်

ကမ္ဘာ‌မြေ၌ ယခင်ကကဲ့သို့ နိုင်ငံများမရှိပေ။မြို့ငယ်များသာရှိလေသည်။ကမ္ဘာမြေပေါ်၌စုစုပေါင်း 6မြို့သာရှိလေသည်။ထို့အပြင်မြို့များအား သီးသန့်နာမည်များမခေါ်ဆိုကြပဲ Aမြို့Bမြို့Cမြို့ဟုသာ အလွယ်ခေါ်ဝေါ်ကြသည်။ ထိုမြို့များထဲမှ အကြီးဆုံးမြို့မှာ Bမြို့ဖြစ်လေသည်။ကမ္ဘာမြေတွင်နေထိုင်ကြသူများစမှာ ကမ္ဘာမြေစက်ရုံများအတွက်ခန့်ထားသော ဝန်ထမ်းမိသားစုများ၊စစ်တပ်မှ ကမ္ဘာမြေအ‌ခြေစိုက်စစ်စခန်းများတွင်တာဝန်ကျသော စစ်သားများ၏မိသားစုဝင်များနှင့် ကမ္ဘာမြေသို့ပြောင်းရွှေ့နေထိုင်ခွင့်ရပြီးကြသူများပင်ဖြစ်သည်။

အင်ပါယာဂြိုလ်မှ ပိုက်ဆံရှိလူတန်းစားများမှာ အနဲစုသာကမ္ဘာမြေတွင် နေထိုင်ကြပြီး သူတို့၏စီးပွားရေးလုပ်ငန်းများသာ ကမ္ဘာပေါ်တွင်လုပ်ကိုင်ကြလေသည်။လူသားများသည်  ကမ္ဘာမြေ၌ နေထိုင်လိုကြသော်လည်း ကမ္ဘာမြေ၌ ဗီဇပြောင်းzombie virus ကူးစက်ခံထားရသူများကလည်းရှိနေသေးသောကြောင့် လူသားများမှာ ထိုကူးစက်ခံရသူများအားရှင်းထုတ်နိုင်မည့်နေ့အား စိတ်အားထင်သန်စွာစောင့်ဆိုင်းနေကြဆဲပင်။

ကမ္ဘာမြေတွင်မြို့များအား zombie virus ကူးစက်ခံထားရ‌သော zombie များဝင်ရောက်မှုအားကာကွယ်ရန် မြင့်မားသောမြို့အုတ်တံတိုင်းများက လေးဘက်လေးလံညီညာစွာကာရံထားသည် ။ ယဉ်ပျံရပ်နားစခန်းက Bမြို့မြောက်ဘက်အစွန် ၌ရှိ‌လေသည်။ Jeon မိသားစုပိုင်သည့် JNation မှ ရုံးချုပ်က Bမြို့‌တောင်ဘက်တွင် ရှိသည်။Bမြို့အား ကြည့်လျှင် အရှေ့မှအနောက်အထိတစ်လျှောက်လုံး တွင် လူနေရပ်ကွက်များ စားသောက်ဆိုင် ဈေး စသည့် လူသုံးကုန်များ လူနေအိမ်များရှိပြီး။ တောင်ဘက်နှင့်မြှောက်ဘက်တွင် company များ ရုံးချုပ်များ ယဉ်ရပ်နားစခန်းစသည်တို့ရှိလေသည်။

အကြီးအကဲ Jeon၏‌နေအိမ်က အရှေ့ဘက်စွန်းစွန်းတွင်ရှိပြီး ရုံးချုပ်က တောင်ဘက်တွင်ရှိသောကြောင့် အကြီးအကဲနှင့် jiminက ကားတစ်စီးစီဖြင့်သွားကြခြင်းပင်။ 

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now